Monthly Archives: Apr 2021

KNU တပ်မဟာ ၁ နယ်မြေများကို စစ်ကောင်စီတပ်များက စတင်တိုက် ခိုက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အတွင်းရှိ KNUတပ်မဟာ  ၁ စခန်းများကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ည ၇ နာရီ ၂၅ မိနစ်တွင် စတင်တိုက်ခိုက် သည်။

သထုံ မြို့နယ်၊ ပိနဲတောရှိ စစ်တပ်က KNU တပ်မဟာ ၁ နယ်မြေ ကျောက်ဇောက်စခန်းသို့ လက်နက်ကြီးများဖြင့်စတင်ပစ်ခတ်ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။khit thit

CDM ရဲတစ်ဦး ဦးဆောင်ပြီး နန်းဖာလုံရဲကင်းကို ဝင်တိုက်ရာ ရဲ ၅ ဦး သေ

အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် စစ်ကိုင်းတိုင်း၊ တမူးမြို့၊ နန်းဖာလုံရဲကင်းကို CDM ရဲတပ်သားတစ်ဦး ဦးဆောင်၍ ယမန်နေ့ ဧပြီ ၁ ရက်နေ့ ညနေပိုင်းက ဝင်တိုက်ခိုက်ရာတွင် ၎င်းရဲတပ်သားနှင့် ရဲစခန်းမှ ရဲ ၅ ဦး သေဆုံးသွားသည်။

အသက် ၂၅ နှစ် အရွယ် ရဲတပ်သား ထန်ဟောက်ဂင် (Thang Hou Gin) က လက်ပစ်ဗုံးသုံးလုံး ကိုင်ဆောင်ကာ ဒေသခံတချို့ကို ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “ညက ဗုံးသုံးလုံးနဲ့ ပေါက်ပြီးတော့ ပြန်အဆုတ်မှာ အဲ့ဒီ (စစ်တပ်) ဘက်က စက်သေနတ်နဲ့ ဆွဲပစ်တာ။ သူတို့ သွားတိုက်တဲ့နေရာနဲ့ မီတာ ၂၀၀ လောက်မှ အဲဒီရဲက ကျသွားတာ”ဟု တမူးမြို့တွင် လူမှုကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။ ရဲတပ်သားမှာ ရင်ဘတ်ကျည်ထိမှန်သော နေရာတွင်ပင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း NLD ပါတီဝင် တမူးဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

ရဲတပ်သား ထန်ဟောက်ဂင်သည် ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက CDM တွင် ပါဝင်ထားသည့် ကူကီးလူမျိုးတစ်ဦး ဖြစ်သည်။ ကျဆုံးသူ ရုပ်အလောင်းကို ယနေ့ ဧပြီ ၂ နံနက် ၉ နာရီခန့်မှသာ ယင်းရဲစခန်းရှေ့မှ ယူဆောင်လာနိုင်ပြီး နေ့လယ် ၁၁ နာရီဝန်းကျင်မှသာ ကူကီးလူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံဖြင့် စနစ်တကျ မြေမြှုပ်သင်္ဂြိုဟ်နိုင်ခဲ့ကြောင်း ဒေသခံက ပြောသည်။

စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းများ လုပ်နေသည့် တမူးဒေသခံများကို အိန္ဒိယဘက်ခြမ်းရှိ ချင်းမျိုးနွယ်များက လာရောက်ကူညီမည်ဆိုသည့် သတင်းကြောင့် အဆိုပါရဲစခန်းအတွင်း စစ်သားများ စခန်းချထားကြောင်း ဒေသခံများက ဆိုကြသည်။

တမူးမြို့နယ်တွင် အိန္ဒိယနိုင်ငံဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် လမ်းတံတားဆောက်လုပ်နေသော (BRTF) ဆောက်လုပ်ရေးဝန်ထမ်းဖြစ်သူ ဂေါ်ရခါးလူမျိုး အသက် ၅၀ ဝန်းကျင်ရှိ ဦးပါရ်ဆူရန်းဆိုသူကိုလည်း မတ် ၂၉ တွင် စစ်တပ်နှင့် ရဲက လက်ပြန်ကြိုးတုပ်၍ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။တမူးမြို့သည် စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုများတွင် အမြဲပါဝင်နေပြီး အစိုးရဝန်ထမ်းအများစုသည် CDM တွင် ပါဝင်နေသည်။Myanmar Now

ကျောက်မြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်

ဧပြီလ ၂ ရက်နေ့ ကျောက်မြောင်းမှာ လူငယ်တွေစစ်အာဏာရှင်ကို ဆန့်ကျင်နေကြတာပါ။

အခြားမြို့နယ်က လူငယ်တွေ လာရောက်ပူးပေါင်းကြတဲ့အတွက် အရင်က ကျောက်မြောင်းသပိတ်စစ်ကြောင်းလို့ခေါ်ခဲ့တဲ့စစ်ကြောင်းကို ပြည်သူ့သပိတ်စစ်ကြောင်းအဖြစ်ပြောင်းလဲ ချီတက်ကြမယ်လို့ပြောပါတယ်။

ဝိုင်ဖိုင်အင်တာနက်တွေ ပိတ်ထားပေမယ့် လူငယ်တွေကတော့ စစ်အာဏာရှင်ဖြုတ်ချရေးကို ဆက်လက်လုပ်ဆောင်နေဆဲပါ။

ရပ်ကွက်နေပြည်သူတွေအနေနဲ့ တိုက်တံခါးတွေဖွင့်ထားပေးဖို့နဲ့ လူငယ်တွေနဲ့အတူ ပူးပေါင်းပါဝင်ပေးကြဖို့တောင်းဆိုထားပါတယ်။mizzima

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ ပြည်သူသို့အစီရင် ခံစာ(၁.၄.၂၀၂၁)