Monthly Archives: Apr 2021

မန္တလေး မနော်ဟရီ 52နဲ့54ကြား လမ်းမပေါ်မှာ အမျိုးသမီးတယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံး

ဧပြီလ ၄ ရက် ည ၉ နာရီ မိနစ် ၂၀ ဝန်းကျင် မန္တလေး မနော်ဟရီ 52နဲ့54ကြား လမ်းမပေါ်မှာ အမျိုးသမီးတယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးတယ်လို့ ကနဦး သတင်းရရှိ၊ medical field ထဲကဟု ယူဆရ။khit thit

စစ်ကိုင်းတိုင်း တမူးမြို့တွင် ယနေ့ညနေပိုင်း မြို့တွင်း လှည့်လည်နေတဲ့အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး ဗုံးဖြင့် အပစ်ခံရ

စစ်ကိုင်းတိုင်း တမူးမြို့တွင် ယနေ့ညနေပိုင်း မြို့တွင်း လှည့်လည်နေတဲ့အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး ဗုံးဖြင့် အပစ်ခံရပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

လက်ရှိ ၄နာရီ ၅၀ အချိန်ထိလည်း စစ်ကောင်စီတပ်များမှ ပြန်လည် ပစ်ခတ်မှုများရှိနေပြီး ထိခိုက်ကျ ဆုံးမှု မသိရှိနိုင်သေးကြောင်း သိရသည်။khit thit

ဧပြီလ ၄ ရက် မွန်းလွဲ ပျဥ်းမနားမြို့က သပိတ်စစ်ကြောင်းကို အကြမ်း ဖက်စစ်ကောင်စီက ဖြိုခွင်းခဲ့ပြီး အမျိုးသားတယောက် ကျည်ဆံထိမှန် ကျဆုံးသွား

ဧပြီလ ၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ပျဥ်းမနားမြို့က သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီက ဖြိုခွင်းခဲ့ပြီး အမျိုးသားတယောက် ကျည်ဆံထိမှန် ကျဆုံးသွားပြီလို့ ကနဦး သိရပါတယ်။khit thit

ပဲခူးMytelရုံးလက်ပစ်ဗုံးဖြစ်ပစ်ခံရ

ပဲခူး ဧပြီ ၄ မွန်းလွှဲ ၂ နညရီ ၁၅ မိနစ် ။ပဲခူးမြို့ လိပ် ပြာကန်အနီး Mytel ရုံးတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

လက်ပစ်ဗုံးဖြင့်ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ် သည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။

ဆိုင်ကယ်နဲ့လာပစ်သွားတာ။ မီးခိုးတွေအများကြီးတွေ့ရတယ်ဟု ယင်းရုံးကပ်ရက်နေသူတစ်ဦးကပြောသည်။Bagoweeklyjournal

တမူးတွင် ကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်းမီးလောင်ပြီး မီးသတ်ခန်းတစ်ခုအား ပြည်သူများသိမ်းဆီး

စစ်ကိုင်းတိုင်း တမူးမြို့တွင် ဧပြီလ ၃ ရက်နေ့ ညဦးပိုင်းတွင် စစ်ကောင်စီတပ်များ၏ ကင်းစခန်းနှစ်ခုနှင့် တံတားတစ်စင်း မီးလောင်ခဲ့ပြီး နယ်မြေမီးသတ်စခန်းကို ပြည်သူများမှ သဲအိတ်ဖြင့်ပိတ်ကာ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တမူးမြို့ရှိ နယ်မြေ ၁၃နဲ့၁၄ ဆက်သွယ်ထားသည့် တံတားအမှတ် ၁၄ ရှိ ရင်ကင်းတဲနှင့် နန်းဖာလုံ ဘုရားကျောင်းပေါက် စစ်တပ်ကင်းစခန်းတို့ မီးလောင်ခဲ့ခြင်းဖြစ်ပြီး တမူး-နန်းဖာလုံကို ဆက်သွယ်ထားသည့် ချောင်းနက်ကြီး မြို့မ ၁၄ သံဘောင်ဘေလီ သစ်သားတံတား မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ပြီး မီးလောင်သည့် အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။

ထို့ပြင် မြို့မ ၁၃ နန်းဖာလုံဈေးအနီးရှိ နယ်မြေမီးသတ်စခန်းကိုလည်း သဲအိတ်များဖြင့် ပိတ်ဆို့ကာ ပြည်သူများမှ သိပ်းပိုက်လိုက်ကြောင်းသိရသည်။တမူးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂ရက်နေ့ကလည်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မြို့မ ၁၄ နန်းဖာလုံနယ်မြေ ၁၃ မီးသတ်စခန်းကို CDM ဝင်သည့် ရဲတပ်သားတစ်ဦး ဦးဆောင်သည့်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးခဲ့ပြီး သွားရောက်တိုက်ခိုက်ခဲ့သည့် CDM ရဲတစ်ဦး ကျဆုံးခဲ့သည်။ ခိုနူမ်းသုန်သတင်

« Older Entries