Monthly Archives: Apr 2021

KNU တပ်မဟာ ၆ နှင့်အာဏာသိမ်းတပ်တို့တိုက်ပွဲဖြစ်

KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (မွန်ပြည်နယ်၊ ရေးမြို့နယ်)  မာန်အောင်ရွာ၌ ယနေ့ (ဧပြီ ၆ရက်) ညနေ ၆နာရီကျော်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) တပ်ရင်း ၁၆ နှင့် အာဏာသိမ်း တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

အမည်မဖော်လိုသူ ဒေသခံ တစ်ဦး“ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မာန်အောင်ရွာမှာ ဒီညနေ ၆ နာရီ ၊ မိနစ် ၄၀ လောက်စပြီး အခု( ည ၇နာရီခွဲ) ထိ ဖြစ်ပွားနေတုန်းပါပဲ။ နောက်ဆက်တွဲတွေကတော့ ဘာမှမသိရဘူး။ ”ဟု ပြောသည်။ myanmar for you

မော်လမြိုင်မြို့ မုပွန်ရေတပ်စခန်းငယ်က ရေတပ်သား အရာရှိတစ်ယောက်အပါအဝင် ၁၅ ယောက် တပ်ထဲကနေ ထွက်ပြေ

မော်လမြိုင်မြို့ မုပွန်ရေတပ်စခန်းငယ်က ရေတပ်သား အရာရှိတစ်ယောက်အပါအဝင် ၁၅ ယောက် တပ်ထဲကနေ ထွက်ပြေးသွားတယ်လို ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။

ဘာအကြောင်းကြောင့်ထွက်ပြေးတယ်ဆိုတာ မသိရသေးပေမယ့် ယူနီဖောင်းနဲ့ အတူ ထွက်ပြေးသွားတာလို့ စခန်းအနီးဝန်းကျင်ကဒေသခံတစ်ယောက်က အတည်ပြုပါတယ်။ “စခန်းက စခန်းငယ်လေးပါ။ စစ်သဘော်အသေး တစီးလောက်ပဲ အရင်ထဲက ကမ်းကပ် သွားလာနေတာ။ လက်နက်တွေ သဘောၤတွေတော့ မယူသွားဘူးကြားတယ်။

အသေးစိတ်တော့ ကျနော်တို့လည်း မပြေပြတတ်သေးဘူး။ လုံခြုံရေး တင်းကျပ်နေလို့” လို့ သူကပြောပါတယ်။ဒီနေ့ မနက်ပိုင်းကစပြီး မော်လမြိုင်မြိုတွင်း အဲဒီစခန်းအနီးသာမက လမုတန်း တလျှောက် စစ်သားနဲ့ ရဲတွေ သွားလာနေသလို ဇေယျာသီရိ မြို့သစ်ဘက်အထိ ဦးတည်သွားလာနေကြောင်း မော်လမြိုင်မြို့ ဒေသခံစ်ယောက်ကလည်း အတည်ပြုပါတယ်။ ရေတပ်သားတွေ ထွက်ပြေးတာကြောင့်လိုက်လံရှာဖွေ နေခြင်းဖြစ်နိုင်တယ်လို့လဲ မော်လမြိုင်မြို့ ဒေသခံတချို့က သုံးသပ်နေကြပါတယ်။ DVB

သွေးမတိတ် ဆေးသပိတ်

အကြမ်းဖက်ပြီး အာဏာသိမ်းယူထားဆဲ စစ်တပ်ကို ဆန့်ကျင်တဲ့ပြည်သူတွေဟာ “သွေးမတိတ်ဆေးသပိတ်”ကို ဧပြီလ ၆ ရက်နေ့မှာ ရန်ကုန်မြို့ နေရာအနှံ့မှာ ဆက်လက် ပြုလုပ်ခဲ့ကြပါတယ်။

အာဏာသိမ်းစဉ်မှစလို့ ယနေ့ထက်တိုင် ကျည်အစစ်များနဲ့ပစ်ခတ်မှုတွေကြောင့် ပြည်သူပေါင်း ၅၇၀ ဦးရေ အသက်ဆုံးရှုံးသွားရပြီဖြစ်သလို ဖမ်းဆီးခံထားရသူပေါင်း ၂၇၂၈ ဦးရှိခဲ့ပြီဆိုတာကို AAPP(နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး) အဖွဲ့ရဲ့ မှတ်တမ်းအရ သိရသည်။ သွေးမတိတ်ဆေးသပိတ်ကို လမ်းမကြီးများထက်တွင် ဦးခေါင်းခွံကွဲကြေပွင့်ထွက် ဦးနှောက်ဆီများ တစစီပြန့်ကြဲသွားသည်အထိ ရက်စက်စွာနှိမ်နင်းခံရသူ ပြည်သူများကို မမေ့နိုင်စေရန် ရည်ရွယ်ရင်းဖြစ်သည်။

ဆန္ဒပြသူတွေက သွေးအသွင်ဆေးစက်များဖြင့် ကားဂိတ်များတွင်လည်း သူတို့ရဲ့သဘောထားဆန္ဒကို စာရေးထိုး ထင်ရှားစေခဲ့သည်။ အဆိုပါစာသားများအနက် ” မင်းအောင်လှိုင်က သူခိုးထားတဲ့ပိုင်ဆိုင်မှုကိုကာကွယ်ဖို့ စစ်တပ်ကိုတလွှဲအသုံးချတာ မင်းတို့လစာ ခွေးစာမျှလောက်နဲ့ ကျေးဇူးရှင်ပြည်သူကို မသတ်နဲ့” ဟူ၍ ရေးသားထားသည်ကိုလည်း မြင်ရသည်။ Myanmar for You

စစ်အာဏာရှင်ဆန့်ကျင်ရေး တန့်ဆည်မြို့မှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် RFA

ပင်လည်ဘူးမြို့၌ ဆန္ဒပြ ပြည်သူ ၃ ဦး သေနတ်ထိမှန်သေဆုံးပြီးနောက် အခြေအနေတင်းမာနေ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့မှာ ပြည်သူတွေက ရဲစခန်းကို ဧပြီ ၅ ရက် မနေ့ညက ဝင်စီးပြီး ရဲ ၅ ယောက်ဖမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

တရုတ်ထုတ်ကုန် ပစ္စည်းတွေ မသုံးစွဲဖို့ ဆန္ဒပြ

တရုတ်ထုတ် ကုန်ပစ္စည်းတွေ မသုံးစွဲဖို့ မန္တလေးမြို့မှာ ဒီနေ့ ဧပြီ ၆ရက်၊မွန်းလွဲပိုင်းမှာ MRA လူငယ် ပြောက်ကျားအဖွဲ့က ဆန္ဒပြခဲ့ကြပါတယ်။ mizzima

လူရွှင်တော် ဇာဂနာ ဖမ်းဆီးထိန်းသိမ်းခံရ

ကနေဦး သတင်းများအရ တာမွေမြို့နယ် ၁၆၆ လမ်း မှာ လူရွှင်တော် ဇာဂနာ (ခ) ဦးသူရ ကို အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်းကို သရုပ်ဆောင် ငှက်ပျောကြော် ၏ လူမှုကွန်ယက်စာမျက်နှာပေါ် တွင် ရေးသားထားကြောင်းသိရသည်။

လူရွှင်တော် ကောင်းကျော် ကလည်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွင်လည်း ဇာဂနာ ဖမ်းဆီးခံခဲ့ရကြောင်းကို ရေးသားထားပါတယ်။လက်ရှိအချိန်တွင် ဇာဂနာ ကိုမည်သည့်နေရာကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းမျိုးမသိရှိရသေးပါ။ mizzima

ကျန်းမာရေးမိသားစု အရုဏ်ဦးသပိတ်ဖြိုခွဲခံရ

မန္တလေးမြို့ ၇၃ ×၇၄ လမ်းကြား ကံ့ကော်လမ်းတွင် ကျန်းမာရေးမိသားစုအရုဏ်ဦးသပိတ်ထွက်ဖို့ လူစုနေစဉ်မှာပဲ အာဏာလု စစ်အကြမ်းဖက်အုပ်စုရဲ့ လာရောက်ဖြိုခွဲပစ်ခတ်ခြင်းကို ခံခဲ့ရတာပါ။

သပိတ်ဖြိုခွင်းမှုမှာ ကျား(၁)ဦးနဲ့ မ(၁)ဦးဖမ်းဆီးခံခဲ့ရပြီး ကလေးအထူးကုဆရာဝန်၂ ဦး ဖြစ်တယ်လို့သိရပါတယ်။လက်မောင်းကျဉ်ထိမှန်သူတစ်ဦးလည်းရှိခဲ့ပါတယ်။ အာဏာလုစစ်အကြမ်းဖက်အုပ်စုက ဆိုင်ကယ် ၃ စီး နဲ့ မိုဘိုင်းဖုန်း‌တွေလည်း အဓမ္မလုယူသိမ်းဆည်းသွားတယ်လို့ သိရပါတယ်။ democracy vision

« Older Entries