Monthly Archives: Apr 2021

ပဲခူးမြို့ခံတွေ မြို့ကိုစွန့်ခွာ ထွက် ပြေးနေရ

ပဲခူးမြို့ပေါ်က ပုဏ္ဏားစုရပ်ကွက်အတွင်းကို ဧပြီလ  ၉ ရက် မွန်းလွဲပိုင်းမှာ လက်နက်နဲ့ စစ်သည်အင်အား အပြည့် တင်ဆောင်လာတဲ့ စစ်ကား အစီး ၂၀ ခန့်ဝင်ရောက်လာတဲ့ အတွက် ရပ်ကွက်နေပြည်သူတွေဟာ အိုးအိမ်တွေကိုစွန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေရပါတယ်။

ဒီနေ့မနက်ကစလို့ ပဲခူးမြို့မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တရစပ်ပစ်ခတ်ဖြိုခွင်းနေလို့ ဒေသခံတွေ အခုလို ပုန်းရှောင်နေကြတာပါ။ စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းတာကြောင့် ဧပြီ ၉ ရက် တရက်တည်းမှာပဲ ပဲခူးမြို့မှာ သေဆုံးသူ အနည်းဆုံး ၁၀ ဦး ရှိနေပါပြီ။khit thit

တာမွေမြို့နယ် ကျောက်မြောင်းတွင် အကြမ်းဖက်စစ်တပ်နှင့်ရဲက အင်အားအလုံးအရင်းဖြင့် လိုက်လံဖမ်းဆီးနေ

ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်းမှာ ဒီကနေ့ ဧပြီ ၉ ရက် မနက်ပိုင်းကတည်းက အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင် ရဲနဲ့ စစ်တပ်က ရပ်ကွက်တွေထဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဆန္ဒပြလူငယ်တွေကို လိုက်လံဖမ်းဆီးနေပါတယ်။

ဒီနေ့မနက် ကျောက်မြောင်းရပ်ကွက်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာလှည့်လည်ဆန္ဒပြနေတဲ့ တာမွေသပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က သတင်းပေးတွေ ဒလံတွေရဲ့ အကူအညီနဲ့ လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။လက်နက်ကိုင်စစ်သားနဲ့ ရဲတွေ အပြည့်တင်ထားတဲ့ စစ်ကားနဲ့ ရဲကား ၁၂ စီးလောက်နဲ့ လိုက်လံဖမ်းဆီးမှုတွေကြောင့် အနည်းဆုံး လူငယ် ၈ ယောက် လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။တာမွေ အ.ထ.က ၂ ကျောင်းထဲမှာ စစ်တပ်က တပ်စွဲချထားသလို စစ်ကားတွေနဲ့ ရဲကားတွေလည်း လက်ရှိ မွန်းလွဲ ၁ နာရီလောက်အထိ ဆက်တိုက်လှည့်လည်နေတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

တာမွေ ကျောက်မြောင်းမှာ ပြည်သူတွေက အာဏာသိမ်းစစ်အုပ်စုကို နေ့စဉ် ညသပိတ် နေ့သပိတ် ပုံစံမျိုးစုံနဲ့ ဆက်လက်ဆန့်ကျင် ဆန္ဒပြနေတာဖြစ်ပါတယ်။အကြမ်းဖက်စစ်အုပ်စုကလည်း ကလေးငယ်တွေကို ငွေပေးပြီး သတင်းပေးအဖြစ် စေခိုင်းတာ ရှိသလို၊ ဈေးသည်ပုံစံနဲ့ လှည့်လည်သတင်းယူနေတာတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ စစ်အုပ်စုထောက်ခံသူတွေကို ဒလံမွေးထားပြီး သတင်းယူကာ ဆန္ဒပြလူငယ်တွေကို လိုက်လံဖမ်းဆီးနေတာလည်း နေ့စဉ်ရှိနေပါတယ်။ DVB

မော်လမြိုင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး မီးလောင်

ပုဒ်မ ၁၄၄၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ဧပြီ ၉ ရက်၊ ဒီမနက် ၃ နာရီဝန်းကျင်အချိန်မှာ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ RFA

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ မိုင်းနင်းမိ၊ ၅ ဦးကျဆုံးပြီး ၈ ဦး ဒဏ်ရာပြင်းထန်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန် ဟန်ကိုင်းအောက် နှောင်း၀မ်သွားတဲ့လမ်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်သားတွေ မိုင်းနင်းမိပြီး ၅ ဦးကျဆုံး၊ ၈ ဦး ဒဏ်ရာပြင်းထန်စွာရသွားတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

အကြမ်းဖက်တပ်သားတွေဟာ ဧပြီ ၈‌ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ ဒေါ့ဖုန်းယန် ဟန်ကိုင်းအောက် နှောင်းဝမ်သွားတဲ့လမ်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေက ယာယီထောင်ထားတဲ့ မြေမြှုပ်မိုင်း ၂ လုံးနှင်းမိခဲပြီး သေဆုံးဒဏ်ရာရခဲ့ကြတာပါ။

အကျအဆုံးများသွားတဲ့အတွက်ကြောင့် ဒေါ့ဖုန်း ဟန်ကိုင်း (၁၄၂) အကြမ်းဖက်တပ်ဖွဲ့ တပ်ဟာ လိုင်ဇာအနီး ကွမ်ဘာယန်နဲ့ လဇောင်ဘွမ်တောင်ဘက်ကို လက်နက်ကြီးနဲ့ ည ၈ နာရီခွဲအချိန် ၈ ချက်လောက် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ DVB

တရုတ်၊ရုရှမပါ လုံခြုံရေးကောင်စီ သီးသန့်ဆွေးနွေးပွဲ

ဒီဆွေးနွေးပွဲကို သောကြာနေ့ မြန်မာစံတော်ချိန် ည ၈နာရီခွဲ၊ နယူးရောက်စံတော်ချိန် မနက် ၁၀ နာရီမှာ ကုလမဂ္ဂရုံးကနေ တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ လွှတ်တော်အမတ်များနှင့် တိုင်းရင်းသားဘက်က လူမှုအဖွဲ့အစည်းများရဲ့ အမြင်နှင့်အသံကို ကြားနိုင်ဖို့ ဗြိတိန်နိုင်ငံက ကြီးမှူးကျင်းပခြင်းဖြစ်သည်။

၎င်းဆွေးနွေးပွဲတွင် အက်စ်တိုနီးယား ပြင်သစ်၊ အိုင်ယာလန်၊ နော်ဝေ၊ အမေရိကန်မှ ကုလသမဂ္ဂကိုယ်စားလှယ်များပါဝင်တက်ရောက်မည်ဖြစ်ပြီး တရုတ်နှင့်ရုရှကိုယ်စားလှယ်များ ပါဝင်မှာမဟုတ်တဲ့ သီးသန့်ဆွေးနွေးပွဲပါ။ မြန်မာတိုင်းရင်းသား အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ်သူ စိုင်းစံခမ်းပါဝင်လာမှာဖြစ်သလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ ICG နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့မှ Richard Horsey တို့ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

အကြမ်းဖက်မှုများတိုးလာနေသည်နှင့်အမျှ ပတ်ဝန်းကျင်နိုင်ငံနှင့်ဒေသတွင်းတည်ငြိမ်မှုအတွက် အန္တရာယ်ကြီးမားနေတယ်လို့ သတ်မှတ်ချက်အရ အခုလိုဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်သည်။မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပွားမှုအပေါ် အာဏာသိမ်းခံရပြီးနောက် ရိုက်ခတ်မှုကို စိုင်းစံခမ်းက ဆွေးနွေးမှာဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ် ထုတ်ပြန်ခဲ့တဲ့ CRPH ရဲ့ ရှေ့ဆက် လုပ်ဆောင်မှာတွေကို ဒေါ်ဇင်မာအောင်က ဆွေးနွေးမှာဖြစ်ပါတယ်။

အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကနေ ဒေသတွင်းမှာသာမက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးစေမယ့် အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ICG က ဆွေးနွေးဖို့ ရှိပါတယ်။သောကြာနေ့ည ၈ နာရီခွဲအချိန် တိုက်ရိုက်ထုတ်လွှင့်မယ့် ဆွေးနွေးပွဲပြီးရင်တော့ ဗြိတိန်သံအမတ်ကြီး က သတင်းစာရှင်းလင်းပွဲလုပ်ပါမည်။တိုက်ရိုက်နားဆင်ရမည့်လင့်ကိုအောက်တွင်ပူးတွဲဖော်ပြထားသည်။ muanmar for you

https://bit.ly/3fReJvT

« Older Entries