Monthly Archives: Apr 2021

မန္တလေးမြို့၊ အမရပူရ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး Flash Strike ကို ယနေ့ည ၉ နာရီတွင်ပြုလုပ်

MYANMAR NOW

မြစ်ကြီးနား ရဲတပ်ရင်း တိုက်ခိုက်ခံရ

ဒီနေ့ ည ၇ နာရီခွဲလောက်မှာ မြစ်ကြီးနား ရဲတပ်ရင်း ၃၀ ဟာ တိုက်ခိုက်ခံရပြီး သေနတ်သံ‌ တွေနဲ့ ဗုံးကွဲသံတွေ ဆက်တိုက် ကြား​နေရ​​ကြောင်း သိရရှိသည်။ ရဲတန်းလျားတွေမှာ ကစဉ့်ကလျား ပြေးလွှားနေတာကြတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။သေဆုံးစာရင်းတော့ အတည်မပြု နိုင်သေးပါ monywaentertainment

မအူပင်မြို့ကို ဒလန်မြို့ဟု အမည်ပြောင်းရေးသား ဆန္ဒပြ

ဧရာဝတီတိုင်း မအူပင်မြို့အဝင်မှာ စိုက်ထူထားတဲ့ “မအူပင်မြို့မှ ကြိုဆိုပါ၏” ဆိုင်းဘုတ်မှာ မအူပင် စာသားအစား ဒလန်ဟု မှုတ်ဆေးနဲ့ ပြောင်းလဲရေးသားထားတာ ဧပြီ ၁၀ရက်ညက တွေ့ရပါတယ်။မအူပင်မြို့မှာ အကြမ်းဖက်စစ်တပ်ထံကို သတင်းပေးပို့နေတဲ့ ဒလန်များစွာ ရှိနေတာကြောင့် မြို့ခံတချို့က အခုလို စာရေးသားဆန္ဒပြကြတာပါ။ဆန္ဒပြပြည်သူတွေရဲ့ နေထိုင်ရာ နေရာတွေကို ဒလန်တွေက အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးပို့နေတာကြောင့် အဖမ်းဆီးခံရသူတချို့ရှိခဲ့ပါတယ်။ DVB

မိုးမောက်မြို့နယ်၌ တိုက်ပွဲပြင်းထန်ဆက်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဧပြီ ၁၁ ရက် ဒီနေ့မနက်မှာလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေပါတယ်။နောင်ကုန့်ရွာအနီးရှိ မခွယ်ရွာအမြောက်တပ် (၃၇၀) နဲ့ KIA တို့ မနေ့ည ၈ နာရီကျော်က တည်းက ညသန်းခေါင်းကျော်လောက်အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကာ ခဏရပ်နားခဲ့ပြီး

ဒီနေ့ မနက် ၈ နာရီလောက်မှ စတင်ပြန်လည်ကာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။စစ်ကူလာတဲ့ စစ်ကား ၂ စီကိုလည်း ကေအိုင်အေက ချုံခိုတိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ အထိခိုက်ကျဆုံးများခဲ့တယ်လို့ ကေအိုင်အေ ဘက်ကပြောပါတယ်။ဒေသခံ အမျိုးသားတစ်ဦးက “အခုတောင်မိုင်းသံ အကျယ်ကြီးကြားလိုက်ရတယ်။

ကျနော်တို့ ပုန်းနေရတယ်။ တံတားမိုင်း အခွဲခံလိုက်ရတာနေမှာ တပ်ထဲကိုတော့ ကေအိုင်အေတို့ ဝင်စီးနိုင်ပြီလို့လည်းကြားရတယ်” လို့ အမျိုးသားတစ်ဦးက ပြောပါတယ်။တိုက်ပွဲဖြစ်ရာဘက်သို့ ဒေါ့ဖုန်းယာန်ဘက်ကတပ်နဲ့ မြို့သစ်ကုန်းဘက်က တပ်တွေက လက်နက်ကြီးတွနဲ့ လှမ်းပစ် စစ်ကူပေးနေတယ်လို့လည်း သိရပါတယ်။တိုက်ပွဲကြောင့် နောင်ကုန့်ရွာနဲ့ အနီးနားရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ဒေသခံ အမျိုးသမီးတဦးက “ကျမတို့ တောဘက်တွေလည်းမသွားရဲဘူး။

မိုင်းတွေထိလို့ ကျွဲ၊ နွားတွေလည်း ဆယ်ကောင်ထက်မနည်း သေကုန်ကြပြီ၊ အခုမနက်လည်း အကြီးကျယ်ချနေကြတယ်။ ရွာသူ ရွာသားတွေကတော့ ဘုန်းကြီးကျောင်း တွေမှာ ထွက်ပြေးခိုလှုံနေတယ်”လို့ ပြောပါတယ်။အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသမှာ ရွာပေါင်း၂၀ ထက်မနည်းရှိပြီး ရှမ်းမျိုးနွယ်စုတွေအများစု နေထိုင်ကြတဲ့ အရပ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက် အထိအခိုက်အကျဆုံး စာရင်းအတိအကျ မသိရှိရသေးဘဲ ဒီနေ့မနက် ၁၀ နာရီကျော်လောက်အထိ တိုက်ပွဲဖြစ်နေတုန်းပဲလို့ သိရပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ မီဒီယာတွေကနေ ထုတ်လွှင့်ခြင်းမရှိသေးပါဘူး။ DVB

မန္တလေးက မြဝတီဘဏ် ပေါက်ကွဲမှုဖြစ်၊ လုံခြုံရေး တစ်ဦးသေဆုံး

မန္တလေးမြို့ ၈၁ လမ်း ၂၆ နဲ့ ၂၇ လမ်းကြားက စစ်တပ်ပိုင် မြဝတီဘဏ် ဒီကနေ့ ဧပြီလ ၁၁ ရက်မနက် ၉ နာရီလောက်က ပေါက်ကွဲစေတတ်တဲ့အရာတစ်ခုနဲ့ ပစ်ခံခဲ့ရပြီး လုံခြုံရေးစောင့်နေတဲ့ စစ်သားတစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာ့စီးပွားရေးဘဏ်၊ မြဝတီဘဏ်တွေကို စစ်တပ်နဲ့ ရဲက လုံခြုံရေးယူနေခဲ့တာပါ။”မနက်ခင်းဆိုတော့ လမ်းကလည်းလူတွေ အရမ်းရမ်းရှုပ်နေတယ်။

ဝုန်းဆိုပြီး ကြားရလိုက်ရတယ်။ ထိုင်နေတဲ့ စစ်သားတစ်ယောက် လဲကျသွားတယ်။ နောက်တော့ သူတို့ အစလိုမျိုးအရာတွေ လိုက်ကောက်နေတာတွေ့တော့ မိုလိုတော့လိုမျိုးနဲ့ ပစ်ခံရတာထင်တယ်၊ အနီးက ပြည်သူတွေတော့ ထိခိုက်မှုမရှိခဲ့ဘူး၊ အခုကတော့ အရင်ကထက် လုံခြုံရေးတွေ ပိုများနေတယ်” လို့ မျက်မြင်တွေ့ရှိသူတစ်ယောက်က RFA ကိုပြောပါတယ်။

မန္တလေးမြို့ ၇၇ လမ်းနဲ့ ၃၄ ထောင့်က ဧရာဝတီဘဏ်အနီးမှာ မနေ့က ဧပြီလ ၁၀ ရက်နေ့ နေ့လယ်လောက်က ဗုံးတစ်လုံးကွဲသွားခဲ့ပါတယ်။အမှိုက်ကန်အနီးမှာ ကွဲသွားခဲ့တာဖြစ်ပြီး လူမရှိချိန် ဖြစ်တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ဧပြီလ ၉ ရက်နေ့ကလည်း ၆၄ လမ်း မနော်ဟရီလမ်းထောင့်က ကမ္ဘောဇဘဏ်က ATM စက်မှာ ပိုက်ဆံထုတ်နေသူတွေကို စစ်ကောင်စီက သေနတ်နဲ့ချိန်ကာ အချိန်တနာရီကျော်ကြာအောင် ထိုင်ခိုင်းထားပြီးမှ ပြန်လွတ်ပေးခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ RFA

မန္တလေး ချမ်းအေးသာဇံက စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းသပိတ်

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း၊ ဒီမိုကရေစီ လိုလားကြောင်း တောင်းဆိုခဲ့သော ဗကသ စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ် စစ်ကြောင်း၊ အထက(၇) စစ်ကြောင်းနှင့် တမ္ပဝတီလူထု သပိတ်စစ်ကြောင်းတို့ စုပေါင်းပြီး ဧပြီ ၁၁ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာဆန္ဒပြကြွေးကြော်ခဲ့ကြပါတယ်။ RFA

တမူးမြို့တွင်းတိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဧပြီ ၁၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၈ ဦးသေပြီး ပြည်သူ ၂ ဦးကျဆုံးသွားတယ်လို့ ကူးကီးအမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။

မနေ့ နေ့လယ်ပိုင်းက တမူးမြို့ အလောင်းဘုရားလမ်းမှာ ပြည်သူတွေ တားဆီးထားတဲ့ ခံတပ်ကို အကြမ်းစစ်တပ်က ဖြိုခွင်းချိန် ဒေသခံကူးကီးလက်နက်ကိုင်အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတွေပူးပေါင်းကာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။ပြည်သူဘက်ကတော့ တိုက်ပွဲဖြစ်ချိန် ၁ ဦးကျဆုံးခဲ့ပြီး အာရှလမ်းမပေါ်မှာ ဆိုင်ကယ်စီးနေတဲ့ အပြစ်မဲ့ပြည်သူ ၁ ဦးလည်း စစ်တပ်က ပစ်ခတ်လို့ ကျဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

တမူးဒေသခံတစ်ဦးက “ တမူးမြို့သပိတ်ခံတပ်ကို အကြမ်းဖက်စစ်တပ်က အရင်လာဖြိုခွင်းတာက စဖြစ်တာပါ။ အလောင်းဘုရားလမ်းက ခံတပ်ကို နေ့လယ် ၁၂ နာရီဝန်းကျင်ဖြိုခွင်းတာပါ။ အဲဒီကနေ အပြန်အလှန်ပစ်ခတ်ခဲ့တယ်။ ပြည်သူတွေဘက်က ခံ ပစ်တယ် ပထမတစ်ကြိမ် နေ့လည်ခင်း ဒုတိယတစ်ကြိမ်က ညနေ ၃ နာရီလောက်စဖြစ်တယ်။ ဗုံးသံတွေကြားရတယ်။ အကြမ်းစစ်တပ်ဘက်အထိနာတယ်။ ပြည်သူတွေဒဏ်ရာရတဲ့သူတွေများတယ်” လို့ ပြောပါတယ်။

မနေ့ည ၈ နာရီဝန်းကျင်မှာတော့ တမူးမြို့က ပြည်သူတွေရဲ့ နေအိမ်တစ်လုံး မီးရှို့ခံရတယ်လို့သိရပါတယ်။“အခုက အကြမ်းဖက်စစ်တပ်က လူနေအိမ်တစ်လုံးကို မီးရှို့သွားတယ်။ အခုမီးရှို့ခံရတဲ့ အိမ်က ဦးသာထင်လမ်းဆုံက ဦးသဲဖေတိုက်ပါ။ လူတွေထိခိုက်တာမရှိဘူး။ မီးလောင်တဲ့ အိမ်ကို ပြည်သူတွေက မီးငြှိမ်းဖို့သွားလုပ်တယ်။ အကြမ်းစစ်တပ်က ထွက်လာတဲ့သူသေနတ်တွေ ပစ်တယ်။ ဘယ်သူမှ မသွားရဲဘူး။ အဲဒီအိမ်က အကုန်မီးလောင်ပြီး ပြာကျသွားပြီ”လို့ တမူးဒေသခံတစ်ဦးကပြောပါတယ်။ဒီကနေ့ ဧပြီ ၁၁ ရက် အခုမနက် ၄ နာရီလောက်အထိ ပစ်ခတ်မှုတွေရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။ DVB

တပ်ပေါင်းစုသပိတ်စစ်ကြောင်း

မန္တလေးမြို့မှာ အကြမ်းဖက်အာဏာလုစစ်ကောင်စီ ရဲ့ နောက်လိုက်တွေက သပိတ်စတင်တာနဲ့ လိုက်လံဖြိုခွင်းပစ်ခတ်မူတွေပြုလုပ်နေပေမယ့်လည်း တပ်ပေါင်းစုသပိတ်စစ်ကြောင်းကတော့ နေ့စဉ်ထွက်ရှိနေပြီး စစ်အာဏာရှင်ကျဆုံးရေး ကို ဆန္ဒထုတ်ဖော်နေကြတာပါ democracy vision

တမူး ပစ်ခတ်မှုမှာ ပြည်သူ ၂ ဦးကျဆုံးပြီး ၊ အကြမ်းဖက်စစ်တပ်ဘက်က ၁၈ယောက်သေ

တမူး ပစ်ခတ်မှုမှာ ပြည်သူ ၂ ဦးကျဆုံးပြီး ၊ အကြမ်းဖက်စစ်တပ်ဘက်က ၁၈ယောက်သေတယ်လို့ ကူကီးတပ်ကသတင်းထုတ်ပြန်ပါတယ်။ အခုမနက် ၄နာရီလောက်အထိ ပစ်ခတ်မှုတွေ ရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။ DVB

KIA နှင့် အာဏာသိမ်းတပ်တို့ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာကချင်လက်နက်ကိုင်အဖွဲ့ (KIA)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဧပြီ ၁၀ ရက်ညက တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပါတယ်။နောင်ကုန့်ရွာအနီးမှာရှိတဲ့ မခွယ်ရွာအမြောက်တပ်နဲ့ KIAတို့ ဒီနေ့ည ၈ နာရီကျော်ကတည်းက တိုက်ပွဲပြင်းထန်ဖြစ် နေတယ်လို့ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရပြီး အခုည ၁၀ နာရီလောက်အထိဆူညံနေတယ်လို့ဆိုပါတယ်။ တိုက်ပွဲကြောင့် နောင်ကုန့်ရွာနဲ့ အနီးနားရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရကြောင်းကြားသိရပါတယ်။ရွာပေါင်း၂၀ ထက်မနည်းရှိတဲ့ ဒီဒေသဟာရှမ်းမျိုးနွယ်စုတွေအများစု နေထိုင်ကြတဲ့ အရပ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။DVB