Monthly Archives: Apr 2021

ဧပြီလ ၁၃ ရက်နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် မြေနီကုန်းပေါက်ကွဲမှုမဖြစ်ပွားခင်တွင် အကြမ်း ဖက်စစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့မှ လှုပ်ရှားမှု

ဧပြီလ ၁၃ ရက်နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် မြေနီကုန်းပေါက်ကွဲမှုမဖြစ်ပွားခင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့မှ လှုပ်ရှားမှု ကို ပြည်သူတစ်ဦးမှ အမိအရ ရိုက်ကူးနိုင်ခဲ့သည်။

ပေါက်ကွဲမှုမဖြစ်ပွားမီအချိန်တွင် အကြမ်းဖက်အုပ်စု၏ မသင်္ကါဖွယ်ရာလှုပ်ရှားမှု တွေရှိနေပြီးနောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။Democracy_Vision

မိုးကုတ်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး

မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဧပြီ ၁၂ ရက်ညက  အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုနဲ့ ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ကာ   အများအပြား ဒဏ်ရာရသွားပါတယ်။ DVB

ဖားကန့်မြို့ကနေ သပိတ်စစ် ကြောင်းရှိရာဘက်သို့ ဦးတည်လာတဲ့ စစ်ကောင်စီ စစ်တပ်နဲ့ရဲ ယာဉ်တန်း လမ်းမှာ မိုင်းခွဲခံရ

ယ​နေ့ နံနက် ၁၀နာရီခွဲဝန်းကျင်တွင် ဖားကန့်မြို့ကနေ သပိတ်စစ်ကြောင်းရှိရာဘက်သို့ ဦးတည်လာ​သော စစ်​ကောင်စီတပ်နှင့်ရဲ ယာဉ်တန်းလမ်းတွင် မိုင်းခွဲခံ​ရ​ကြောင်း သတင်းရရှိသည်။

​အေးမြသာယာနှင့် ​မော်​တောင်းရွာကြားတွင် ခွဲခံရတာဖြစ်ပြီး ထိခိုက်မှု​ ရှိမရှိ မသိရှိ​သေး​ကြောင်း ​ဒေသခံများကဆိုသည်။

ဖြစ်ပွား​ခဲ့သည့်နေရာ၌ ဒေသခံ​များကို မလာခိုင်း​ဘဲ ပိတ်ထားသည်ဟု ဆိုသည်။ ထိခိုက်ဒဏ်ရာရမှု အတိအကျ မသိနိုင်​ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“ရဲကားတစ်စီးမှာ စစ်သား​ရော ရဲ​ရောပါတယ်တဲ့။ အဲကားတစ်စီးက အ​ပေါ်ကို​​​တောင် ​မြှောက်သွားတယ်တဲ့”ဟု ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။

မိုင်းခွဲခံရပြီး​နောက် စစ်​ကောင်စီတပ်မှ လက် နက်ကြီး​​များ၊ သေနတ်​များဖြင့် မြို့ဘက်ကို ဦးတည်ရာမဲ့ ပစ်ခတ်​နေသည်ဟု ဆိုသည်။KIA

တောင်တွင်းကြီးမှ ရွာသုံးရွာကို စစ်တပ် ဝင်သွားပြီး အိမ်များကို ဖျက်ဆီး

ယမန်နေ့ (ဧပြီ ၁၂) ညနေပိုင်းတွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပတ်လည်ကြီးကျေးရွာအုပ်စုမှ ရွာသုံးရွာကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ ထောင်နှင့်ချီပြီး တိမ်းရှောင်နေရသည်။ တောင်တွင်းကြီးမြို့နှင့် ၁၂ မိုင်ခန့်ဝေးသည့် ပတ်လည်ကြီး၊ ပျဉ်ချောင်းနှင့် စည်သာ အစရှိသည့် ရွာသုံးရွာတွင် အာဏာသိမ်းစစ်တပ်က ဧပြီ ၉ ကတည်းက ရှာဖွေဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွာသုံးရွာသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်သော ရွာများဖြစ်ပြီး ပျဉ်ချောင်းရွာတွင်လည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးခန့်အပ်မှုအပေါ် ကန့်ကွက်ရန် ပြင်ဆင်နေသည်။ယင်းနေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်များက ပျဉ်ချောင်းကျေးရွာသို့ ရောက်ရှိလာပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ဦးဆောင်သူများ၏ နေအိမ်များအပါအဝင် အိမ် ၁၂ လုံးကို ဖျက်ဆီးကာ ဒေသခံ ၃ ဦးကို ဖမ်းဆီးသွားသည်။ ညနေတွင် ပြန်လွှတ်ပေးခဲ့သော်လည်း တစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ ဆေးကုသနေရသည်။

“ဆန္ဒပြပွဲဦးဆောင်သူတွေရဲ့ အိမ်တွေကို ရစရာမရှိအောင် ဖျက်ဆီးသွားတယ်။ မီးဖိုချောင်တွေ၊ ရေတင်တဲ့စက်တွေကအစ၊ ဒန်အိုးဒန်ခွက်တွေ၊ စပါးကျီတွေ အားလုံးကို ဖျက်ဆီးသွားတာ။ နှမ်းတွေနဲ့ စပါးတွေ နဲ့ ဆန်တွေနဲ့ အကုန်လုံး ရောမွှေထားခဲ့တာ။ ဘာမှရစရာမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့နောက် ဧပြီ ၁၂ ညနေပိုင်းတွင် အဆိုပါ ရွာသုံးရွာသို့ ရောက်ရှိလာကာ သေနတ်ပစ်ဖောက် ခြောက်လှန့်၍ နေအိမ်များအတွင်း လိုက်လံရှာဖွေနှောက်ယှက်ခဲ့သည်။

ညအချိန် ရွာတွင်း၌ ဆက်လက်တပ်စွဲထားရာ မီးဖွားပြီးစ ရက်ပိုင်းသာရှိသေးသူနှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံတို့ ဘေးလွတ်ရာ ရှောင်တိမ်းနေရကြောင်း၊ စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။“ရွာမှာ ဘယ်သူမှ မနေရဲဘူး။ အကုန်ထွက်ပြေးနေရတယ်။ ရွာမှာ ဘယ်သူမှကို မကျန်ဘူး။ ဒီနေ့လည်း မီးရှို့လိုက်တာ အိမ်တစ်လုံးလည်း ပြာကျသွားတယ်။ ရွာကို မြင်ရတဲ့ ကုန်းပေါ်ကနေပဲ စောင့်ကြည့်နေရတယ်” ဟု ပတ်လည်ကြီးရွာ ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ကင်းချောင်းရွာ၊ စည်သာရွာနှင့် ပတ်လည်ကြီးရွာတို့တွင် စုစုပေါင်း အိမ်ခြေ ၁,၃၀၀ ဝန်းကျင်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၃,၀၀၀ ကျော် ရှိသည်။လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် မြို့ပေါ်ရှိ ငြိမ်းချမ်းစွာဆန္ဒပြသူနေသူများကို စစ်မြေပြင်ရှိ ရန်သူကဲ့သို့ အကြမ်းဖက်ဖြိုခွင်းခဲ့ရုံသာမက နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအထိ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။Myanmar Now

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊မြောက်နွားခြံကုန်းရပ်ကွက် မီးလောင်

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ၃ လမ်း၊ ၇၃လမ်းနှင့် ၇၄ လမ်းကြား၊ အကွက်အမှတ် ၃၄၊ မြောက်နွားခြံကုန်းတွင် ယနေ့ ဧပြီလ ၁၃ ရက် မဟာသင်္ကြန်အကြိုနေ့ နံနက် ၄ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ လူနေအိမ် အလုံး ၃၀နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။လတ်တလော မီးဘေးသင့်ပြည်သူများကို လောကမာန်အောင် လမ်းလယ် မြတ်စွာဘုရား ဓမ္မာရုံတွင် ယာယီ ထားရှိသည်။ mizzima

ထားဝယ်မြို့ တော်လှန်သင်္ကြန်

ဧပြီလ ၁၃ ရက်နေ့ ထားဝယ်မြို့မှာ စစ်အာဏာရှင်ကိုဆန့်ကျင်နေကြတာပါ။ သပိတ်စစ်ကြောင်းမှာ ကျောင်းဆရာ ဆရာမတွေပါဝင်ကြပြီး ပညာရေးအလံကို တပ်ဦးမှာလွှင့်ထူထားတာကိုတွေ့ရပါတယ်။ mizzima

မိုးကောင်းမြို့ ပြည်သူများရဲ့စစ်အာဏာဆန့်ကျင်ရေး သပိတ်စစ်ကြောင်း

ဧပြီလ ၁၃ရက်နေ့ သင်္ကြန်အကြိုနေ့ မိုးကောင်းမြို့မှာ ပြည်သူတွေစစ်အာဏာရှင်ကိုဆန့်ကျင်နေကြတာပါ။ အတာအိုးတွေကို ကိုင်ပြီး လမ်းလျှောက်ကာ ကြွေးကြော်သံတွေတိုင်နေကြပါတယ်။ mizzima

စမ်းချောင်းမြို့နယ်လုံးဆိုင်ရာ အတာအိုး တော်လှန်ရေးသပိတ်

မြန်မာ့ရိုးရာသင်္ကြန် အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက်ဒီနေ့မနက်ပိုင်း စမ်းချောင်းမြို့နယ်ထဲက လမ်းတွေမှာ စမ်းချောင်းမြို့နယ်လုံးဆိုင်ရာ အတာအိုးတော်လှန်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ RFA

တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ လမ်းကျယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဉပ‌‌ဒေအရ မီးလောင်ပြာကျ

တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ လမ်းကျယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ ဧပြီလ ၁၃ ရက် မနက် ၅ နာရီ ၁၅ မိနစ်မှာ မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။ ရုံးအနီးမှာ ရပ်ထားတဲ့ ကားတစ်စီး အရှေ့ပိုင်းပါ ထိခိုက်ပျက်စီးသွားပါတယ်။ khit thit

ကျိုက်ထို-ရန်ကုန်ကြားက မရမ်းကျောင်းဂိတ်စစ်တပ်လုံခြုံရေး ကို KNU ကလက်နက်ကြီးဖြင့်ပစ် ခတ် ၊ ကင်မွန်းစခန်းက ရဲများထွက်ပြေး

မွန်ပြည်နယ် ကျိုက်ထိုမြို့နဲ့  ရန်ကုန်ကြား က မရမ်းကျောင်းဂိတ်ကို KNU က ဒီနေ့ ည ၈:၃၀ခန့်ကလက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောကြားပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ်မှာရှိတဲ့ ကင်မွန်းစခန်းကိုလည်း ဒီည KNUက ပစ်ခတ်နေပြီး ရဲတပ်သားအများအပြား ထွက်ပြေးနေကြတယ်လို့ သူက ဆက်ပြောပါတယ်။burmese press

« Older Entries