Monthly Archives: Apr 2021

ရှမ်းနီအမျိုးသားများတပ်မတော် SNAနှင့်စစ်ကောင်စီတပ်တို့တိုက် ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာအနီးတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)နှင့် စစ်ကောင်စီလက်အောက်ခံ ခလရ ၃၀၉ ကလေးတပ်တို့ ဧပြီလ ၁၄ ရက်နေ့  နေ့ခင်း ၂ နာရီခန့်အချိန်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

” ကျွန်တော်တို့နယ်မြေထဲကို စစ်ကြောင်းဝင်လာတာ သတင်းရလို့ သွားတားဆီးရင်းဖြစ်တာ။ တပ်ဘက်က ခုနှစ်ယောက်ထိတယ်လို့တော့သိရတယ် ။ အကျအဆုံးတော့ အတိအကျမသိရဘူး ။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံး တစ်ယောက်မှ မရှိဘူး ။”ဟု SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းထွန်းက ပြောကြားသည် ။

ထိုတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ခလရ ၃၀၉ တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး ကျရူံးပြီး ဒုဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး အပါအဝင် အပြင်းအထန် ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည် ။

အဆိုပါဖြစ်စဥ်တွင် စေတီဆိပ်ကျေးရွာသား အရပ်သားကားမောင်းသူ တစ်ဦးလည်း ကားပေါ်မှ ခုန်ချရင်း မတော်တဆမူကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုဆိုသည် ။

” အဓိကတော့ အဲ့နယ်မြေတစ်ကြောမှာ အမြဲတမ်း သူတို့ စစ်ကားနဲ့လာတာမရှိဘူး ။ အရပ်သား ကားတွေနဲ့ပဲ ဆင့်ခေါ်ပြီးတော့လာတာပဲရှိတယ် ။ မောင်းတဲ့လူတွေကလည်း အရပ်သားတွေပဲ ။ သူတို့သွားချင်တဲ့နေရာကို အရပ်သားတွေကို ဆင့်ခေါ်ပြီး ပို့ခိုင်းတာ ။ ” ဟု ဗိုလ်မှူးကြီး စိုင်းထွန်းက ပြောကြားသည် ။

ဧပြီလ ၁ ရက်နေ့ကလည်း နံ့သာကျေးရွာဘက်သို့ ကားဖြင့်ဝင်ရောက်လာသော စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့ကိုလည်း SNA အဖွဲ့မှ သွားရောက် တားဆီးခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည် ။

” သတင်းအရ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ တက်သွားတယ်ဆိုပြီး သတင်းပို့လာတော့ ဘယ်လက်နက်ကိုင်အဖွဲ့လည်း မသိဘူး။ ကျွန်တော်တို့ SNA နယ်မြေထဲမှာ လက်နက်ကိုင်ဝင်လာတာဆိုတော့ သွားပြီးမှ တားဆီးပိတ်ဆို့ရင်းနဲ့ ဖြစ်သွားတာပေါ့ ။ စစ်ဆေးကြည့်လိုက်တော့မှရဲကားဖြစ်နေတယ် ။ ဆယ်ဇင်းနားက ရွှေပြည်မြင့်ရဲစခန်းက ရဲတွေ ဖြစ်နေတယ် ။ အရပ်ဝတ်တွေနဲ့ လက်နက်တော့ပါတယ် ။ လစာထုတ်ပြီးတော့မှ ပြန်လာတာလို့ပြောတယ် ။ လစာထုတ်ပြီးတော့မှ သူတို့စခန်းကို ပြန်တာပေါ့ ။ ဒါပေမယ့် ဟိုဘက်က သတင်းပို့လာတာတော့ အမည်မသိ လက်နက်ကိုင်အဖွဲ့ ကားနဲ့ဝင်လာတာပေါ့ ။ ဝင်လာတဲ့ပုံကလည်း လက်နက်တွေပါတယ် ။ ဝတ်ထားတာက အရပ်ဝတ်နဲ့ဆိုတော့ ကျတော်တို့ SNA က သွားလို့ တားဆီးရင်း အဲ့လို ဖြစ်တာလေ ။ လက်နက်ကိုင် အဖွဲ့တွေ ကျွန်တော်တို့ထဲဝင်လာရင် တားဆီးဖို့က ကျွန်တော်တို့မှာ တာဝန်ရှိတယ်လေ။ ” ဟု ဒုဗိုလ်မှူးကြီး စိုင်းထွန်းက ဆက်လက်ပြောကြားသည် ။

အဆိုပါ ​ဖြစ်စဥ်များကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယင်းဒေသများသို့ တိုးမြှင့်ချထားလာနေကြောင်းလည်း သိရသည် ။

ရှမ်းနီအမျိုးသားများတပ်မတော် SNA အနေဖြင့် လက်ရှိနိူင်ငံရေးဖြစ်စဥ်များကို စောင့်ကြည့်နေပြီး လက်တလောတွင် အမျိုးသားကာကွယ်ရေးအတွက်ကိုသာ ဦးစားပေးထားကြောင်းလည်း သိရသည် ။ ShanNi Army

မုံရွာသပိတ်စစ်ကြောင်းခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံရ

မုံရွာမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူ ကိုဝေမိုးနိုင်ကို ယနေ့ (ဧပြီ ၁၅) နေ့လည်ပိုင်းတွင် စစ်ကောင်စီလက်နက်ကိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မုံရွာမြို့ သာစည်လမ်းမကြီး မြို့မရွှေဘိုကျောင်းလမ်းတွင် ကိုဝေမိုးနိုင်စီးလာသော ဆိုင်ကယ်ကို အရပ်ဝတ်များ ဖြင့် လက်နက်ကိုင်များက အိမ်းစီးကားဖြင့် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဝေမိုးနိုင်နှင့်အတူ အမျိုးသမီးတစ်ဦးလည်း ဖမ်းဆီးခံရပြီး လက်ရှိတွင် မုံရွာမြို့တော်ခန်းမသို့ ဖမ်းဆီး ခေါ်သွားသည်ဟု သိရသော်လည်း အတိအကျမသိရသေးကြောင်း၊ သပိတ်စစ်ကြောင်းတွင် ပါဝင်သူ များလည်း ထွက်ပြေးနေရကြောင်း မုံရွာမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကိုပြောသည်။

တနိုင်းမြို့နယ် နမ်ဗျုက စစ်ကောင်စီတပ်စခန်းကို ​ကေအိုင်​အေ ဝင်​ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ​လေကြောင်းဖြင့်ကူပစ်၊ တိုက်ပွဲပြင်းထန်​နေ

တနိုင်းမြို့နယ် နမ်ဗျုက စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ တပ်မဟာ ၂​အောက်၊ တပ်ရင်း ၁၄မှ ယနေ့နံနက် သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအခြေအနေထိ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်များမှ ဂျက်လေယာဥ်ဖြင့် နှစ်ခါလာပစ်သွားကြောင်းသိရသည်။နမ်ဗျူအနီးဝန်းကျင်တွင် ပယင်း​များထွက်ရှိသည့်​ဒေသဖြစ်ပြီး ယခင် ​ကေအိုင်​အေ အ​​ခြေချနေထိုင်ရာ ၂၀၁၄ ဝန်းကျင်တွင် မြန်မာ့တပ်မ​တော် သိမ်းယူခဲ့သည့် နယ်​မြေဖြစ်သည်။ ဧပြီလ ၁၃ရက်နေ့ ည​နေတွင် တနိုင်းဘက်သို့ ရိက္ခာ​၊ လက်နက်များသယ်​ဆောင်လာသည့် စစ်​ကောင်စီကား​များ၊ တနိုင်းမြို့နယ် တိန်း​​ကောက်ကျေးရွာအနီး၌ မိုင်းခွဲတိုက်ခိုက်ခံရပါသည်။

မိုးမောက်မြို့တွင် စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ထားပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်း​နေသည့် အ​​လောဘွမ်းစခန်းဘက် ယ​နေ့လက်ရှိအချိန်တွင် တိုက်ပွဲသံများငြိမ်​နေ​သေး​ကြောင်း သိရသည်။ KIA

အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်မှုကြောင့် စင်္ကြာတောင်ဗလီ မြောက်ဗလီဝင်းထဲက အမျိုးသားတစ်ဦး ကျည်ဆံထိမှန် သေဆုံး

ဧပြီလ ၁၅ ရက် မနက်ပိုင်းမှာ မန္တလေး ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရပြီး အနီးအနား ရပ်ကွက်တွေထဲ အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်မှုကြောင့် စင်္ကြာတောင်ဗလီ မြောက်ဗလီဝင်းထဲက အမျိုးသားတစ်ဦး ကျည်ဆံထိမှန် သေဆုံးသွားပါတယ်။

မန္တလေးမြို့ ၇၆-၃၄ လမ်းဝန်းကျင်မှ စစ်ကြောင်းထွက်ရန် ပြင်ဆင်နေသည့် မန္တလေးမြို့ ကျန်းမာရေးမိသားစုသပိတ်ကို ယနေ့နံနက် (၉)နာရီခန့်က ရဲနှင့်စစ်သားများက လာရောက်ဖြိုခွင်းခဲ့ပြီးနောက် စစ်ကြောင်းတွင် ပါဝင်သူ အနည်းဆုံး ခြောက်ဦးနှင့် ဒေသခံများ စုစုပေါင်း (၂၀)ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ khit thit

မန္တလေးကျန်းမာရေးမိသားစုများသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ မနက်တွင် အကြမ်းဖက်ဖြိုခွင်း

အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒပြနေသည့် မန္တလေးကျန်းမာရေးမိသားစုများသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ မနက်တွင် အကြမ်းဖက်ဖြိုခွင်းနေသည်။

ယနေ့ နံနက် ၉ နာရီတွင် ၇၆ လမ်းနှင့် ၃၄ လမ်း စုရပ်၌ သပိတ်စစ်ကြောင်း ထွက်ခွာရန် ပြင်ဆင်နေချိန် အာဏာသိမ်း စစ်ကောင်စီတပ်က လာရောက်ဖြိုခွင်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းသပိတ်စစ်ကြောင်း၌ ပါဝင်သူများက ပြောသည်။myanmar now

« Older Entries