စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ် မုံရွာ ယာကြီး ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၁၃ နဲ့ ၁၄ အကြားနေရာမှာ ဗိုလ်မှူး လင်မယား ၂ ယောက် မောင်းနင်လာတဲ့ ကားတစ်စီးကို ဧပြီ ၁၅ ရက် ညဦးပိုင်းက သေနတ်နဲ့ လိုက်လံပစ်ခတ်ခံရပြီး မီးရှို့ဖျက်စီးခံရတယ်လို့ သိရပါတယ်။
ကနီမြို့နယ် ချောင်းမကြီးကျေးရွာမှာရှိတဲ့ ဒေသခံ တစ်ယောက်ပြောတာက ” Honda Fit ကားတစ်စီး မီးရှို့ဖျက်စီးခံထားရတယ်၊ ဘာကြောင့် ဖြစ်တယ်ဆိုတာ မသိဘူး ” လို့ ပြောပါတယ်။မုံရွာမြို့ကနေ ကနီမြို့ဘက်ကို သွားတဲ့ အဲ့ဒီ Honda Fit ကားကို မင်းမ ကျေးရွာအဝင် လူတစုက ရပ်တန့်စစ်ဆေးခံဖို့ တားဆီးပိတ်ဆို့တဲ့အခါ အစစ်ဆေးမခံပဲ နောက်ပြန်လှည့်ကာ လာရာလမ်းကြောင်းအတိုင်း မောင်းနှင်ထွက်ပြေးတာကြောင့် လူတစုက ကားနောက်ကို ဆိုင်ကယ်တွေနဲ့ လိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ခို့သိရပါတယ်။
အဲဒီနောက် ကားပေါ်ပါ ဗိုလ်မှူး လင်မယားက ကားကိုရပ်ပြီး အနီးနားက တောထဲကို ပြေးဝင် ပုန်းအောင်းနေချိန် လူတစုက ကားကို မီးရှို့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီ ဖြစ်စဥ်ကြောင့် မုံရွာ မြို့တော်ခန်းမ အခြေစိုက် လုံခြုံရေးတပ်ဖွဲ့က စစ်ကြောင်း ၃ ကြောင်းနဲ့ အဲ့ဒီ ဗိုလ်မှူး လင်မယားကို သွားရောက် ကယ်ဆယ်တဲ့အခါ ဒေသခံ လူ ၁ ရာကျော်နဲ့ ထိတွေ့ပြီး ၂ ဖက် အပြန်အလှန် ပစ်ခတ်မှူတွေဖြစ်ပွားကာ ဒေသခံ ရွာသား ၁၆ ယောက် ဖမ်းဆီးရမိပြီး တူမီးသေနတ် ၁၇ လက် ၊ လက်လုပ်မိုင်း ၅ လုံး သိမ်းဆီးရမိတယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ သတင်းအတည်ပြုချက်ရရှိဖို့ မုံရွာ မြို့တော်ခန်းမ အခြေစိုက် လုံခြုံရေးတပ်ဖွဲ့ကို VOM က ဆက်သွယ်မေးမြန်းတဲ့အခါ ” ၂ ဖက် ပစ်ခတ်မှုဖြစ်တယ် ၊ ထိခိုက် ဒဏ်ရာရ သေဆုံးတာ အခုထိတော့ မရှိဘူး ၊ ဝေမိုးနိုင်ကို လိုက်ဖမ်းတဲ့ကား မဟုတ်ဘူး ပတ်သက်မှုလည်း မရှိဘူး ၊နူတ်ထွက်ခွင့် ခံစားနေတဲ့ ဗိုလ်မှူးလင်မယားဖြစ်တယ် ၊ ၂ ယောက်စလုံး အထိအခိုက်မရှိ ပြန်ကယ်နိုင်ခဲ့တယ် “လို့ လုံခြုံရေး အရာရှိ တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ဧပြီ ၁၆ မနေ့က ညနေပိုင်းမှာ အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာအနီးက ခရီးသွားယာဥ်တွေ ရပ်နားလေ့ရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်ကို ဗိုလ်မှူး လင်မယား ပုန်းခိုဝှက်ပေးထားတယ်လို့ ရွာလူထု ၁ ရာကျော်က စွပ်စွဲပြီး ဆိုင်ရဲ့ အဆောက်အဦးတွေကို မီးရှို့ဖျက်စီးလိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီ မီးလောင်မှုနဲ့ ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို လတ်တလော တွက်ချက်လို့ မရသေးဘူးလို့ သိရပါတယ်။ဒါ့အပြင် ကနီမြို့နယ် ယာကြီးကျေးရွာအုပ်စု ၊ ရွာမကျေးရွာက ဦးကျော်မြင့် အသက် ၅၀ နှစ် ဆိုသူနဲ့ သူ့ရဲသား ဖြစ်သူ ဦးသက်အောင် အသက် ၃၀ နှစ် တို့ သားအဖ ၂ ယောက်ကို စစ်တပ်သတင်းပေး ဒလန်လို့ ရွာက စွပ်စွဲကာ မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။voice of myanmar
Like this:
Like Loading...