Monthly Archives: Apr 2021

စစ်ကောင်စီခေါင်းဆောင်တွေကို အ ကြမ်းဖက် ရာဇဝတ်ကောင်များအ ဖြစ် စာကပ် လှုပ်ရှားမှု ပြုလုပ်ခဲ့

မန္တလေးတိုင်းအတွင်းမှာ Counter Revolution Group လူငယ်များမှ  ဧပြီလ ၂၀ ရက်က လူစည်ကားရာ လမ်းဆုံလမ်းမများ၊ ဓာတ်မီးတိုင်များတွင်  စစ်ကောင်စီခေါင်းဆောင်တွေကို အကြမ်းဖက် ရာဇဝတ်ကောင်များအဖြစ် စာကပ် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။khit thit

CDM ပူးပေါင်းမှုဖြင့်ဖမ်းဆီးခံထားရသော ရဲအရာရှိ ဆေးကုသမှုခံယူခွင့်မရ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ် အမှတ် ၆ နယ်မြေရဲကင်းမှ CDM တွင်ပူးပေါင်းပါ ဝင်ထားသည့် ဒုရဲအုပ် ဂျော်နီ (ခ) သူရမှာ အာဏာသိမ်းစစ်ကောင်စီ၏ပြန်လည်ဖမ်းဆီးခြင်းခံထားရပြီး ညှင်းပန်းနှိပ်စက်မှုများခံထားရ သော်လည်းလုံလောက်သည့်ဆေးဝါးကုသခွင့်မရသေးကြောင်းမိသားစုဝင်တစ်ဦးကပြောသည်။

မတ်လ ၃ ရက်က CDM လှုပ်ရှားမှုကိုပူးပေါင်းပါဝင်ခဲ့သည့် ဒုရဲအုပ် ဂျော်နီ (ခ) သူရကို စစ်ကောင်စီဘက်မှ မတ်လ ၂၈ ရက်နေ့တွင်ပြန်လည်ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးမှုများပြုလုပ်ခဲ့သည့်အပြင် ယခင်ကတည်းကဖြစ်ပွားခဲ့သည့် ကျောက်ကပ်ရောဂါအတွက် ဆေးဝါးကုသမှုခံယူရန်လိုအပ်နေကာ မိသားစုဝင်များနှင့်လည်းယနေ့အထိတွေ့ဆုံခွင့်မရသေးကြောင်းသိရသည်။”သူ့မှာနဂိုကတည်းက ကျောက်ကပ်မကောင်းတဲ့ ရောဂါကိုဆေးကုနေရတာ။

ဘူးသီးတောင်ဘက်ကို ၃ လ သွားရသေးတယ်။ အဲ့ဒီကပြန်လာပြီး ချက်ချင်းပဲ ဆန္ဒပြတဲ့ပြည်သူတွေကိုအကြမ်းဖက်ဖြိုခွင်းဖို့တာဝန်ပေးတဲ့အတွက်သူက CDM လုပ်ခဲ့တာပေါ့။ နောက်ပြန်အဖမ်းခံရတယ်။အပြင်းအထန်ရိုက်နှက်ခံခဲ့ရတယ်။အခုထိ ဆေးမကုရသေးဘူး။ မိသားစုတွေနဲ့လည်းမတွေ့ရသေးဘူး။ အချိန်မီဆေးကုသခွင့်မရရင် သူ့အတွက်စိုးရိမ်ရတဲ့အတွက်မိသားစုနဲ့တွေ့ခွင့်ရဖို့ လုံလောက်တဲ့ဆေးဝါးကုသခွင့်ရဖို့တောင်းဆိုလိုပါတယ်” ဟု ဒုရဲအုပ် ဂျော်နီ (ခ) သူရ၏မိသားစုဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ဒုရဲအုပ် ဂျော်နီ (ခ) သူရကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တိုင်းအရံတပ်ခွဲတွင်ချုပ်နှောင်ထားကာ တာဝန်ပြန်လည်ထမ်းဆောင်ရန်အတင်းအကြပ်ဖိအားပေးလျှက်ရှိပြီး တာဝန်ပြန်လည်ထမ်းဆောင်ခြင်းမရှိပါက ဧပြီလကုန်ပိုင်းတွင် ရုံးတင်စစ်ဆေးကာထောင်သွင်းအကျဉ်းချရန်စီစဉ်နေကြောင်းသိရသည်။democracy vision

မန္တလေးမြရည်နန္ဒာအိမ်ရာအနီး အမှိုက်ပုံတွင် အလောင်းတစ်လောင်းလာရောက်စွန့်ပစ်ထား

မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာအနီး အမှိုက်ပုံတွင် ရိုက်နှက်ခံထားရဖွယ်ရှိသော ဒဏ်ရာများဖြင့် အမည်မသိအလောင်းတစ်လောင်းကို ယနေ့ (ဧပြီ ၁၉) နံနက်ပိုင်းတွင် ကားနှစ် စီးဖြင့် လာရောက်စွန့်ပစ်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ခန့်မှန်းခြေ အသက် ၄၀ ကျော်အရွယ် အမျိုးသားအလောင်းမှာ သေနတ်ပစ်ခံထားရသည်ဟု ယူဆရ သည့် ဦးနှောက်ပွင့်ထွက်ဒဏ်ရာ၊ နောက်ကျောနှင့် မျက်နှာတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိရပြီး ခန္ဓာကိုယ်ကို မီးရှို့ထားသည်ကိုလည်း တွေ့ရှိရသည်ဟု အလောင်းကို သယ်ယူခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့က Myanmar Now ကို ပြောသည်။

အဆိုပါ အလောင်းကို အဖြူရောင်ကားတစ်စီးနှင့် စစ်ကားတစ်စီးက လာရောက်စွန့်ပစ်ခြင်းဖြစ်ပြီး အဖြူရောင်ကားပေါ်တွင် ရဲနှင့် စစ်သားများ တွေ့ရှိရကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။myanmar now

အဖိအနှိပ် အပစ် အခတ်တွေကြားက အောင်မြင်စွာ တိုးထွက်လာတဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်း

အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက် ပစ်ခတ် လူသတ် ဖမ်းဆီးတာတွေ နေ့စဥ် လုပ်နေပေမယ့် စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြပွဲတွေကလည်း နေ့စဥ် နေ့တိုင်း ပုံစံအမျိုးမျိုးနဲ့ရှိနေပါတယ်။ဒီနေ့ ဧပြီ ၂၀ရက်၊မနက်ပိုင်းမှာလည်း အတားအဆီး အဖိအနှိပ်တွေကြားကဘုရားကြီးငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊အထက(၇)ကျောင်းသား၊ကျောင်းသူဟောင်းများသပိတ်စစ်ကြောင်း၊ဗကသလူငယ် သပိတ်စစ်ကြောင်း၊ပညာရေးမိသားစု သပိတ် စစ်ကြောင်းနဲ့တမ္ပဝတီလူထုသပိတ်စစ်ကြောင်းတို့ပူပေါင်းပြီး အောင်မြင်စွာ ချီတက် ဆန္ဒပြနိုင်ခဲ့ပါတယ်။mizzima

မြင်းခြံတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး

နံနက်ပိုင်းတွင် ခြေထောက် ကျည်ထိမှန်သွားသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ထိုသူ၏ ရုပ်အလောင်း လာရောက်ထုတ်ယူရန် အကြောင်းကြားလာသည်

မန္တလေးတိုင်း၊ မြင်းခြံမြို့ သပိတ်ခံတပ်များကို စစ်ကောင်စီ၏ တပ်များက အင်အားအလုံးအရင်းသုံးပြီး ပစ်ခတ်ဖြိုခွဲနေမှုကြောင့် ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ပြည်သူတစ်ဦး သေဆုံးခဲ့သည်။

ယနေ့ (ဧပြီ ၁၉ ) မနက် ၆ နာရီခန့်မှ စတင်ကာ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်၊ အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက်တို့ရှိ သပိတ်ခံတပ်များကို စစ်ကောင်စီ၏ တပ်များက ပစ်ခတ်ဖြိုခွဲခဲ့သည်။ အမှတ် ၆ ရပ်ကွက်မှ လမ်းမတော်ခံတပ်ကို စစ်ကောင်စီ၏ တပ်များက ယမန်နေ့ (ဧပြီ ၁၈) ရက်နေ့ ညပိုင်းက လေးနာရီကျော်ကြာ ပစ်ခတ်ဖြိုခွဲရှင်းလင်းခဲ့သော်လည်း ယနေ့မနက်ပိုင်းတွင် ပြည်သူများက ခံတပ်ကို ပြန်လည်တည်ဆောက်ခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီတပ်က နံနက် ၆ နာရီကတည်းက အမှတ် ၆ ရပ်ကွက်ကို ပစ်ခတ်ဖြိုခွဲနေပြီး အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်များကို ဝင်ရောက်ပစ်ခတ်ခဲ့သည်။ကျဆုံးသူမှာ မနက် ၁၀ နာရီဝန်းကျင်ကတည်းက ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ၎င်းကို လက်နက်ကိုင်များက ခေါ်ဆောင်သွားခဲ့သည်။“ချင်းတွင်းလက်ဘက်ရည်ဆိုင်နားမှာ ဒဏ်ရာရပြီး လဲကျသွားတာ။ ဘယ်လိုမှ သွားကောက်လို့မရဘူး။ ဒီအတိုင်းပဲ ကြည့်နေရတယ်” ဟု မျက်မြင်တွေ့သော မြင်းခြံမြို့ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ လူနာကောက်ယူခွင့် မပေးရုံသာမက အမှတ် ၆ လူငယ်လူမှုကူညီရေးအသင်းကားကိုလည်း ထုရိုက်ဖျက်ဆီးခဲ့သည်။ မည်သည့်အချိန်တွင် ကွယ်လွန်သွားသည်ကို မသိရသေးကြောင်း၊ ညနေပိုင်းမှ ရုပ်အလောင်းလာရောက်ထုတ်ယူရန် အသိပေးလာကြောင်း ဒေသခံများက ပြောသည်။သေဆုံးသူ၏ အမည်၊ အသက် စသည့် အချက်တို့နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းနေသော်လည်း ယနေ့ညပိုင်းအထိ မသိရသေးပေ။

ထိုသူသည် အမှတ် ၁၁ ရပ်ကွက်မှဖြစ်သည်ဟု သိရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက် ခံတပ်များကို ဖြိုခွဲရာတွင် နေအိမ်တစ်လုံးနှင့် ဆိုင်ကယ် ၄ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ “NLD အမာခံ ထောက်ခံသူတစ်ယောက်ရဲ့အိမ်ကိုလည်း မွှေနှောက်ဖျက်ဆီးသွားတယ်။

တံခါးတွေ ရိုက်ဖျက်၊ အိမ်ထဲက ပစ္စည်းတွေကိုလည်း ဖျက်ပြီး ယူသွားတယ်” ဟု မြင်းခြံမြို့မှ အခြားဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်၊ လမ်းမတော်လမ်းမှ ခံတပ်သည် လမ်းမပေါ်တွင် သဲအိတ်များ အဆင့်ဆင့်ကာရံထားပြီး အလံနက်လွှင့်ထူထားသည့် အတောင့်တင်းဆုံးခံတပ်ဖြစ်ခြင်း၊ အဆိုပါခံတပ် ဖြိုခွဲခံရချိန်တွင် အမှတ် ၄ ရပ်ကွက်မှ ထကြွပေးသည့်အတွက် ယင်းရပ်ကွက်နှစ်ခုကို ပစ်မှတ်ထားဖြိုခွင်းခြင်းဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်သည်။

မြင်းခြံမြို့တွင် လက်နက်ကိုင်တပ်များက နှစ်ရက်ဆက်တိုက်ပစ်ခတ်ဖြိုခွဲမှုကြောင့် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ဖမ်းဆီးခံထားရသည်။လက်နက်ကိုင်တပ်များက ကျည်အစစ်များဖြင့်သာမက လက်ပစ်ဗုံးများပါ အသုံးပြုပြီး ပစ်ခတ်နှိမ်နင်းသည့်အတွက် ဒေသခံများက ရိုးရာလက်လုပ် တူမီးသေနတ်များ၊ လက်လုပ် ဂက်စ်သေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်။ ပြည်သူများ၏ ခုခံမှုကြောင့် လက်နက်ကိုင်များ ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း အရေအတွက်အတိအကျ မသိရသေးဟု ဒေသခံများက ပြောသည်။ မြင်းခြံမြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များ၏ ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးရသူ အရပ်သားပြည်သူ ၂၄ ဦးအထိ ရှိလာပြီဖြစ်သည်။ Myanmar Now