Monthly Archives: Apr 2021

အာဆီယံအတွင်း ပထမဆုံးကျရှုံးနိုင် ငံ မြန်မာဖြစ်လာနိုင်ကြောင်း မလေးရှား ပြော

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့အတွင်း ပထမဆုံးသော ကျရှုံးနိုင်ငံ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Hamid Albar က သတိပေး ပြောဆိုလိုက်ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံရဲ့ ကျရှုံးမှုဂယက်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ်မှာပါ သက်ရောက်ရိုက်ခတ်မှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း၊ မြန်မာ နိုင်ငံ ကျရှုံးမယ့်အခြေအနေကို တားဆီးရေးဟာ အာဆီယံရဲ့ လတ်တလောနဲ့ ရေရှည်အကျိုးစီးပွားအတွက် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်ငြိမ်း ချမ်းတဲ့ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်လည် ရောက်ရှိရေးအတွက် အာဆီယံရဲ့ ဒေသတွင်းဦး ဆောင်မှုနဲ့ သံတမန်ရေးဆိုင်ရာ ဦးဆောင်မှု လိုအပ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေး ကောက်ခံအစိုးရကို စစ်တပ်က အာာဏာသိမ်းလိုက်‌ ပြီးတဲ့နောက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာကို အခြေအနေဆိုးတွေအတွင်းက လွတ်မြောက်အောင် ကူညီဖို့  ကြိုးပမ်းနေကြကြောင်းလည်း ပြောပါတယ်။RFA 

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေ အတွင်း ရေးမှူး ထံသို့ NUG ကအကြောင်း ကြား စာပေးပို့

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ နှင့် ICC တရားရုံးများသို့ တရားစွဲတင်ပို့နိုင်ရေးအ တွက် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပမည့် မြန်မာ နိုင်ငံအရေး အာဆီယံ ထိပ်သီးအစည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေ အတွင်း ရေးမှူးထံသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြောင်းကြားစာပေးပို့ခဲ့ပါသည်။
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေးနှင့် ဆက်စပ်သည့် ဖြစ်ရပ်များတွင် အပြည်ပြည်ဆိုင်ရာဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူတစ်ဦးအဖြစ် စွပ်စွဲခံထားရကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မင်းအောင်လှိုင်သည် နိုင် ငံတော်အာဏာကို သိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများနှင့် အကြမ်းမဖက်အာဏာဖီ ဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် သန်းပေါင်းများစွာသော ပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းလျက်ရှိကြောင်း၊ ဧပြီလ ၂၁ ရက်နေ့အထိ ပြည်သူ ၇၃၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ CDM လှုပ် ရှားသူများ အပါအဝင် လူပေါင်း ၃၃၃၁ ဖမ်းဆီးခံ ထားရကြောင်း စသည့်အချက်အလက်များ အ ကြောင်းကြားစာတွင် ပါရှိပါသည်။
ဧပြီလ ၂၄ ရက်နေ့ မင်းအောင်လှိုင်အာဆီယံအ စည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးနိုင်ရေးအတွက် အင်ဒိုနီးရှား ရဲတပ်ဖွဲနှင့် ပူးပေါင်းဆောင် ရွက်နိုင်ရန်၊ သတိပေးချက် ထုတ်ပြန်ရန်နှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် ပြည် ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီ ညွတ်ရေးအစိုးရက အပြည်ပြည်ဆိုင်ရာ မှုခင်းရဲ တပ်ဖွဲ့ (INTERPOL) သို့ တောင်းဆိုကြောင်း၊ မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူဖြစ်ပြီး ရာဇဝတ်ကောင်၊ အကြမ်းဖက်သမား တစ်ဦးဖြစ်ကြောင်း၊ ၎င်းကျူးလွန်ထားသောအမှုများအ တွက် ICJ နှင့် ICC တရားရုံးနှစ်ခုစလုံးတွင် စစ် ဆေးရမည်ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် ပိုင်း နောက်ထပ်ကျူးလွန်ထားသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်လည်း တရားစွဲဆိုရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အင်တာပိုရဲတပ်ဖွဲ့အနေဖြင့် မင်းအောင်လှိုင်ကို အလိုရှိသော တရားခံပြေးအဖြစ်သတ်မှတ်၍ ကမ္ဘာ့နိုင်ငံအ သီးသီးရှိ ရဲတပ်ဖွဲများသို့ အမြင့်ဆုံးအဆင့်သတိ ပေးချက်ထုတ်ပြန်ပေးရန် တောင်းဆိုကြောင်းနှင့် ၎င်းကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်းရေးသားထားပါသည်။

စစ်ကောင်စီရဲ့ စခန်းများ သိမ်းပိုက်နိုင်ခဲ့ဟု KIA ပြော

ကချင်ပြည်နယ်တစ်ဝှမ်း စစ်ကောင်စီရဲ့အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်ခဲ့တဲ့ အလော့ဘွန်းအပါအဝင် တပ်စခန်းတစ်ချို့ကို သိမ်းယူထားနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO / KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ဗိုလ်မှူးကြီးနော်ဘူက “ တချို့တွေကပြောချင်တာက ကာကင်းတွေ၊ ခဏတစ်ဖြုတ်နေတဲ့ တပ်စခန်းတွေ ဒီလိုမျိုးလည်းရှိပါတယ်။

အဲ့တာကြောင့် ဒီလကုန်ပိုင်းလောက်မှာဆိုရင်လည်း အတည်ပြုပြီးမှ ပြောလို့ရမှာပါ။ အခုလောလောဆယ်က အွန်လိုင်းကပြောသလောက်ပဲရှိပါတယ်။ ကျွန်တော်တို့ဆီမှာ တပ်စခန်းတွေကိုသိမ်းတယ်ဆိုတာကတော့ သိပ်ပြီးတော့မများပါဘူး ” လို့ပြောပါတယ်။တစ်ချို့တပ်စခန်းတွေကတော့ KIA က ထိုးစစ်ဆင်လို့မဟုတ်ဘဲ အထိနာနေပုံရတဲ့ စစ်ကောင်စီရဲ့တပ်တွေက သူ့ဘာသာ ဖယ်သွားတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။ ဖားကန့်ဘက်မှ ာ ရဲကင်းစခန်းတစ်ချို့ကို သိမ်းယူတာရှိပေမယ့် စခန်းအထိုင်ချတာမျိုးမလုပ်ဘူးလို့ ဆိုပါတယ်။

KIA က သိမ်းယူခဲ့တဲ့အထဲ အလော့ဘွန်းစခန်းတိုက်ပွဲဆိုရင် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ပါ အင်အားသုံးခဲ့ပေမဲ့ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ပြီး အုပ်စုလိုက် လက်နက်ချမှုတွေရှိခဲ့တယ်လို့ ကချင်ဘက်က ဖေ့စ်ဘွတ်လှုမူကွန်ရက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။ ဗိုလ်မှူးကြီးနော်ဘူက အသေးစိတ်မပြောပေမဲ့ “ တကယ်လို့များ လက်နက်ချတာ၊ လက်မြှောက်တာရှိပြီဆိုရင်တော့ ဂျီနီဗာကွန်ဗန်းရှင်းစည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ရမှာဖြစ်ပါတယ်” လို့ဆိုပါတယ်။

ထူးထူးကဲကဲ ထိုးစစ်ဆင်နေတဲ့ KIA နဲ့ ဆွေးနွေးဖို့ မတ်လတုန်းက မြေပြန့်ဒေသမှာ လူထုအုံကြွဆန္ဒပြမှုတွေနဲ့ ဗျာများနေသလို တစ်ခြားဒေသတစ်ချို့မှာလည်း တိုက်ပွဲတွေကြုံနေရတဲ့ စစ်ကောင်စီဘက်က ကမ်းလှမ်းခဲ့တာမှာ KIA က ရွှေ့ဆိုင်းခဲ့ပါတယ်။ မတ်လ ဒုတိယပတ်အတွင်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အခြေအနေတွေကလည်း ပိုမို တင်းမာလာခဲ့ပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွန်ဂျာက “အာဏာသိမ်းပြီး နောက်ပိုင်းမှဖြစ်လာတဲ့ပုံကိုကြည့်မယ်ဆိုရင် သူတို့ (KIA) လည်း စစ်မျက်နှာတွေဖွင့်ပြီးတော့မှ ပတ်ပတ်လည် တစ်နေရာတည်းမဟုတ်ဘူး။” လို့ ပြောရင်း စစ်ကောင်စီဘက်ကပြန်လည် စစ်အင်အားတိုးချဲ့မှုတွေလုပ်နေတာကြောင့် နောက်ထပ်စစ်ပွဲတွေ ” ဆိုးဆိုးရွားရွားပေါ့လေ။ ဆိုလိုတာက နည်းနည်းပြင်းပြင်းထန်ထန်ဖြစ်လာနိုင်တဲ့ အရိပ်အယောင်တော့မြင်တယ်ဗျ” လို့ ဆိုပါတယ်။ ဧပြီလ ၂၁၊ ၂၂ ရက်တွေမှာတော့ တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားတာမရှိသေးကြောင်းလည်းသိရပါတယ်။mizzima

တူမီးသေနတ်တွေ အပ်ရင် စစ်ကောင်စီတပ် ရွာကနေ ထွက်သွားမယ်ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာက ရွာသားတွေအနေနဲ့ တူမီးသေနတ် ၁၅၀ လောက် စစ်ကောင်စီကို အပ်မယ်ဆိုရင် ကျေးရွာကနေ ထွက်သွားမယ်ဆိုပြီး ဒီကနေ့ ကမ်းလှမ်းလာတယ်လို့ သိရပါတယ်။

“သူတို့ ဒရုန်းနဲ့ ရိုက်ထားတာမှာ တူမီးသေနတ် ၃၀၀ လောက်ရှိတာ တွေ့ရလို့ ၁၅၀ လောက်အပ်ဖို့ ဆရာတော်ဆီကနေ တစ်ဆင့်ကမ်းလှမ်းတယ်။ ကျွန်တော်တို့ကတော့ မအပ်ဖို့ ဆုံးဖြတ်တယ်။ အပ်လိုက်လို့ရှိရင် သူတို့က သတင်းစာရှင်းလင်းပွဲမှာ ပြည်သူတွေက သူတို့နဲ့ ပူးပေါင်းတယ်ဆိုပြီး ကမ္ဘာကိုလိမ်ရင် သူတို့ဖိနပ်အောက်က လွတ်မှာမဟုတ်တော့ဘူး” လို့ ကပိုင်ရွာသားတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကပိုင်ကျေးရွာအနီးမှာ တပ်စွဲထားတာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၅ဝ လောက်အတွင်းက အမျိုးသားတွေကို ရွာအတွင်း ဝင်ခွင့်မပေးတဲ့အတွက် တိရစ္ဆာန်တွေကို အစာကျွေးဖို့လည်း ခက်ခဲနေပါတယ်။

စစ်ကောင်စီတပ်တွေ လှည့်ပတ်နေတဲ့အတွက် အဲဒီအနီးအနားရွာတွေဖြစ်တဲ့ ရင်ပေါင်တိုင်၊ ဆင်စွယ်၊ မောက်လုပ်၊ အထက်ငနန်း၊ အောက်ငနန်း အပါအဝင် ရွာအများစုက ဒေသခံတွေ ရှောင်ပြေးနေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။RFA

တစ်လကျော်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်း KIA သိမ်းပိုက်

ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA) က တစ်လ​ကျော်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်း ၁၀ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်တိုက်ယူနိုင်ခြင်း မရှိသေးကြောင်း ကချင်ဒေသခံ စစ်ရေးလေ့လာသူအချို့က ဆိုသည်။စစ်တပ်က အာဏာသိမ်းပြီးချိန်မှစတင်ကာ ကချင်ပြည်နယ်အတွင်း KIA နှင့် စစ်ရေးတင်းမာခဲ့ပြီး မတ်လဆန်းမှစ၍ ဖားကန့်၊ မိုးကောင်း၊ ဝိုင်းမော်၊ မိုးမောက်၊ ပူတာအို၊ တနိုင်း စသည့် မြို့နယ်များရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း၊ ရဲစခန်းနှင့် ရဲတပ်ရင်းများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်စခန်းအချို့ကို KIA က ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။မိုးမောက်မြို့နယ် အလော့ဘွမ်​တောင်တပ်စခန်း၊ ရွာသစ်တပ်စခန်းနှင့် ရဲကင်းစခန်း၊ ဖားကန့်မြို့နယ် တန်ခေါန်နှင့် အောင်ဘာလေတပ်စခန်း၊ တနိုင်းမြို့နယ် နမ်ဗျူဒေသတပ်စခန်း စ​သော တပ်စခန်းများစွာကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

“စခန်းအသေးလေးတွေနဲ့ဆိုရင် ဆယ်ဂဏန်းရှိပြီ။ အချို့ သူတို့ (KIA) တိုက်ပြီး ထိုင်တဲ့ဟာတွေလည်း ရှိမှာပါ။ ရှမ်းမြောက်ဘက်မှာ သူတို့သိမ်းထားတဲ့ဟာ ပြန်ထိုင်တဲ့ အနေအထားရှိတယ်။ ပြီးရင် ဖားကန့်ဘက်မှာလည်း အောင်ဘာလေတို့၊ တန်ခေါန်ကုန်းတို့ ဘာတို့ဆိုရင် သူတို့ ထိုင်နိုင်ပါတယ်။ ပြီးရင် သူတို့ ပြန်နေရာမယူထားတဲ့ နေရာဆိုရင်လည်း တိုက်ပြီး မီးရှို့ထားခဲ့တယ်ဆိုတော့ အဲဒီနေရာမှာ စခန်းမချတော့ဘူး နေရာရွှေ့သွားတယ်။ KIA လည်း စခန်းမချဘူး။ တပ်ကလည်း စခန်းမချဘူးပေါ့” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။KIA က သိမ်းပိုက်ခဲ့သည့် တပ်စခန်းများကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်သည်ဟု မကြားမိကြောင်းလည်း ၎င်းက ဆက်​ပြောသည်။

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်း KIA က မတ်လ ၂၅ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အလော့ဘွမ်တပ်စခန်းကို စစ်ကောင်စီက ကြည်းကြောင်း၊ လေ​ကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း စစ်​ကောင်စီတပ်ဘက်မှ အကျအဆုံးများပြားခဲ့ကာ အဆိုပါစခန်းကို KIA က ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်သည်။အဆိုပါ အလော့ဘွမ်တပ်စခန်းကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက်မှစ၍ မြေပြင်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး တိုက်လေယာဉ်များဖြင့်လည်း လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရဘဲ တပ်ရင်းမှူးအပါအဝင် ရာချီကျဆုံးကာ ဖမ်းဆီးခံရသူများလည်း ရှိကြောင်း KIA နှင့် နီးစပ်သူများက ဆိုသည်။

သို့သော် အဆိုပါသတင်းများနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲများ မကြာခဏဖြစ်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်အခြေစိုက် KIA တပ်မဟာ(၉)ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ခန့် လက်နက်ချခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။ဒေသခံတစ်ဦးက “အဲဒီလိုတော့ လူထုကြားထဲမှာ သတင်းပြန့်နေတယ်။ အဲဒါက ဖြစ်လည်းဖြစ်နိုင်ပါတယ်။ အခုက ရှေ့တန်းမှာ သွားနေတာဆိုတော့ သူတို့အုပ်စုကွဲသွားရင် ဖြစ်လာနိုင်ပါတယ်။

ပစ်ကွင်းထဲမှာ ရောက်သွားရင် ဒါလုပ်ရတော့မှာပဲ အညံ့ခံတာ” ဟု ဒေသခံက ပြောသည်။ အခြားဒေသခံတစ်ဦးကလည်း KIA အနေဖြင့် ၂၀၁၁ မှ စခဲ့သည့် တကျော့ပြန်စစ်ပွဲအတွင်း ခုခံစစ်သာ ဆင်နွှဲခဲ့ရာမှ ယခုအခါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပြုသည်။”အရင်တုန်းက သူ (KIA) နေခဲ့တဲ့ နေရာတွေ အဲဒါတွေကို ပြန်တိုက်တဲ့သဘောပဲ။

အခြေအနေက ဆက်လက်ပြီး တင်းမာပြီးတော့မှ ကြီးကျယ်လာနိုင်တဲ့အခြေအနေဖြစ်သွားပြီ။ စစ်ကောင်စီက ပြန်တုံ့ပြန်လာမယ်ဆိုလည်း ဟိုဘက် (KIA) ကလည်း အခုက ဖွင့်ကစားတာပေါ့” ဟု အဆိုပါ ဒေသခံက ပြောသည်။စစ်ကောင်စီကလည်း မိုးမောက်မြို့နယ် အလော့ဘွမ်​တောင်တပ်စခန်းဒေသအပြင် KIA တပ်မဟာ (၈)နှင့် တပ်မဟာ(၉) ထိန်းချုပ်ရာ ဒေသများကိုလည်း လေကြောင်းမှ ပြန်လည်တိုက်ခိုက်မှုများရှိခဲ့​သော်လည်း စခန်းများသိမ်းပိုက်နိုင်ခြင်း မရှိ​သေး​ပေ။

အ​​လော့ဘွမ်​တောင်စခန်းရှိရာ မိုး​မောက်မြို့နယ်တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀၀ ​ကျော်ကို ​လေ​ကြောင်းမှ ပို့​ဆောင်ပြီး အင်အားတိုးထား​သော်လည်း ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မရှိ​သေးဘဲ နှစ်ဖက် စစ်​ရေးတင်းမာ​နေ​သော အ​ခြေအ​နေဖြစ်​ကြောင်း KIA တာဝန်ရှိသူက Myanmar Now ကို ​ပြောသည်။တပ်စခန်းများတိုက်ခိုက်သိမ်းပိုက်မှုနှင့် ပတ်သတ်၍ KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရှေ့တန်းတပ်များက စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်မှုများရှိသော်လည်း အသေးစိတ်အခြေအနေကို မသိရဟု ပြောသည်။

နေရာအတော်များများ၌ တိုက်ပွဲဖြစ်ပွားမှုများရှိနေသော်လည်း ဖြစ်စဉ်တိုင်းကို အတည်ပြုပြောရန် အခက်အခဲရှိနေသေးသည်ဟု ၎င်းက ယမန်နေ့ (ဧပြီ ၂၁) တွင် ပြောသည်။Myanmar Now

မန္တလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်တပ်က ညဘက် ဝင်ရောက်ပစ်ခတ်

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ လူနေရပ်ကွက်များအတွင်း စစ်ကောင်စီတပ်က ယမန်နေ့( ဧပြီ ၂၁) ညဘက် ဝင်ရောက်ပစ်ခတ်ရာ မိန်းကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။

ယမန်နေ့ည ၉ နာရီကျော်ခန့်တွင် ဦးပွားခုံးကျော်တံတားအနီး သံလမ်းဘေးရပ်ကွက်များအတွင်း နေအိမ်ရှေ့ ရေချိုးနေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ညာဘက်လက် ကျည်ထိမှန်ခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပေါင်နှစ်ဖက်နှင့် နောက်ကျောအား ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။ဦးပွားခုံးကျော်တံတာအနီး ပေါက်ကွဲသံတစ်ချက် ည ၉ နာရီခန့်က ကြားရပြီးနောက် လူနေရပ်ကွက်များအတွင်း ဝင်လာကြခြင်းဖြစ်သည်ဟု သံလမ်းဘေး ၈၅၂ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

“သူတို့စီးထားတဲ့ (ရပ်ကွက်) ရုံးကနေ အသံကျယ်ကြီး ကြားလိုက်ရတယ်၊ ပြီးတော့ ဝင်ပစ်တော့တာပဲ၊ အခုမနက်ကြားတာတော့ လက်လုပ်ဗုံးပစ်ခံရတယ်။ စစ်သားနှစ်ယောက်ထိတယ်။ ဒါ့ကြောင့်ဝင်ပစ်တာတဲ့”ဟု ၎င်းက ဆိုသည်။“ခါတိုင်းလည်း အသံဗုံးတွေပစ်၊ ညတိုင်း ပစ်ခြောက်နေတော့ ရပ်ကွက်ထဲ ဝင်လာလိမ့်မယ် ဘယ်သူမှ မထင်ကြဘူး။

ကိုယ့်အိမ်ရှေ့ ကိုယ်ထိုင်နေကြတာ။ လာပစ်တော့တာပဲ” ညာဘက်လက် ပစ်ခတ်ခံရသည့် မိန်းကလေးငယ်သည် လက်ကို ယနေ့ ဧပြီ ၂၂ တွင် ခွဲစိတ်ကုသရန် စီစဉ်နေသည်ဟု မိသားစုဝင်က ပြောသည်။“ (မိန်းကလေးငယ်) လက်နှစ်ချောင်းက အကြောသေသွားတယ်။ ညက မိသားစုဝင်တွေပါ မကြည့်ရဲဘူး။ လက်မောင်းသားတွေပါ ဖွာထွက်လို့”ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ည ၁၂ နာရီကျော်သည်အထိ ယင်းသို့ပစ်ခတ်ခြောက်လှန့်အပြီး ရပ်ကွက်နေ အသက် ၁၂ နှစ် အရွယ် ကလေးနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေမျက်မြင်များက ပြောသည်။“ကျွန်မကလေးက ငိုတာတောင် ပါးစပ်ကို အတင်းပိတ်ထားရတယ်။ တစ်ညလုံး ကြောက်ကြောက်လန့်လန့် အိပ်ခဲ့ရတယ် ” ဟု ၈၅၂ ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။နေ့စဉ် ဆန္ဒပြသပိတ် အားကောင်းနေသော မန္တလေးမြို့ကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက သပိတ်စစ်ကြောင်းများကို ဖြိုခွင်းဖမ်းဆီးရုံမျှမက နေ့ရောညပါ ရပ်ကွက်များအတွင်းထိ ဝင်ရောက်ဖမ်းဆီး၊ ပစ်ခတ်နေသည်။ယမန်နေ့ညကလည်း စာသင်တိုက်ကြီးတစ်ခုအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ပြီး သံဃာတော်တစ်ပါး ရာဘာကျည် ထိမှန်ခဲ့သည်။

“နောက်ကျောတွေ မှန်တာ၊ ကျောင်းထဲအထိ ဝင်ပစ်တာလို့ ပြောတယ်။ လုံခြုံရေးအရ ဘယ်ကျောင်းတိုက်လဲဆိုတာ ပြောပြလို့မရဘူး”ဟု ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။ယနေ့မနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မန္တလေးချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာဝန်းအတွင်း အင်အားအများအပြားဖြင့် စီးနင်းရှာဖွေနေသည်။

ဧပြီ ၁၄ ညကလည်း မန္တလေးမြို့ စိန်ပန်းရပ်ကွက်နှင့် လန်ဒန်ဝင်း လူနေရပ်ကွက်များအတွင်း စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့သည်။ ယမန်နေ့ညကလည်း စိန်ပန်းရပ်ကွက်အတွင်း ပစ်ခတ်ခြောက်လှန့်ခဲ့သေးသည်။ မန္တလေးမြို့ ပစ်ခတ်မှုများ၊ ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးတာ၀န်ရှိသူကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။myanmar now

ရွှေကူမြို့တွင် ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွား

ကချင်ပြည်နယ် ရွှေကူမြို့မှာ ဧပြီ ၂၂ ရက် ည ၈ နာရီလောက်က  လက်နက်ကြီးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့ ထွေအုပ်ရုံးဝင်းထဲမှာရှိတဲ့ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)နဲ့ အမှတ် ၂ စျေးထိပ် ၃၇ လမ်းထောင့်တို့မှာ ၁၀ မိနစ်လောက်ခြားပြီး ၂ ကြိမ်ပေါက်ကွဲခဲ့တာပါ။

မြေကြီးတုန်ခါတဲ့အထိ ပေါက်ကွဲမှုပြင်းထန်တာကြောင့် အနီးရှိ လူနေအိမ်နဲ့ အဆောက်အအုံ တချို့က မှန်တွေကွဲသွားတယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်မှာ  ချိန်ကိုက်မိုင်းလို့ ခန့်မှန်းထားကြပြီး ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာ စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပြီ လူတွေထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ယနေ့ ဧပြီ ၂၂ မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြသည်။ သပိတ်စစ်ကြောင်းလှည့်လည်သည့် ရပ်ကွက်အတွင်းလမ်းများအထိ လက်နက်ကိုင်များက စစ်တပ်အင်အား ကား ၄ စီးဖြင့် ဖြိုခွဲရန်လာရောက်သော်လည်း အချိန်မီ လူစုခွဲနိုင်သည့်အတွက် ဖမ်းဆီးခံရမှု မရှိကြောင်း အဆိုပါ သပိတ်စစ်ကြောင်းတွင် ပါဝင်သူတစ်ဦးက ပြောသည်။ ကလေးမြို့ခံများသည် စစ်အာဏာရှင်တပ်ကို တူမီးအပါအဝင် ရရာလက်နက်များဖြင့် ကြံ့ကြံ့ခံ အံတုနေကြသည်။myanmar now

« Older Entries