Monthly Archives: Apr 2021

မော်လမြိုင် ရှေ့ဟောင်းအဆောက်အဦတွေများတဲ့ရပ်ကွက် လူမနေတဲ့အိမ်ကစတင်မီးလောင်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက ဗဟိုလမ်း သိပ္ပံလမ်းထိပ်ထောင့်ရှိ လူမနေသောနေအိမ် မီးလောင်မှုဖြစ်ပွားနေပါတယ်။

မီးလောင်မှုဖြစ်ပွားနေတဲ့နေရာဟာ အထက ၁ စာသင် ကျောင်းနဲ့နီးသလို ရှေးဟောင်းအဆောက်အဦတွေများတဲ့ ရပ်ကွက်လည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။irrawaddy time

အင်းစိန်မြို့နယ်အတွင်း အသေးစား ပေါက်ကွဲမှုများ နေရာ ၆နေရာခန့်တွင်ဖြစ်ပွားခဲ့

ယနေ့ ဧပြီ ၂၅ရက်နေ့၊ နေ့လည် နှစ်နာရီအချိန်ခန့်မှ ည၈ နာရီ‌ခန့်အချိန်ထိ အင်းစိန်မြိုနယ်တွင်းတွင် ပေါက်ကွဲမှုများရှိပြီး စကစတပ်များမှလည်း အနီးနားရှိနေရာများအား လှည့်ပတ်စစ်ဆေးခြင်း၊ ဖြတ်သန်းယာဉ်များအား စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး အင်းစိန်အောင်ဇေယျကြိုးတံတားဆင်းနှင့်အင်းစိန်ဈေးနား တစ်ဝိုက်တွင် အဓိကအထိုင်ချလျက် ဖြတ်သန်းယာဉ်များအားစစ်ဆေးမှူများပြုလုပ်လျက်ရှိခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာအများစုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရူံးများဖြစ်ပြီး ဆုံးရှူံးမှူနှင့် ဒဏ်ရာရရှိသူများ၊ ဖမ်းဆီးခံရသူများမရှိဘူးဟု သိထားရပါတယ်။

အချို့ရပ်ကွက်များတွင် မီးဖြတ်ခံရမှုများလည်းရှိနေပါတယ်ဟု သတင်းရရှိထားပါတယ်။ဒီ လုပ်ကြံပေါက်ကွဲမှုတွေကို အကြောင်းပြုပြီး ရပ်ကွက်တွေထဲ ဝင်ဆွဲတာတွေ လုပ်နိုင်လို့ အနီးအနားရှိ ရပ်ကွက်နေ ပြည်သူများ သတိထားကြဖို့လည်း အင်းစိန်မြိုနယ်နေသူတစ်ဦးမှ သတိပေးနှိုးဆော်ထားပါတယ်။democracy vision

ကော့ကရိတ်တွင် ရဲနှင့်စစ်သား အပြန်အလှန်ပစ်ခတ် ၁ ဦးသေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဧပြီ ၂၅ ရက်ညနေက ရဲနဲ့ စစ်သား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိသွားပါတယ်။ ဒီညနေ ၄ နာရီလောက်က ကော့ကရိတ်မြို့ အမှတ် (၆) ရပ်ကွက် ဇိနသုခဘုရားပရဝဏ်အတွင်း စစ်ဆေးရေးဂိတ် စခန်းချ တပ်စွဲထားတဲ့ စစ်သားနဲ့ ရဲ စကားများပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ကော့ကရိတ်မြို့ခံ တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်ခဲ့ရာမှာ ကျုံဒိုးနယ်မြေရဲစခန်းက ရဲတပ်သား မောင်ဝင်းဘိုက ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး စစ်သားကတော့ စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။DVB

မြင်းခြံမြို့က အိမ်တစ်အိမ်ကို စစ်တပ်ကဝင်စီးပြီး ပစ္စည်းတွေကိုယူဆောင်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ စက်မှုဇုန် ခွာညိုလမ်းမှာရှိတဲ့ အိမ်တစ်အိမ်ကို စစ်တပ်က ဧပြီ ၂၅ ရက်နေ့ မနက် ၅ နာရီကျော်လောက်မှာဝင်စီးပြီး စာရွက်စာတမ်းတွေအပြင် တန်ဖိုးရှိပစ္စည်းအားလုံးကို ရှာဖွေယူဆောင်သွားတယ်လို့ သိရပါတယ်။အိမ်ပိုင်ရှင်မှာ စစ်ကောင်စီကဝရမ်းထုတ်တာကိုခံထားရတဲ့ ကိုသက်နိုင်အောင် (ခ) ကိုသက်ကြီးဆိုသူရဲ့အိမ်ဖြစ်ပြီး အဲ့ဒီ့အိမ်မှာမနေထိုင်တာကြာပြီလို့လည်း ကာယကံရှင်ဖြစ်သူကဆိုပါတယ်။ကိုသက်နိုင်အောင်ရဲ့အိမ်ကို စစ်တပ်ကဝင်စီးတဲ့အခါမှာ သူစုဆောင်းထားတဲ့ ရှေးဟောင်းကြွေထည်တွေ၊ ရုပ်ထုတွေအပြင် ဗိုလ်ချုပ်ပိုက်ဆံတွေအပါအဝင် ဆိုင်ကယ်ဦးထုပ်လိုပစ္စည်းမျိုးအထိ ရှာဖွေယူဆောင်သွားကြတယ်လို့ ကိုသက်နိုင်အောင်ကပြောပါတယ်။mizzima

ဟုမ္မလင်းမြို့တွင် ရဲစခန်းအပါဝင် နေရာ ၃ ခု ဗုံးကွဲ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ ဧပြီ ၂၄ ရက် ည ၈ နာရီက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဟုမ္မလင်းဒေသခံ တစ်ဦးက “ဟုမ္မလင်းမြို့မှာ ဗုံးပေါက်ကွဲတာ မြို့မရဲစခန်း၊ သီတဂူဆေးရုံနဲ့စာသင်ကျောင်းနားက မြို့မ ရပ်ကွက်အုပ်ချုပ်ရေးရုံးတို့မှာ ဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်မှာ လူထိခိုက်ဒဏ်ရာ ရတာတွေ မရှိဘူးလို့ ဟုမ္မလင်းဒေသခံတွေထံက သိရပါတယ်။DVB

« Older Entries