Monthly Archives: Apr 2021

မင်းတပ်မြို့ပေါ်ပစ်ခတ်မူတွင်စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦးသေဆုံးပြီး ရဲကား ၁စီးမီးရှို့ခံရ

ယနေ့နေ့လည် ၃ နာရီ၀န်းကျင်မှစပြီးမင်းတပ်မြို့ပေါ်တွင်စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ဒေသခံပြည်သူများအကြားအပြန်အလှန်ပစ်ခတ်မူများရှိခဲ့ကာ ယခုအချိန်တွင် ပြည်သူများကတူမီးသေနတ်များဖြင့်ခုခံပစ်ခတ်မှု့ကြောင့်စစ်ကောင်စီတပ်ဖွဲ့၀င် ၄ဦး သေဆုံးကာ ရဲကား ၁ စီးမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းမင်းတပ်မြို့ဒေသခံများကသတင်းပေးပို့သည်။
မင်းတပ်မြို့သို့စစ်ကူပေးပို့ရန် ပခုဣူနှင့်မတူပီမြို့မှစစ်ဗျူဟာဌာနမှစစ်ကားများလာရောက်နေသည်ဟုဒေသခံများကဆိုသည်။ Chin World        

ခိုလမ်မြို့နယ်တွင်း အာဏာသိမ်းစစ်ကောင်စီမှ ဒေသခံပြည်သူများ၏ ပစ္စည်းများအား အဓမ္မယူဆောင်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲတွင် အာဏာသိမ်းစစ်ကောင်စီမှ ဒေ သခံပြည်သူများ၏ အသုံးအဆောင်ပစ္စည်းများ ၊ စားသောက်ကုန်များ ယူဆောင်စားသောက်သည့်အပြင် ဒေသခံပြည်သူများ၏ မော်တော်ယဥ်များအား ချောဆွဲခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ နှင့် ဧပြီ လ ၂၄ ရက်နေ့တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ ကျိုင်းခမ်း(ခိုအွတ်)ကျေးရွာအုပ်စု ပါဆွမ့်ကျေးရွာတွင် ပြည်သူစစ်အပါအဝင် အာဏာသိမ်းစစ်ကောင်စီ အမှတ် ၅၇၄ ခြေမြန်တပ်ရင်း(ခမရ-၅၇၄) နှင့် အမှတ် ၅၇၆ ခြေမြန်တပ်ရင်း(ခမရ-၅၇၆) အင် အား ၁၀၀ ခန့်မှ ဒေသခံပြည်သူများ၏ စုစုပေါင်းတန်ဖိုးငွေ ၂၆၁၀၀၀ ကျပ်ရှိသည့် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များအား အဓမ္မယူ ဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

အာဏာသိမ်းစစ်တပ်များယူဆောင်သွားသည့် အ သုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များမှာ ဓါးမ 4 လက် ၊ ထမင်းချက်အိုးကြီး ၁ လုံး ၊ ရေထည့်ဗုံး ၁၅ လုံး နှင့် ဆန် ၁ တန်ခွဲ ၊ ပဲပုတ် ၂ ပိဿာ ၊ စားသုံးဆီ ၁ ဗူး နှင့် ကြက် ၂၀ ကောင် စသည်တို့ဖြစ်သည်။
ထို့အပြင်  ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်း ၃:၁၀ နာရီခန့်တွင် အာဏာသိမ်းစစ်တပ်မှ ၎င်းတို့၏ သောက်သုံးရန်အတွက် ဒေသခံပြည်သူ ၇ ဦးအား ထော်လဂျီ ၂ စီးဖြင့် ရေများခတ်ကာ ပို့ဆောင်ပေးရန်အတွက် အဓမ္မစေခိုင်းခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

အဆိုပါ ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်း ၀၅:၀၀ နာရီတွင် ခိုလမ်မြို့နယ် ပါဆွမ့်ကျေးရွာအနီး တောတွင်းတစ်နေရာတွင် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အာဏာသိမ်းစစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်မှ ပါဆွမ့်ရွာအားအသွားအလာကန့်သတ်ထားပြီ အပြစ်မဲ့ ရွာသား ၆ ဦးအား ဖမ်းဆီးထားခဲ့ပါသည်။       

မင်းတပ်မြို့မှာစစ်ကောင်စီတပ်ဖွဲ့နှင့်ပြည်သူများအကြားယနေ့ညနေ ၃ နာရီ၀န်းကျင်မှစပြီးတိုက်ပွဲဖြစ် ပွား

မင်းတပ်မြို့ဂေါက်ကွင်းနားမှာယနေ့ညနေ ၃ နာရီ၀န်းကျင်ကစပြီးစစ်ကောင်စီတပ်ဖွဲ့နှင့်ဒေသခံပြည်သူများအကြားအပြန်အလှန်ပစ်ခတ်မူတွေယခုထိတောက်လျှောက်ဖြစ်ပွားနေကြောင်း ဒေသခံတချို့ကသတင်းပေးပို့ပါတယ်။

“ညနေ ၃ နာရီ ၀န်းကျင်လောက်က ဂေါက်ကွင်းနားမှာအပြန်အလှန်ပစ်ခတ်ကြတာ အခုသေနတ်သံတွေကမြို့ထဲနဲ့နီးလာပြီ “ဟုမင်းတပ်ဒေသခံ ၁ ဦးကသတင်းပေးပို့သည်။

ဧပြီလ ၂၄ ရက်နေ့မှာမင်းတပ်မြို့ကသပိတ်မှာပါ၀င်တဲ့ အမျိုးသမီး ၄ ဦး၊အမျိုးသား ၃ ဦးအပါအ၀င်စုစုပေါင်း ၇ ဦး ကို ယနေ့နေ့လည်ကစစ်ကောင်စီတပ်ဖွဲ့၀င်တွေကဖမ်းဆီးသွားလို့မင်းတပ်မြို့မစျေးရှေ့မှာလူငယ်တွေကပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ကြပေမယ့်ပြန်မလွှတ်ပေးခဲ့ရာကစပြီးစစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့မင်းတပ်ဒေသခံပြည်သူများအကြားတင်းမာမူဖြစ်ပွားကာ ဧပြီလ ၂၄ ရက် ညမှာ chin world

CRPH အဖွဲ့ဝင် ၃ ဦး ထပ်တိုးကြောင်း ကြေညာ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ ထပ်တိုးအဖွဲ့ဝင်များအဖြစ် မကွေးတိုင်းဒေသကြီး NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPPမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်နှင့် ပန်းဘဲတန်းမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်တို့ ၃ ဦး ထပ်တိုးကြောင်း CRPH က ထုတ်ပြန်ကြေညာလိုက်သည်။

ဧပြီလ ၂ဝ ရက်တွင်ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တွင် အဖွဲ့ဝင်များအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။mizzima

ရန်ကုန်သပိတ်စစ်ကြောင်း လမ်း​ပေါ်ထွက် ချီတက်ဆန္ဒပ​ြ

ရန်ကုန်ပြည်သူများ၏ရန်ကုန်သပိတ်စစ် ကြောင်းသည် မင်္ဂလာစျေး၊ ယုဇနပလာဇာကြား၊ ဗညားဒလလမ်းပေါ်တွင် ဧပြီ ၂၆ရက် နေ့လယ် ၁၂နာရီခွဲက ချီတက် သပိတ်မှောက်ကြသည်။khit thit

ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ပေါင်းစုသပိတ်စစ်ကြောင်း

ထားဝယ်မြို့တွင်းမှာ ပြီ ၂၆ရက် ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တပ်ပေါင်းစု သပိတ်စစ်ကြောင်း လှည့်လည်ဆန္ဒပြခဲ့ပါတယ်။RFA

စစ်ကောင်စီက အင်အားသုံးရှာဖွေနေလို့ ကနီမြို့နယ်ပြည်သူ ၁၅၀၀ ကျော် ရှောင်တိမ်းနေရ

ဧပြီ ၂၆ ရက်၊ ဒီနေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကား ၂၄ စီးနဲ့ အင်အား ၅၀၀ လောက် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေနေလို့ ကျေးရွာ (၇) ရွာလောက်က ပြည်သူ ၁၅၀၀ ကျော်လောက်ဟာ နေအိမ်တွေကနေ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

မင်းမ၊ သမင်ခြံ၊ ပုဌော၊ တဇယ်ချောင်၊ မင်းကုန်း၊ ငါးဖျက်နဲ့ ရှမ်းမြောင်းကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်နေပြီး ကျေးရွာတွေက နေအိမ်တွေကို ဝင်ရောက်ကာ ဆိုင်ကယ်တွေ ယူဆောင်တာ၊ ကြက်၊ ဝက်တွေ သတ်ဖြတ်စားသောက်တာ၊ ဆန်အိတ်တွေ ယူဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက ဧပြီ ၂၄ ရက်နေ့က ရွာတွေကို ဒရုန်းတွေနဲ့ ကြည့်တယ်။ အဲဒီနောက် ပြည်သူ့တပ်တွေရှိမယ်ထင်တဲ့နေရာတွေကို ရောက်လာကြတာပဲ၊ အခု ပြည်သူ့တပ်တွေကို စစ်ကောင်စီက တောနင်းရှာနေကြပြီ။ ကျနော်တို့ ကနီနယ် တစ်ခုတည်းတင်မဟုတ်ဘဲ ဒေသအစုံက တော်လှန်ထကြွစေချင်တယ်။”ကနီမြို့နယ်ဟာ စစ်ကောင်စီတပ်ကို တူမီးသေနတ်တွေနဲ့ ပြန်လည်ခုခံတဲ့ ဒေသဖြစ်တဲ့အတွက် စစ်ကောင်စီတပ်တွေဟာ အဲဒီဘက်ဒေသတွေကို နေ့စဉ် ဝင်ရောက်ပစ်ခတ်နေတာဖြစ်ပါတယ်။RFA

မန္တလေးမြို့ ရတနာပုံဘဏ်မှာ ပေါက်ကွဲမှုဖြစ်ပွား

မန္တလေးမြို့၊ ၃၅လမ်း နဲ့ ၇၁လမ်းထောင့်က ရတနာပုံဘဏ်ရဲ့ မီးစက်ထားတဲ့နေရာမှာ ဒီကနေ့နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှ်သူတွေက ပြောပါတယ်။

” ဘဏ်ထဲက မီးစက်ထားတဲ့နေရာနားမှာ ပေါက်တာ၊ အစိမ်းရောင်အစလေးတွေကို စစ်သားတွေကတော့ သိမ်းသွားတာပဲ၊ ခုတော့ မြင်တဲ့အတိုင်းပဲ လမ်းတွေပိတ်ထားတယ်”လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း ရတနာပုံဘဏ်ရှေ့မှာ ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရပြီး အခုဖြစ်စဉ်ဟာ ဒုတိယအကြိမ်ဖြစတာလို့လည်း သိရပါတယ်။ပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်ရဖို့ VOMကနေ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

« Older Entries