Monthly Archives: Apr 2021

ချောင်းဆုံတွင် ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်​ကောင်စီ က ကားဖြင့်တိုက်သတ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ယ​နေ့ ည ၇ နာရီဝန်းကျင်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနီး၌ အကြမ်းဖက်စစ်ကောင်စီက ဆိုင်ကယ်မောင်းနှင်လာသော အပြစ်မဲ့ပြည်သူ ၂ ဦးကို ကားဖြင့်တိုက်သတ်၍ ပွဲချင်းပြီး သေဆုံးသွား​ကြောင်း မွန်ပြည်နယ် အမျိုးသားလွှတ်​တော်ကိုယ်စားလှယ် ဦးလင်းတင်​ဌေးက သူ၏ လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။khit thit

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ “ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ပလပ်ဝ)”ဖွဲ့စည်းကြောင်း ယနေ့ ဧပြီ (၂၉) ရက်နေ့ ကြေညာချက်ထုတ်ပြန်

မိုးမောက်မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာမှာ ဒီနေ့ ဧပြီလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်က ရွာထဲကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာသားတစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီးတစ်ဦးကတော့ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

တပ်မတော်ရဲ့ တပ်ရင်းထဲကနေ ပစ်ခတ်တဲ့လက်နက်ကြီးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။“လက်နက်ကြီးတွေနဲ့ အမြောက်တပ်ကနေ တစ်ချိန်လုံးပစ်နေတာ။ ဗုံးခိုကျင်းထဲလည်း နေတယ်။ အဲဒါကို အိမ်တည့်တည့် အမြောက်ဆန်မှန်တာ။

အိမ်မှာ ထမင်းချက်တုန်း လာထိတာ။ ရွာနားက မြန်မာစစ်တပ် တပ်ရင်း (၄၃၈) က ပစ်တာပါ”သေဆုံးခဲ့သူဟာ အသက် ၇၂ နှစ်အရွယ် ဦးဂျန်မာထွယ်ဝါ ဒဏ်ရာရရှိသူကတော့ အသက် ၂၇ နှစ်အရွယ် မရစ်ရွယ်ဆမ့် ဖြစ်ပါတယ်။မရစ်ရွယ်ဆမ့်မှာ လက်နက်ကြီးကြောင့် ညာဘက်လက်မောင်း ပြတ်ထွက်သွားတာလို့လည်း ကျေးရွာသားတွေက ပြောပါတယ်။

ဒဏ်ရာပြင်းထန်တာကြောင့် ဗန်းမော်ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့လည်း ဆိုပါတယ်။ကျေးရွာထဲကို ကျရောက်ပေါက်ကွဲတဲ့လက်နက်ကြီးဟာ တပ်မတော်က ပစ်ခတ်တဲ့လက်နက်ကြီးဖြစ်တယ်လို့ ဒေသခံကျေးရွာသားတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ နွမ်လန်းကျေးရွာဟာ အနီးဝန်းကျင်မှာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။မိုးမောက်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ ဧပြီ ၁၀ ရက်နေ့ကစတင်ပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ တပ်မတော်ဘက်က တိုက်လေယာဉ်တွေအသုံးပြုပြီး ဒီနေ့အချိန်ထိ တိုက်ခိုက်နေတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

RFA ရဲ့ မှတ်တမ်းအရ ဧပြီလ ၁၀ ရက်နေ့ကစပြီး ဒီနေ့ ၂၉ ရက်နေ့အထိ ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်သေဆုံးခဲ့သူ သံဃာတော် တစ်ပါးနဲ့ အရပ်သား ၁၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။RFA

ဖျာပုံမြို့ အောက်ကွင်းကျေးရွာ စက်ကလေးတဲကပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ ဗိုက်ပွင့်ဒဏ်ရာနဲ့ ကျဆုံး

ဖျာပုံမြို့ အောက်ကွင်းကျေးရွာ စက်ကလေးတဲမှာ ဧပြီလ (၂၈)ရက်နေ့ညဉ့်နက်ပိုင်းက အာဏာသိမ်းအကြမ်းဖက် စစ်တပ်ကဝင်ရောက်ပစ်ခတ်လို့ အမျိုးသားတစ်ဦး ကျဆုံးပြီး ပြည်သူ (၇)ဦးကိုစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ညဉ့်နက်ပိုင်းလူတွေအိပ်တဲ့အချိန်မှာ စစ်တပ်ကရွာတွေထဲအထိအကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကိုစံပေါ(ခ)ခေါင်းဖြူဆိုသူ ဗိုက်ပွင့်ဒဏ်ရာ၊လက်မောင်းဒဏ်ရာတွေရရှိခဲ့ပါတယ်။ဒဏ်ရာရရှိသူအပါအဝင် အမျိုးသား (၆)ဦးနဲ့ အမျိုးသမီး (၁)ဦးကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီနေ့ ဧပြီလ (၂၉)ရက်နေ့မနက်ပိုင်းမှာ ဘိုကလေးဆေးရုံမှာ ကိုစံပေါ ကျဆုံးသွားကြောင်းသိရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်ကွင်းကျေးရွာ ရက်ကွက်ရုံးကို ဧပြီလ (၂၈)ရက်နေ့မနက်ပိုင်းက အာဏာသိမ်းအကြမ်းဖက် စစ်တပ်ကလက်နှက်အားကိုးနဲ့ဝင်လာပြီး စံပြကျေးရွာအကြမ်းဖက်စစ်တပ်ထောက်ခံသူတစ်ဦးကို ဥပဒေမဲ့ အုပ်ချုပ်ရေးမှုးအဖြစ်ခန့်ထားခဲ့မှုကြောင့် အုပ်ချုပ်ရေးမှူးရုံးကိုမီးရှို့မှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး ညပိုင်းအချိန်မှာဝင်ရောက်ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်ကဖမ်းဆီးသွားတဲ့ ပြည်သူတွေကို ဧပြီလ (၂၈)ရက်နေ့ညကကတည်းက စစ်တပ်ဝန်းထဲအထိ ဖမ်းဆီးခေါ်ဆောင်သွားကြလို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုတွေကစိုးရိမ်နေကြတယ်လို့သိရပါတယ်။mizzima

သာယာဝတီမြို့နယ်ရှိ ခလရ ၃၅ လက်နက်တိုက်မီးလောင်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ တပ်မ ၆၆ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၃၅ ထဲက လက်နက်တိုက် ဒီကနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းကို မသိရသေးပေမယ့်လို့ “ ပေါက်ကွဲတာတော့သေချာပါတယ်။ ပြီးတော့ သူတို့အချင်းချင်းပဲ လုပ်တာနေမှာ။ တပ်ထဲကို အပြင်လူကဝင်မရဘူးလေ ” လို့ ဒေသခံတစ်ယောက်က သူ့အမြင်ကိုပြောပါတယ်။

လက်နက်တိုက်ဆိုတာဟာ စစ်သားတိုင်းလည်းအလွယ်တကူဝင်ထွက်ခွင့်မရှိသလို သီးသန့်အစောင့်နဲ့ လုံခြုံရေးတင်းကျပ် ထားရှိတဲ့နေရာလည်းဖြစ်ပါတယ်။ မီးလောင်ပေါက်ကွဲမှုကြောင့် ပေါက်ကွဲသံတွေဆက်တိုက်ထွက်လာတာကို အနီးအနားကပြည်သူတွေကြားရပြီး ကြောက်လန့် ပုန်းရှောင်ခဲ့ကြရတယ်လို့သိရပါတယ်။ဒီ့အပြင် လက်ပံတန်းမြို့နယ်က မီးသတ်ကားတွေအကုန်နီးပါး သာယာဝတီဘက်ကိုထွက်ခွာသွားတာ မြင်တွေ့လိုက်ရတယ်လို့လဲ ဒေသခံတစ်ယောက်ကပြောပါတယ်။mizzima

ကြံ့ခိုင်ရေးပါတီ မန္တလေးတိုင်းရုံး ဗုံးဖောက်ခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း ၂၇ လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(မန္တလေးတိုင်းဒေသကြီးရုံး)ကို ဧပြီ ၂၈ ရက် ညပိုင်းက လက်လုပ်ဗုံးနဲ့ပစ်ဖောက်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲသံကို ပတ်ဝန်းကျင်က ကြားလိုက်ရပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အနီးအနား ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

မနက်ပိုင်းမှာတော့ လုံခြုံရေးယူထားတာတွေ မတွေ့ရဘဲ ပုံမှန်အခြေအနေရှိနေပြီး CCTV မှတ်တမ်းအရ ဆိုင်ကယ်တစ်စီးနဲ့ လူ ၃ ဦးက လာပစ်သွားတာလို့ သိရပါတယ်။ဧပြီ ၂၈  ရက်ကလည်း စစ်ကောင်စီက ခန့်ထားတဲ့ မန္တလေး ဒုမြို့တော်ဝန်အိမ်မှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အပြင် ၃၈ လမ်း ၇၃ လမ်းမှာပါ ပေါက်ကွဲမှုဖြစ်ခဲ့လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တချို့ ဒဏ်ရာရသူ ရှိတယ်လို့ သိရပါတယ်။DVB

ပြည်သူတွေရဲ့ နေအိမ်တွေကို ရဲနဲ့စစ်တပ် အကြောင်းမဲ့ပစ်ခတ်

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၉၄လမ်း၊ သိမ်ဖြူမှတ်တိုင်အနီးရှိ တိုက်ခန်းတစ်ခန်းကို ဧပြီ ၂၈ ရက် မနေ့ကညပိုင်းမှာ စစ်ကောင်စီတပ်တွေက လေးခွတွေ၊ အုတ်ခဲကျိုးတွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ အိမ်နီးချင်းတစ်ဦးက ပြောပါတယ်။ညအချိန် လျှပ်စစ်မီးမပိတ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်ခတ်ခဲ့တာလို့ အကြမ်းဖျင်းသိရပြီး၊ ပစ်ခတ်မှုကြောင့် အခန်းရဲ့လေးဘက်လေးတန်မှန်ချပ်တွေ ကြေမွပျက်စီးသွားတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။RFA

« Older Entries