သမိုင်း ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနား ဗုံးပေါက်ကွဲမှုဖြစ်

မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့ ညနေ ပိုင်းမှာ လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လက်လုပ်ဗုံးကို ညနေ ၅ နာရီဝန်းကျင်ခန့်မှာ ဆိုင်ကယ်နဲ့ လာပစ်သွားပြီးနောက် အုပ်ချုပ်ရေးမှူးရုံး အရှေ့နား ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ၄င်းပေါက်ကွဲမှု အပြီးမှာ အုပ်ချုပ်ရေးမှူးရုံးအနီးက ဗလီနားမှာ စစ်ကားကြီး၂စီး၊ ကားသေး ၄စီးနဲ့၊ ဆိုင်ကယ်အချို့ ရောက်ရှိလာပြီး အနီးအနားကို ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးရုံးမှာ သမိုင်းဂုံးကျော်တံတားအောက် မှာ တည်ရှိတာ ဖြစ်တဲ့အတွက် ၅ နာရီ ၁၀ မိနစ်မှာ ဂုံးတံတားအပေါ် ကားတွေ ဖြတ်သန်းခွင့် ပိတ်လိုက်ပြီး မိုင်းရှင်းလင်းရေး အဖွဲ့တွေ လာရောက်ရှာဖွေခဲ့ကြပါတယ်။ ညနေ ၅ နာရီ ၃၉ မိနစ်မှာတော့ ကျန်ရှိနေတဲ့ ဗုံးတစ်လုံး ပေါက်ကွဲသံ ကြားခဲ့တယ်လို့ အနီးအနား နေသူတွေထံက သိရပါတယ်။democracy vision