Monthly Archives: May 2021

အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် ၄ ယောက်သေဟု CDF အ တည်ပြု

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဟားခါး) တို့ရဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် ၄ ယောက်သေတယ်လို့  Chinland Defense Force (CDF) ကအတည်ပြုပါတယ်။

“ မတူပီဘက်ကဝင်လာတဲ့ စစ်ကောင်စီရဲ့လုံခြုံရေးဂိတ်ရှိတယ်။ အဲ့ဂိတ်မှာ ၇ ယောက်ရှိတယ်။ အဲ့ဂိတ်ကို ကျွန်တော်တို့ CDF ကနေပစ်လိုက်တယ်။ အဲ့မှာ ၄ ယောက်ဒဏ်ရာအပြင်းအထန်ရသွားတယ်။ သေတယ်လို့တော့ ပြောလို့ရတာပေါ့နော်။ တစ်ယောက်တော့ ပွဲချင်းသေသွားတယ်။ ကျွန်တော်တို့ဘက်ကတော့ လောလောဆယ်အချိန်ထိ ထိခိုက်မှုမရှိသေးပါဘူး ” လို့  CDF တာဝန်ရှိသူတစ်ယောက်က မဇ္ဈိမကို မေလ ၂ ရက်နေ့ ၈ နာရီခွဲလောက်မှာ ပြောပါတယ်။

ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်မှာ ယနေ့ည ၇ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီနှင့် CDF-Hakha (သို့မဟုတ်) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟားခါး) တို့တိုက်ပွဲဖြစ်နေတာပါ။

သ တင်းရေးသားချိန်အထိ ပစ်ခတ်နေကြတုန်းဖြစ်ပြီး အရပ်သားတွေအနေနဲ့ သွားလာမှုရှောင်ကြဉ်ကြဖို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။mizzima

စစ်သားက အရပ်သား အယောင်အဆောင်သွားလာလှုပ်ရှားနေသဖြင့် ပြည်သူ့လုံခြုံရေးအတွက် ချေ မှုန်းပြီးလက်နက်များအား လုယူနိုင်ကြောင်း CDF ထုတ်ပြန်

အရပ်ဝတ်နဲ့ စစ်လက်နက်တွေကိုင်ဆောင်ပြီးပြည်သူတွေအကြား လှည့်လည်ကင်းစောင့်ပြီး အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ တရားမဝင်စစ်ကောင်စီစစ်သားတွေကို တွေ့တဲ့နေရာ၊ အချိန်မရွေး၊ မည်သူကမဆို ပြည်သူ့လုံခြုံရေးအတွက် ချေမှုန်းပြီး ထိုသူတွေရဲ့ လက်နက်တွေကို လုယူနိုင်ကြောင်းနှင့် CDF-Hakha ထံတွင် လာရောက်အပ်နှံနိုင်ပါရန် ဒီကနေ့ မေလ ၂ ရက်မှာ အသိပေးကြောငြာချက် ထုတ်ပြန်လိုက်ပါတယ်။chinland

ဟားခါးတွင် ပြည်သူ့ကာကွယ်​ရေးတပ်နှင့် အကြမ်း ဖက်စစ်​ကောင်စီတပ်များ တိုက်ပွဲစဖြစ်၊ စစ်​ကောင်စီဘက်မှ အကျအဆုံးရှိဟုဆို

ချင်းပြည်နယ်၊ ဟားခါးမြို့ ကျော်ဘုတ်ရပ်ကွက်တွင် ယနေ့ည ၆ နာရီ ၄၅ အချိန်မှစတင်၍ စစ်ကောင်စီနှင့် ပြည်သူ့တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား​နေ​ကြောင်း၊ စစ်​ကောင်စီဘက်မှ ၄ ဦး ကျဆုံး​ကြောင်း ချင်းအ​ခြေစိုက် သတင်းမီဒီယာများအားလုံးက သတင်း ​ဖော်ပြ​နေသည်။

ချင်းပြည်နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က မရားဖမ်းဆီးထားသူများ ပြန်လွှတ်ရန်၊ အကြမ်းဖက်မှုများ မလုပ်ရန် ​တောင်းဆိုထားပြီး အကြမ်းဖက်စစ်​ကောင်စီဘက်က ပျက်ကွက်ရာမှ တိုက်ပွဲများစတင်ဖြစ်ပွားခြင်း ဖြစ်​ကြောင်း သိရှိရသည်။

ရန်ကုန်​ခေတ်သစ်အ​နေဖြင့် ဟားခါးအ​ခြေအ​နေ သိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

ဖားကန့်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်သတ်လို့ ဦးခေါင်းနောက်စေ့ ကျည်ထိ ကျဆုံးသွားရသော ကိုဝေဖြို

အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဖားကန့်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့သော ကိုဝေဖြိုး အသက် ၃၃ နှစ် ကျဆုံးခဲ့ရသော မြင်ကွင်းဖြစ်ပါသည်။ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းနောက်စေ့တွင် ကျည်ထိမှန်၍ ကျဆုံးသွားရခြင်းဖြစ်သည်။khit thit

ဖားကန့် သပိတ်ဖြိုခွင်းစဥ် အကြမ်း ဖက် စစ်တပ်က စက်​သေနတ်၊ မိုင်း၊ လက်ပစ်ဗုံးသုံး၍ ၁ ဦး​သေပြီး ၂၀ ​ကျော်အပြင်းအထန် ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ​မေလ ၂ ရက်​နေ့စစ်အာဏာရှင် ဆန့်ကျင်​ရေး သပိတ်စစ်​ကြောင်းကို ဖြိုခွင်းစဥ် အကြမ်းဖက် စစ်​​ကောင်စီတပ်များက စက်​သေနတ်၊ မိုင်းနှင့် လက်ပစ် ဗုံး များ အသုံးပြုသဖြင့် ၁ ဦး​သေဆုံးပြီး ၂၀ ဦး​ကျော် ဒဏ်ရာရရှိ​ကြောင်း သပိတ်တွင်ပါဝင်သူက ​ပြောသည်။

“သပိတ်စစ်​ကြောင်းက လုံးခင်းသပိတ်စစ်​ကြောင်း။ ဖားကန့် ​မှော်ဝမ်း စီးပွား​ရေးဘဏ်​ရှေ့မှာဖြိုခွင်းတာ။ စက်​သေနတ်၊ မိုင်း၊ လက်ပစ်ဗုံးသုံးတယ်။ ကို​ဝေဖြိုးက ​ခေါင်း ထိပြီး ပွဲချင်းပြီး​သေတယ်။ ၂၀ ​ကျော်က မိုင်းစ၊ လက်ပစ်ဗုံးစ​တွေထိတယ်။ ​​သေနတ်မှန်တာ​တွေ​ရော။ ဒဏ်ရာရသူ​တွေ ​ဆေးမကုရဘူး။ ပုန်း​နေရတယ်။ စိုးရိမ်ရတဲ့ ဒဏ်ရာပြင်းထန်သူ​တွေလည်းပါတယ်”ဟု သပိတ်ပါဝင်သူက​ပြောသည်။khit thit

ဝက်လက်တွင် ဆန္ဒပြသူနှစ်ဦး ပစ်သတ်ခံရ၊ တစ်ဦး အလောင်းပြန်မရသေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ အထွေထွေသပိတ်စတင်ရန် လူစုနေချိန် အာဏာသိမ်းစစ်တပ်က ယနေ့ (မေ ၂) နံနက်အစောပိုင်း၌ ပစ်ခတ်ဖြိုခွင်းခဲ့ရာ အမျိုးသားနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သပိတ်တွင်ပါဝင်သည့် ဒေသခံများထံမှ သိရသည်။အသက် ၂၂ နှစ် အရွယ် မှဲ့ထိရွာသား ကိုမင်းဇင် ကျည်ထိမှန်ပြီး နေရာမှာပင် သေဆုံးခဲ့ကာ ၎င်း၏ရုပ်အလောင်းကို စစ်သားနှင့်ရဲများက ယူဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တစ်ယောက်က အလောင်းမရဘူး။ သူတို့ ဆွဲသွားတယ်။ နောက်တစ်ယောက်က ဆေးရုံပို့မယ့်ဆဲဆဲ လက်ပေါ်မှာပဲ ဆုံးသွားတာ” ဟု ၎င်းဒေသခံက အတည်ပြုပြောသည်။ဝက်လက်မြို့ပေါ်တွင် နေထိုင်သူ ၄၂ နှစ်အရွယ် ဦးဇော်ဦးမှာ နောက်ကျောမှ ရင်ဘတ်သို့ ထုတ်ချင်းပေါက် ကျည်ထိခဲ့ပြီး ၎င်းကို ဆေးရုံပို့ရန် ပြင်ဆင်နေစဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။စစ်အာဏာရှင်အား ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့အဖြစ် မေ ၂ တွင် နိုင်ငံအနှံ့မှ ဆန္ဒပြနေကြရာ ဝက်လက်မြို့သည်လည်း ပါဝင်ဆန္ဒပြရန် နာရီစင်အနီး လူစုနေစဉ် ဖြိုခွင်းခံရခြင်း ဖြစ်သည်။

“၈ နာရီခွဲလောက်မှာ စပစ်တာ။ အထွေထွေသပိတ် ဆန္ဒပြဖို့ လူစုတာ၊ မထွက်ခင်မှာ ရာဘာကျည် အချက်ပေါင်း မနည်းဘူး။ အဲဒါကို လူတွေက ပြိုမသွားတော့ ကျည်အစစ်နဲ့ပစ်တာ။ သေနတ်သံ ၇ ချက်၊ ၈ ချက်လောက် ကြားရတယ်” ဟု ၎င်းဒေသခံက ဆိုသည်။ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူ ၈ ဦးကို ဆေးကုသရန် လုံခြုံသည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၂၂ ရက် “၂ ငါးလုံး” ဆန္ဒပြပွဲတွင် လူဦးရေသောင်းချီစုဝေးနိုင်ခဲ့သော ဝက်လက်မြို့တွင် ယင်းနေ့နောက်ပိုင်း ပြောက်ကျားဆန္ဒပြနိုင်ခဲ့ပြီး ကျေးရွာလူထု လူအင်အားထောင်ချီဖြင့် ပြန်လည်စုဝေးသည့် ယနေ့တွင် ပစ်ခတ်ဖြိုခွင်းခံရခြင်း ဖြစ်သည်။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ယမန်နေ့ (မေ ၁) အထိ စစ်ကောင်စီလက်နက်ကိုင်များက ၇၅၉ ဦး ပစ်သတ်ခဲ့ပြီး လူ ၄၆၀၀ ခန့်ကို ထိန်းသိမ်းထားသည်။myanmar now

နောင်ချိုတွင် အကြမ်းဖက်စစ် တပ် ၏ ပစ်ခတ်မှု​ကြောင့် အသက် ၆၀ အရွယ် အဘိုးတစ်ဦး ဆီးခုံကျည်ထိ၍ ကျဆုံး

ရှမ်းပြည်နယ်၊ ​နောင်ချိုမြို့နယ်တွင် ​မေလ ၂ ရက်​နေ့ ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်ကို အကြမ်းဖက်စစ်တပ်က ပစ်ခတ် ဖြိုခွင်းရာ အသက် ၆၀ နှစ်အရွယ် အဘိုး တစ်ဦး ဆီးခုံကျည်ထိ၍ ကျဆုံးပြီး လူငယ် ၁ ဦး​ခြေ​ထောက်ကျည်ထိ ဒဏ်ရာပြင်းထန်​ကြောင်း သိရှိရသည်။”နောင်ချို မအိနောင့်လမ်းကြားမှာ တစ်ယောက်ကျတာပါ။ အခုထိ စစ်တပ်က ဆဲဆိုပြီး ​သေနတ် အချက်​ပေါင်း များစွာပစ်​​နေပါတယ်”ဟု ​နောင်ချိုမြို့ခံက​ပြောဆိုသည်။khit thit

သာကေတတွင် အကြမ်းဖက်စစ်တပ်က လူငယ်များကို လိုက်လံဖမ်းဆီး

ရန်ကုန် သာကေတမြို့နယ် ထူပါရုံလမ်းမပေါ်မှာ မေလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်လောက်က  အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက လူငယ်တချို့ကို ဖမ်းဆီးသွားပါတယ်။

လတ်တလော လူငယ် ဘယ်နှယောက် ဖမ်းဆီးခံရတယ်ဆိုတာကို အတိအကျမသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒီနေ့ မေလ ၂ ရက် ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့မှာ  ရန်ကုန် သာကေတမြို့နယ် အပါအဝင် နေရာတော်တော်များများမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။DVB

« Older Entries