Monthly Archives: May 2021

ဦးပိုင်ကုမ္ပဏီပိုင် ရွှေမန်းသူ ကားတွေရပ်နားရာနေရာမှာ ဗုံးပေါက်

ရန်ကင်းနဲ့ သင်္ကန်းကျွန်းမြို့နယ်ကြားရှိ ဝေဇယန္တာရာလမ်းနဲ့ သီတာလမ်းဆုံးက ရွှေမန်းသူကားတွေထားတဲ့နေရာမှာ မေလ ၅ ရက်နေ့ ည ၈ နာရီလောက်က ဗုံးပေါက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကို အဝေးကမြင်တွေ့သူတွေကတော့ အသံကြားရပြီး ပေါက်ကွဲမှုဖြစ်ပွားရာနားကလူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ခဏ အကြာမှာ စစ်ကောင်စီရဲ့လက်ပါးစေလက်နက်ကိုင်တွေရောက်လာတာတွေ့ရတယ်လို့ဆိုပါတယ်။လက်ရှိအချိန်မှာတော့ ပတ်ဝန်းကျင်မှာရှိတဲ့ နေရာတွေကို လိုက်လံ စစ်ဆေးနေတာတွေပြုလုပ်နေတယ်လို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေကိုတော့ အတည်အကျမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။DVB

ကွတ်ခိုင်ယ​နေ့တိုက်ပွဲတွင် အကြမ်းဖက် စစ်​ကောင်စီတပ်မှ အရာရှိနှင့်စစ် သည် ၃၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရ၊ ​မြောက်ပိုင်းမဟာမိတ်အဖွဲ့က စစ်ကောင်စီ၏လက်နက်ခဲယမ်းများ ဖမ်းမိ

ရှမ်းပြည်နယ်၊ကွတ်ခိုင်မြို့နယ် ယ​နေ့ MNDAA၊ KIA၊ TNLA ​မြောက်ပိုင်းမဟာမိတ်ပူး​ပေါင်းအဖွဲ့​များနှင့် အကြမ်းဖက် စစ်​ကောင်စီတပ်​များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်​ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးနှင့် စစ်သည် ၃၀ ကျော်ကျဆုံးကာ လက်နက်ခဲယမ်းများ MNDAA ကိုးကန့် အဖွဲ့က သိမ်းဆည်းလိုက်ကြောင်း သတင်းထုတ်ပြန်သည်။

MNDAA ၏ ထုတ်ပြန်ချက်တွင် မေလ ၄ ရက်နေ့ ညနေပိုင်းတွင် KIA နှင့်စစ်ကောင်စီတပ်များ ကွတ်ခိုင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ တပ်အင်အားရာနှင့်ချီ၍ အကြမ်းဖက်စစ်ကောင်စီမှ ရောက်ရှိလာကြောင်း၊ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့များက အကြမ်းဖက်စစ်ကောင်စီတပ်များကို ၀ိုင်းဝန်းပိတ်ဆို့ ပြီး တိုက်ခိုက်ကြောင်း၊ မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ၉ နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တိုက်ပွဲ ၂ နာရီကြာ ပြင်းထန်စွာ ဖြစ်ပွားပြီး စစ်ကောင်စီတပ်များ အကျအဆုံးများကာ လက်နက်ခဲယမ်းများ ဖမ်းမိခြင်းဖြစ်ကြောင်း သိရှိရသည်။

ကချင်သတင်းရင်းမြစ်တွင်မူ ရှမ်းမြောက်ကွတ်ခိုင်မြို့ အထက် မန့်ဘန် တွင် MDNAA ကိုးကန့်တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီစစ်တပ် ခမရ-(၉) စစ်ကြောင်းတိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီ စစ်တပ်ဖက်မှ ဗိုလ်ကြီး (၁) ယောက် အပါအဝင် ၃၀ ကျော်ကျဆုံးသွားပြီးအများအပြားဒဏ်ရရှိသွားကြောင်း၊ စစ်ကောင်စီစစ်တပ်၏လက်နက်ခဲယမ်းမြောက်အများကိုလည်း MNDAA တပ်ဖွဲ့များသိမ်းဆည်းရရှိထားကြောင်း သတင်းဖော်ပြထားသည်။khit thit

လေယာဉ်ဆီ သယ်လာသည့် ဆီဘောက်ဆာ ကားတစ်စီးပစ်ခတ်ခံရ။

မေလ ၅ရက်နေ့ ဒီကနေ့ ညနေပိုင်း ၅နာရီဝန်းကျင်တွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာအုပ်စု လွယ်ကျော်ရွာအနီး လမ်းမကြီးပေါ်တွင် အ​ကြမ်းဖက်စစ်တပ်၏ လေယာဉ်ဆီ တင်လာသည့် ဆီ‌ဘောက်ဆာ ကားတစ်စီး ပစ်ခတ်ခံရကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။

ပစ်ခံရသည့် ဆီကားတွင်ပါဝင်သူ ၂ဦးသည်လည်း သေဆုံးကြောင်း ဒေသခံများကပြောသည်။သို့သော် KNG သတင်းဌာနမှ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ဆက်ဖော်ပြမည်။kachin news

ဖာပွန်ဒေသပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၂၀၀ နီးပါး သေဆုံးခဲ့ဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၅) နယ်မြေ၌ မတ်လနှောင်းပိုင်းမှစ၍ ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိပ်တိုက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်ဖွဲ့ ဝင် ၂၀၀နီးပါး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစ၍ ယခုမေလဆန်းပိုင်းအထိ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၉၄ ဦး သေဆုံးပြီး ၂၂၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာ ကေအဲန်ယူဘက်မှလည်း ၉ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရှိခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

၎င်းက “သေတဲ့အထဲမှာ ဗိုလ်မှူးကြီး တစ်ဦး၊ ဒုဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်ကြီးက တစ်ဦး၊ ဒုဗိုလ်ကြီးက တစ်ဦး၊ ဗိုလ်က တစ်ဦး ၊ အရာခံဗိုလ်က တစ်ဦး၊ ကျန်တာကတော့ တပ်သားတွေပဲပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုတလကျော်အတွင်း စစ်ကောင်စီတပ်မှ KNU တပ်မဟာ(၅) နယ်မြေ အတွင်းသို့ လေကြောင်း (၂၇) ကြိမ် တိုက်ခိုက်ပြီး လက်နက်ကြီး ၄၇ လုံးပစ်ချခဲ့ကာ နှစ်ဖက်ထိတွေ့ တိုက်ပွဲပေါင်း (၄၀၇) ကြိမ် ဖြစ်ပွားခဲ့ ကြောင်းလည်း တပ်မဟာ (၅)ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဒေသခံကျေးရွာများနှင့် တောင်ယာစိုက်ပျိုမြေများအတွင်း လက်နက် ကြီးကျည် ပစ်ခတ်မှု (၅၇၅) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက် ခိုက်မှုကြောင့် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၈ ဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ် အလုံး ၂၀နှင့် စာသင်ကျောင်း ၂ လုံးအပါအဝင် ဒေသခံကျေးရွာသားများ၏ ပစ္စည်းအများအပြား ပျက်စီးဆုံးရှုံးသွားခဲ့ဟု KNU တပ်မဟာ ၅ က ပြောသည်။

လတ်တလောတွင် KNU ဘက်မှ စစ်ကောင်စီ၏ ရိက္ခာလမ်းကြောင်းများကို ပိတ်ဆို့ ထားမှုများကြောင့် ရိက္ခာ ပြတ်လပ်မှုကြုံတွေ့ နေရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဒေသခံလူထုများထံမှ ငွေကြေး သိန်း (၅၀) အပြင် အိမ်စီးကားတစ်စီး၊ ဆန်အိတ် (၂၀)အပါအဝင် အခြားအခြေခံစားသောက်ကုန်ပစ္စည်းများကိုလည်း အဓမ္မသိမ်းယူခဲ့ကြောင်းလည်း KNU တပ်မဟာ (၅) ၏ လချုပ်စာရင်းအရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် (၅၀၀) ကျော်ဖြင့် အင်အား ဖြည့်တင်းမှုများရှိနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိကာ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု များ ပိုမိုများပြားလာဖွယ်ရှိမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

နေ့စဉ် ပစ်ခတ်မှု နှင့် တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် ဖာပွန်-ကမမောင်းလမ်းအပါအဝင် ကုန်သွယ်ရေး၊ ဆက်သွယ်ရေး လမ်းကြောင်းအများအပြားကို နှစ်ဖက်တပ်များမှ ပိတ်ပင်တားမြစ်ထားခြင်းကြောင့် အရပ်သား များတိုက်ပွဲများအကြား ပိတ်မိနေကာ စားနပ်ရိက္ခာပြတ်လပ်မှုများကို ကြုံတွေ့နေကြရကြောင်း ကမမောင်း ဒေသခံများက ပြောသည်။KIC

KNU တပ်မဟာ(၅)နှင့် ထိတွေ့မှု၌ စစ်ကောင်စီ ကားတစ်စီးတိမ်းမှောက်၊ ကားပေါ်ပါ (၇) ဦးစလုံး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ် ဖွဲ့ဝင်များ အကြား ယမန်နေ့ (မေလ ၄ရက်)က ဖာပွန်မြို့အနီး ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင် စီ တပ်ဖွဲ့ဝင် (၇)ဦးစလုံး သေဆုံးသွားခဲ့ကြောင်း KNU ဘက်က ပြောသည်။

ယမန်နေ့ မွန်းတည့်(၁၂) နာရီ ဝန်းကျင်ခန့်တွင် ဖာပွန်မြို့ အရှေ့ဘက်ခြမ်းရှိ ဖာပွန်မြို့ နှင့် ခေါပူ စပ် ကြားတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ် မတော်- KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ် ဖွဲ့ဝင်အကြား ရင်ဆိုင် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး ၎င်းဖြစ်စဉ်၌ စစ်ကောင်စီဘက်မှာ ကားတိမ်းမှောက်ခဲ့ကြောင်း တပ်မဟာ (၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလိုပြောသည်။

၎င်းက “မနေ့ ညနေပိုင်းက ကျနော်တို့ဆီကို သတင်း ပေးပို့လာချက်အရ ကျနော်တို့ လူတွေနဲ့ စစ်တပ်အ ကြား တိုက်ပွဲဖြစ်ပေါ်ခဲ့တယ်။ ဖာပွန်နဲ့ ခေါပူ အ ကြားလောက်မှာဖြစ်တာ။ မွန်းတည့် ၁၂ရီလောက်မှာ။ အဲ့ဒီ ဖြစ်စဉ်မှာ စစ်တပ်ဘက်က ကားတစ်စီး မှောက်သွားတယ်။ အဲ့ကားတစ်စီးမှာ လူ ၇ ယောက်ပါတယ်။ အဲ့ ၇ယောက်စလုံး သေသွားတယ်။ ကားတစ်စီးလုံးလည်း ပျက်စီးသွားတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်မှုမရှိဘူးလို့ သတင်းပို့ လာကြတယ်” ဟုကေအိုင်စီသို့ပြောသည်။

ထို့အပြင် ယမန်နေ့ ညပိုင်းတွင်လည်း လေယာဉ်တစ်စီး ဝဲပျံလာပြီး ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်း မရှိသေးကြောင်း နှင့် လက်ရှိအချိန်ထိ KNU ဘက်မှ ၎င်းတို့၏ ရိက္ခာလမ်းကြောင်းများကို ပိတ်ဆို့ ထားသော ကြောင့် စစ်ကောင်စီ ဘက်မှလည်း အရပ်သား သွား လာမှု လမ်းကြောင်းများကို ပြန်လည် တားမြစ်ပိတ် ဆို့ထားကြောင်း ဒု ဗိုလ်မှူးကြီး စောကလယ်ဒို့ ကဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစ၍ ယခု မေလ ၄ရက်နေ့ အထိ KNU တပ်မဟာ (၅) နှင့် စစ်ကောင် စီ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း ၄၀၇ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၁၉၄ ဦးသေ ဆုံးပြီး ၂၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ KNU ဘက်မှ ၉ ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ ၅ က ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ၅၇၅ ကြိမ်၊ လေကြောင်းဖြင့် ၂၇ ကြိမ်လာရောက်ပစ်ခတ်ခဲ့ပြီး ဗုံးသီး (၄၇) လုံးပစ်ချခဲ့ကြောင်း၊ ထို သို့ ပစ်ခတ်မှုကြောင့် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၈ ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့သလို စာသင်ကျောင်းနှင့် လူနေအိမ်များအပါအဝင် ပြည်သူပိုင် ပစ္စည်းအ မြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ကေအဲန်ယူ တပ်မဟာ ၅ စာရင်းအရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဝါ့ကလဲခို နေရာတွင် စစ်ကောင်စီ ၏ ခြေမြန် တပ်ရင်း(ခမရ-၄၀၈)တပ်ဖွဲ့ဝင်များကိုတင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀နီးပါး အပြင်းအထန် ထိ ခိုက်မှုနှင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့သေးသည်။ KIC     

မြစ်ကြီးနားဆိုင်ကယ်သပိတ်ကို ရဲနှင့်စစ်တပ်က ကားဖြင့်ဝင်တိုက်၊ အမျိုးသမီး ၄ ဦးကို ဖမ်းဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မေလ ၅ ရက် မနက် ၈ နာရီကျော်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ရာ ရဲနဲ့ စစ်တပ်က အိမ်စီးကားတွေနဲ့ လိုက်တိုက်ခဲ့ပြီး အမျိုးသမီး ၄ ဦးနဲ့ ဆိုင်ကယ် ၃ စီးကို ဖမ်းဆီးယူဆောင်သွားပါတယ်။

သပိတ်ဦးဆောင်သူ တစ်ဦးက “အခုလောလောဆယ်  မိန်းကလေး လေးယောက်နဲ့ဆိုင်ကယ် သုံးစီးကိုဖမ်းသွားတယ်လို့သိထားတယ်။  ဆိုင်ကယ်သပိတ်စစ်ကြောင်းကို အိမ်စီးကားနဲ့ အရှေ့ကရော အနောက်ကရော ညှပ်ပိတ်ပြီးဖမ်းတာ”လို့ပြောတယ်။

ဆိုင်ကယ်စီးသပိတ် တပ်ကုန်းရပ်ကွက် စံပြနယ်မြေအရောက်မှာ အိမ်စီးကား ၇ စီးလောက်က အရှေ့အနောက်ညှပ်ဖမ်းပြီး ၅ မိနစ်လောက် အကြာမှာ ရဲကားစစ်ကားတွေ ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။

ဒီနေ့မနက် ၁၀ နာရီလောက်ကလည်း အထွေထွေသပိတ်မှလူငယ်တွေ မြစ်ကြီးနားမြို့လယ် စည်ပင်သာယာပိုင် စျေး(၁)အရှေ့မှာ လမ်းလျှောက်သပိတ်နဲ့ ဆန္ဒပြပြီး အောင်မြင်စွာ လူစုခွဲခဲ့ကြပါတယ်။ DVB

ကျောက်ဆည်တက္ကသိုလ်အနီး ​တောမ​ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီမှ ရဲတပ်ဖွဲ့ဝင်၃ဦး ဓားခုတ်ခံရ၍ သေဆုံး၊ ၅ ဦးထွက်​​ပြေးလွတ်​မြောက်

ကျောက်ဆည်မြို့၊ ​ကျောက်ဆည်တက္ကသိုလ်အနီး ​တောမ​ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင် စီ မှ ရဲများကို အမည်မသိ လူတစ်စုက ​မေလ ၄ ရက်​နေ့ညသန်း​ခေါင်အချိန် ဓါးဖြင့် ဝင်ခုတ်ရာ ၃ ဦး​သေ ဆုံးပြီး ၅ ဦးထွက်​ပြေးလွတ်​မြောက်သွား​ကြောင်း သိရှိရသည်။

အဆိုပါရဲကင်းသည် ကျောက်ဆည်တက္ကသိုလ်နှင့် တရုတ်​ရေနံပိုက်လိုင်းကို လုံခြုံ​ရေးယူ​ပေး​နေသည့်ရဲကင်းဖြစ်ပြီး ​မေလ ၅ ရက်​နေ့တွင် အကြမ်းဖက်စစ်​​ကောင်စီတပ်များက ပိတ်ဆို့ရှာ​ဖွေ စစ်​ဆေးမှုများ လုပ်​ဆောင်​နေ​​ကြောင်း သိရှိရသည်။khit thit

တရုတ်ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးယူနေသည့် အကြမ်းဖက်တပ်ဖွဲ့ဝင် ၃ ဦး ဓားဖြင့်ခုတ်ခံရပြီး သေဆုံ

မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ ကျောက်ဆည်တက္ကသိုလ်အနီး တောမရွာမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို  မေ ၅ ရက် မနက် ၅ နာရီလောက်မှာ အမည်မသိလူတစ်စုက ဓားတွေနဲ့  ဝင်ခုတ်ရာ ၃ ဦး  ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

ကျန်စစ်အုပ်စုအဖွဲ့ဝင်တွေကတော့ သေနတ်ပစ်ဖောက်ပြီး ထွက်ပြေးသွားကြပြီး ဒီဖြစ်စဉ်ကြောင့် တောမရွာထဲကို စစ်ကားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းရှာဖွေနေပြီလို့ ရွာခံတွေက ပြောပါတယ်။

တောမရွာက ဒလန်တွေကိုလည်း အကြမ်းဖက်စစ်သားတွေက “ ဒီလိုလာသတ်သွားတဲ့သူကို မသိရကောင်းလား” ဆိုပြီး သေနတ်ဒင်နဲ့ ထုသွားတယ်လို့ မျက်မြင်ရွာသားတွေက ပြောပါတယ်။ 

ဒါ့အပြင် တောမရွာက ပညာနန်းတော် ကျူရှင်ဆရာ ဦးမျိုးမင်းသော်ရဲ့ နေအိမ်ကို ဝင်ရောက် ဖျက်ဆီးသွားပြီး ပစ္စည်းအချို့ကို လုယက်ယူငင်သွားကြပါတယ်။

“ဒါပေမဲ့ ဆရာကိုတော့ အကြမ်းဖက်တွေ မိမသွားဘူးလို့သိရပါတယ်။  အကယ်၍ ဆရာ့ကို တွေ့ခဲ့ရင် တစ်ခါထဲ ပစ်သတ်မယ်လို့ ကြိမ်းသွားတယ်” လို့  ရွာသားတစ်ဦးက ပြောပြပါတယ်။

ဒီနေ့ မနက် ၁၁ နာရီကျော်အထိ ရွာထဲမှာ သေနတ်ပစ်ဖောက်နေကြဆဲလို့ သိရပါတယ်။ ကျောက်ဆည် တက္ကသိုလ်ကျောင်းဝင်းထဲက  Non CDM ဆရာ ဆရာမတွေနဲ့  ဝန်ထမ်းတွေကတော့ သေနတ်သံတွေကြောင့်  အလွန်စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းနဲ့ စစ်အာဏာရှင်ယန္တရားကို အသက်သွင်းပေးနေတဲ့ ဆရာ ဆရာမတွေနဲ့ ဝန်ထမ်းတွေရဲ့ အသက်အန္တရာယ်ကို အာမမခံကြောင်း  သတိပေးစာတစ်စောင် မကြာသေးခင်  ရက်ပိုင်းအတွင်းက ကျောက်ဆည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KDDF)က ထုတ်ပြန်ထားထားပါတယ်။ DVB

တိုက်ပွဲဖြစ်နေဆဲ ဟားခါးမြို့တွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၉ ဦးအထိ ရှိလာ

ချင်းပြည်နယ်မြို့တော် ဟားခါးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ယမန်နေ့ (မေ ၄) ညပိုင်းတွင် စစ်တပ်မှ တစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် စစ်ကောင်စီဘက်မှ သေဆုံးသူ ၉ ဦးအထိ ရှိလာသည်။

ဟားခါးမြို့ မြို့ပတ်လမ်းပေါ်ရှိ အင်းဝဘဏ်အနီးတွင် ယမန်နေ့ ည ၈ နာရီခွဲခန့်၌ စစ်တပ်နှင့် CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။“အင်းဝဘဏ်ရှေ့ ဘီအိုစီဘေးနားမှာ အမြဲတမ်းကင်းစောင့်နေတဲ့ စစ်သားနှစ်ယောက်ကို သွားပစ်တယ်။ အဲ့ဒီမှာ တစ်ယောက်က ပွဲချင်းပြီးကျတယ်။

တစ်ယောက် ကျည်ထိတယ်” ဟု CDF (ဟားခါး) မှ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။ စစ်ကောင်စီက ဖမ်းဆီးထားသည့် ဟားခါးမြို့ခံ ၆၀ နီးပါးကို မေ ၂ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ပြန်လွှတ်ပေးရန် CDF က တောင်းဆိုခဲ့ရာတွင် စစ်ကောင်စီက ပြန်လွှတ်ပေးခြင်း မရှိသဖြင့် သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

မေ ၂ ညပိုင်းတွင် ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်၊ လုံခြုံရေးဂိတ်စခန်းကို CDF က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်မှ ၄ ဦး သေဆုံးသည်။ မေ ၃ ညတွင်လည်း အမှတ် ၆ လမ်းဆုံရှိ လုံခြုံရေးဂိတ်ကို CDF က ဝင်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရသည်ဟု CDF ဘက်က ဆိုသည်။

ဟားခါးမြို့ ညပိုင်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၉ ဦးအထိ ရှိလာသော်လည်း ၎င်းတို့ဒေသခံများဘက်မှ ထိခိုက်ကျဆုံးသူမရှိဟု CDF က ဆိုသည်။ထိုသို့ တိုက်ခိုက်ခံရမှုများကြောင့် ယမန်နေ့မှစတင်ကာ ဟားခါးမြို့အဝင်အထွက်ဂိတ်များကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်၍ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“လုံခြုံရေးက တအားတင်းကျပ်တယ်။ ရဲစခန်းမှာတောင် သေနတ်နဲ့ကိုင်ပြီး ကင်းစောင့်နေတာ။ စစ်သားတွေက ကားနဲ့ ကင်းလှည့်တာမျိုးတင်မဟုတ်ဘဲ လမ်းလျှောက်ပြီး မြို့ထဲမှာ ကင်းလှည့်တာမျိုးရှိတယ်။ မြို့ထဲကတော့ ပုံမှန်အတိုင်း အသွားအလာရှိတယ်။ စျေးဆိုင်တွေလည်း ဖွင့်တယ်” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့နံနက်ကလည်း ပစ်ခတ်မှုဖြစ်ခဲ့သော အင်းဝဘဏ်အနီး၌ နေထိုင်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ချင်းပြည်နယ်အခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များကို ခုခံတော်လှန်ရန် ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုနှင့် ပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများ စုစည်းကာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force) ကို ဧပြီလဆန်းပိုင်းတွင် ဖွဲ့စည်းခဲ့သည်။

ဧပြီလကုန်ပိုင်းက ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံများကြား ၄ ရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ နီးပါး သေဆုံးခဲ့သည်။myanmar now

ကွတ်ခိုင်ယမန်​နေ့ညတိုက်ပွဲ​ကြောင့် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ၊ ယ​နေ့လည်း တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်၊ကွတ်ခိုင်မြို့နယ်တွင် ယမန်​​နေ့ညပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း​ကြောင့် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရှိရသည်။အကြမ်းဖက်စစ်​ကောင်စီတပ်များနှင့် ​မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယ​နေ့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွား​နေဆဲဖြစ်​ကြောင်း သိရှိရသည်။khit thit

« Older Entries