Monthly Archives: May 2021

ကေအိုင်အေ တပ်မဟာ ၈ နှင့် အလောဘွမ်ဘက် လေယာဥ်ဖြင့် တိုက် ခိုက်

မေ ၆ ရက်​နေ့က နှစ်​နေရာမှာ တိုက်ခိုက်ခံရပြီး​နောက် မိုးညှင်းမြို့နယ်ရှိ  ကေအိုင်အေတပ်မ ဟာ(၈)နယ်မြေတွင် ယ​​နေ့ နေ့လယ် ၁၂နာရီခန့် က စစ်ကောင်စီလက်နက်ကိုင်တပ်များသည် လေယာဥ်ဖြင့် လေးကြိမ်လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

​ကေအိုင်​အေ တပ်မဟာ ၈ က မိုးညှင်းမြို့နယ် ရထားလမ်းဘက်ရှိ တောင်နီ မှာ စစ်​ကောင်စီ လက်နက်ကိုင် ယာဥ်တန်းကို မိုင်းခွဲ  တိုက်ခိုက်ခဲ့သလို ​ရွှေကူမြို့မှာလည်း စစ်သား​တွေပါလာသည့် သ​ဘောကို တိုက်ခိုက် ခဲ့ပြီး  စစ်ကောင်စီလက်နက်ကိုင်များ အကျအရှုံးများသည့်အတွက်ကြောင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီလက်နက်ကိုင်များ လာရောက်ပစ် ခတ်သည့်အတွက် ပြည်သာရဲ့  နေအိမ်တစ်အိမ်ဘသာ အနည်းငယ် ထိခိုက်သွား​ကြောင်း လည်း သိရသည်။

မိုး​မောက်မြို့နယ် မြို့သစ်၊ကုန်းလော စလောင်းကုန်းဘက် နှင့် အ​​လော့်ဘွမ် ဘက်ကိုလည်း ယ​ နေ့  မနက် ၅နာရီမှ စ၍ နေ့လယ်ပိုင်းအထိ လေယာဥ်ပျံလေးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ​ကေအိုင်​အေ သတင်းနှင့်ပြန်ကြား​ရေး ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်တပ်များ မိုးမောက်မြို့နယ် ရှိ စလောင်းကုန်းနှင့် အလောဘွမ် ဘက်ကို  စစ်အင်အား စစ်အား ပိုမိုတိုးချဲ့လာတယ် မြင်ကြောင်းလည်း  ဗိုလ်မှူးကြီးနော်ဘူမှ ပြောသည်။

မေ ၆ရက်နေ့ မိုးမောက်မြို့ တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များ အချင်းချင်း ပစ်ခတ်မိသည့်အတွက် သေဆုံးသူများရှိပြီး ရွှေကူမြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များ စီးနှင်းလိုက်ပါလာသည့် သင်္ဘောကို ကေအိုင်အေတပ်များက ပစ်ခတ်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာများ ရပြီး သေဆုံးသူများလည်း ရှိသည်။kachinwaves

လေယာဥ်ဖြင့်အချင်းချင်း မှားယွင်းပစ်ခတ်၍ စစ်​ကောင်စီလက်နက်ကိုင်စစ်သား ၃၀ကျော်​သေ၊ ၈၀​ကျော် ​ဒဏ်ရာရ

မိုးမောက်မြို့နယ် တိုက်ပွဲတွင် ​မေ ၆ရက်​နေ့က စစ်သားတစ်ရာကျော်ပါသည့် စစ်ကောင်စီလက်နက်ကိုင်စစ်ကြောင်းအား အချင်းချင်းလေယာဥ်ဖြင့် မှားယွင်းပစ်ခတ်မိသည့်အတွက် စစ်သားအယောက် ၃၀ကျော် သေဆုံးပြီး ၈၀ကျော် ဆေးကုသမှုခံယူနေရကြောင်း ​ကေအိုင်အို သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူကပြောသည်။

စစ်ကောင်စီလက်နက်ကိုင်တပ်များ မေ ၆ရက်နေ့တွင် နေရာသုံးနေရာ၌ တိုက်ခိုက်ခံရပြီး စစ်သားအယောက်နှစ်ရာကျော် ဒဏ်ရာရကာ သေဆုံးသွားသူများလည်း အများအပြားရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။“မိုးညှင်းရထားလမ်းဘက် ‌တောင်နီမှာလည်း မြစ်ကြီးနားဘက်ကို တက်လာတဲ့ စစ်ကောင်စီလက်နက်ကိုင်ကား​တွေ အ‌ဝေးထိန်းရီမုတ်မိုင်း တိုက်ခိုက်ခံရပြီး တော်တော်များများ ထိခိုက်ဒဏ်ရာရကြတယ်။

ရွှေကူမှာလည်း သင်္ဘောနှစ်စီး ပစ်ခံရတယ် အဲ့မှာလည်း တော်တ်ောများများ ထိခိုက်ဒဏ်ရာရကြတယ် သေဆုံးတဲ့သူလည်း ရှိတယ်။ မိုးမောက်မှာလည်း သူတို့အချင်းချင်း ​လေယာဥ် နဲ့ ပစ်ခတ်မိလို့ ၃၀ကျော် သေတယ် ၈၀ကျော် ဆေးကုနေရတယ်”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ယနေ့လည်း မိုးမောက်မြို့နယ်ရှိ စ​လောင်းကုန်း နှင့် အလောဘွမ်ဘက်တွင် စစ်ကောင်စီလက်နက်ကိုင်များက လေယာဥ်ဖြင့် လာ​စောက်ပစ်ခတ်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။kachin waves

ကနီမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမအနောက်ဘက်  မုံရွာ-ယာကြီးလမ်း မိုင်တိုင် ၂၉ အနီး  အောင်မင်္ဂလာရွာနောက်မှာ  မေလ ၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ဒေသစံတော်ချိန် ၁ နာရီခွဲလောက်မှာ ထိပ်တိုက်တွေ့တိုက်ပွဲ ဖြစ်နေကြတယ်ဗျ။ မနက်ကတည်းက ‌ရွာတိုင်းမရှိတဲ့သူတွေ ဘေးလွတ်ရာကို ရှောင်နေရတယ်။ သမင်ခြံရွာရဲ့ အနောက်ဘက် ကျောက်လုံးကြီးကျေးရွာအနီးကို လက်နက်ကြီးတွေနဲ့ပစ်တယ်။ အဲရွာနားမှာရှိတဲ့ တောကျောင်းဘုန်းကြီးကျောင်းကို အဲကောင်တွေမီးရှို့သွားတယ်။”လို့ ပြောပါတယ်။

စစ်သာတွေက ကျေးရွာထဲ သေနတ်ဖောက်ဝင်ရောက်ပြီး အိမ်တွေမှာရှိတဲ့ပစ္စည်းတွေ ယူဆောင်တာ သယ်လိုမရတဲ့ပစ္စည်းတွေ ရိုက်ခွဲဖျက်ဆီးတာတွေလုပ်ခဲ့သလို ဒေသခံတွေ မွေးမြူထားတဲ့တိရိစ္ဆာန်တွေကို ရိက္ခာအဖြစ်ယူသွားတယ်လို့လည်း ပြောပါတယ်။

မေလ ၆ ရက်နေ့ကလည်း ကနီမြို့နယ်အတွင်း ၃ နေရာမှာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ၁  ဦးကျဆုံးပြီး စစ်ကောင်စီတပ်ဘက်က  ၄ ဦး ကျဆုံးပါတယ်။ နောက်ပြီး ဒဏ်ရာရသူလည်း အများပြားရရှိသွားပါတယ်။ ဒေသခံတွေက စစ်ကောင်စီရဲ့ ကား ၂ စီးကိုလည်း  မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။DVB

KNU နှင့် ရခိုင်ပြည်တပ်မတော် ANCတို့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပူးပေါင်းသိမ်း၊ ထိုင်းအာဏာပိုင်များ အကူအညီတောင်း၍ စစ်ကောင်စီတပ်သားများ ထွက်ပြေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်၊ သံလွင်မြစ်ကမ်းပေါ်မှ အကြမ်းဖက်စစ်ကောင်စီ၏ စခန်းတစ်ခုကို ယနေ့ နေ့လယ်ပိုင်းတွင် KNU နှင့်အတူ ရခိုင်ပြည်တပ်မတော်(ANC/AA) လှုပ်ရှားစစ်ကြောင်းက ပူးပေါင်းသိမ်းလိုက်ကြောင်း ANC က သတင်းထုတ်ပြန်သည်။

မေလ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNU/KNLA) နှင့် ရခိုင်ပြည်တပ်မတော် (ANC/AA) လှုပ်ရှားစစ်ကြောင်းများ ပူးပေါင်း၍ ကရင်ပြည်၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ အာဏာသိမ်းစစ်ကောင်စီစခန်းတခုအား သိမ်းပိုက်၍ စစ်လက်နက်ပစ္စည်းများအား သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထိုင်းအာဏာပိုင်များကို အကူအညီတောင်းကာ အခြားစခန်းတခုသို့ တိမ်းရှောင်ထွက်ပြေး သွားကြကြောင်း သိရှိရသည်။khit thit

K.I.A ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီ ရေယာဥ် နစ်မြုပ်၊ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သား ၃၀ ကျော် သေ

ဓာတ်ပုံ – ပုံအဟောင်းကို အသုံးပြုထားသည်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးအနီးတွင် မေလ ၆ ရက် ညပိုင်းက K.I.A ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ရေယာဥ်နစ်မြုပ်ပြီး စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့သည်ဟု ကချင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြု ပြောဆိုသည်။

ယမန်နေ့ ည ၈ နာရီဝန်းကျင်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ရေယာဥ်ကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် K.I.Aက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။khit thit

မအလစစ်သားများ အူးသူထာ့စ ခန်းမှထွက်ပြေး၊ ကျန်ရှိ လက်နက်ခဲယမ်းများ KNU သိမ်းယူ (Video)

ယနေ့မနက် KNU မှ သိမ်းပိုက်လိုက်သော အူးသူထာ့စခန်းတွင် စစ်ကောင်စီတပ်သားများမရှိတော့ပဲ စခန်း၌ကျန်ရှိနေသည့် လက်နက်ခဲယမ်းများကို KNU မှ သိမ်းယူလိုက်ပြီး အဆိုပါ စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းရရှိသည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ထိုင်း-မြန်မာနယ် စပ်၊ သံလွင်မြစ်ကမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီ၏ အူးသူထာ့စခန်းကို ကရင်အမျိုး သားအစည်းအရုံး KNU မှ ယနေ့မနက်မှာ သိမ်း ပိုက်ခဲ့ခြင်းဖြစ်သည်။khit thit

မန္တလေးအာမခံရုံး ဒုတိယအကြိမ်ဗုံးကွဲ

မန္တလေးမြို့၆၃လမ်း၊၃၄လမ်းနဲ့၃၅လမ်းကြားမှာရှိတဲ့မြန်မာ့အာမခံရုံး(တိုင်းဒေသကြီး )မှာ ဒုတိယအကြိမ်ဗုံးကွဲမှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါနေရာကိုလက်ရှိမှာ စစ်ကောင်စီတပ်တွေရောက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ပတ်အတွင်းမှာလည်း အဲဒီနေရာမှာ ဗုံးကွဲမှုဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက ၂ရက်ခန့် လုံခြုံရေးပေးထားတာကိုတွေ့ရပါတယ်။ပထမအကြိမ်ဗုံးပေါက်ကွဲပြီးတဲ့နောက်မှာ အာမခံရုံးကို လာတဲ့ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို ရုံးအတွင်းဝင်ရောက်ခွင့်မပေးဘဲ လမ်းမပေါ်မှာဆိုင်ကယ်တွေ၊ကားတွေရပ်ခိုင်းခဲ့ပြီးနောက် အခုနောက်တစ်ကြိမ်ထပ်မံပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ဗုံးပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူရှိမရှိကိုတော့ မသိရသေးပါဘူး။ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ကနေရာတော်တော်များများမှာ ပေါက်ကွဲမှုတွေဖြစ်နေတာပါ။ mizzima

သံလွင်မြစ်ကမ်းပေါ်က စစ်ကောင် စီရဲ့ နောက်ထပ် စခန်း တခုကို KNU သိမ်းပိုက် (Video)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ထိုင်း-မြန်မာနယ် စပ်၊ သံလွင်မြစ်ကမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီ၏ အူးသူထာ့စခန်းကို ကရင်အမျိုး သားအစည်းအရုံး KNU မှ ယနေ့မနက်မှာ သိမ်း ပိုက်ခဲ့သည်။

အဆိုပါ အူးသူထာ့စခန်းတွင် စစ်ကောင်စီတပ် သားများမရှိတော့ပဲ စခန်းကို စွန့်ခွာထွက်ပြေးသွားကြပြီဟု KNU မှ ပြောသည်။

လက်ရှိအချိန်တွင် စခန်း၌ကျန်ရှိနေသည့် လက် နက်ခဲယမ်းများကို KNU မှ သိမ်းယူလိုက်ပြီး အဆိုပါ အူးသူထာ့စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။khit thit

မြင်းခြံခရိုင် ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းပြီးကြောင်းနဲ့ အကြမ်းဖက်စစ်အုပ်စုစီမှာ တာဝန်ထမ်းဆောင်သူတွေရဲ့ အသက်အန္တရာယ်ကို အာမမခံကြောင်း ထုတ်ပြန်ကြေညာ

« Older Entries