Monthly Archives: May 2021

ဝါးရှောင်တိုက်ပွဲ ပြည်သူ တစ်ဦး ကျည်ထိမှန် ​သေဆုံး

ယ​​နေည​နေ ဝိုင်း​မော်မြို့နယ် ဝါးရှောင်ကျေးရွာအနီး စစ်ကောင်စီ လက်နက်ကိုင်တပ်နှင့် ​ကေအိုင်​အေ တိုက်ပွဲ ဖြစ်ပွားစဥ် အမျိုးသမီးတစ်ဦး ​နောက်စိကျည်ထိကာ ​သေဆုံးသွား​ကြောင်း သတင်းရရှိသည်။

“အိမ်မှာ ထမင်းချက်​နေတဲ့အချိန် ထိတာ။ ဝိုင်း​မော်ကို​ခေါ်သွားတဲ့အချိန် လမ်းမှာဆုံးသွားတာ”ဟု ​ဒေသခံတစ်ဦးကဆိုသည်။အဆိုပါ အမျိုးသမီးသည် ဝါးရှောင်မှာ အမဲသား​ရောင်းသည့် အမျိုးသမီးဖြစ်​ကြောင်း သိရသည်။

​မနက် ဆီ​ဘောက်ဆာကားပစ်ခံရပြီး​နောက် စစ်​ကောင်စီ လက်နက်ကိုင်တပ်​တွေက စစ်​ကြောင်း ထိုးထားပြီး ထိုစစ်​ကြောင်းက ယ​နေ့ည​နေ ၅ နာရီ ခန့်က ရွာထဲလှည့်လည် လမ်းလျှောက်သွား​နေစဥ် ​ကေအိုင်​အေ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။kachinwaves

Surkhua မြို့ရှိ အကြမ်းဖက်စစ်အာဏာရှင်ရဲ့ တပ်စခန်းကို CDF သိမ်းပိုက်

ချင်းပြည်နယ်၊ Surkhua မြို့ရှိ အကြမ်းဖက်စစ်အာဏာရှင်ရဲ့ တပ်စခန်းကို ဒီနေ့ မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်လောက်က သိမ်းပိုက်ခဲ့တယ်လို့ CDF-Hakha က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု ခြေကုတ်ယူထားတဲ့ နေအိမ် ၄ နဲ့အတူ စာရွက်စာတမ်းအချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်တွေလည်း သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF) ကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေ၊ CDM ဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေအား နည်းမျိုးစုံနဲ့ စစ်ဆေးမေးမြန်းတာ၊ နှောင့်ယှက် ဖမ်းဆီးတာ၊ သတ်ဖြတ်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့ စစ်အာဏာရှင်စစ်ကောင်စီရန်မှ ကာကွယ်သွားဖို့ ချင်းပြည်နယ် (၉)မြို့နယ်နဲ့ ပြည်နယ်ပြင်ပရှိ ချင်းအမျိုးသားတွေက ဧပြီ ၄ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တာလို့ သိရပါတယ်။DVB

ကနီတွင် ကင်းကျေးရွာသား ကိုကျော်သူစိုးကို စစ်ကောင်စီက ပစ်သတ်ပြီး ၁ ရက်အကြာမှ အလောင်းပြန်လုယူပြီး သဂြိုလ်ရ ၊ ဇနီးနှင့် ကလေး ၂ ဦးကျန်ရစ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ကင်းစံပြကျေးရွာသား ကိုကျော်သူစိုးကို အကြမ်းဖက်စစ်ကောင်စီ တပ်များက မေလ ၇ ရက်နေ့တွင် ပစ်သတ်ခဲ့ပြီး ၁ ရက်အကြာ မှ အလောင်းပြန်လည် လုယူနိုင်ခဲ့ကာ ယနေ့ သဂြိုလ်လိုက်ပြီဖြစ်ကြောင်း ကင်းကျေးရွာမှ ကျေးရွာသားတစ်ဦးက ပြောသည်။

“မေလ ၆ ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲဖြစ်တယ်။ အဲဒါ စစ်တပ်နဲ့ ရဲက ကမ်းပေါ်တက်လာပြီး အင်အားအလုံးအရင်းနဲ့ အထက်ကင်းရွာမှာ တပ်စွဲတယ်။ နောက်ပြီး လမ်းသွားလမ်းလာတွေကို ပစ်ခတ်တယ်။ အဲဒီမှာ တောထဲသွားတဲ့ ကိုကျော်သူစိုး ပစ်သတ်ခံရတယ်။ သေပြီးတော့ အလောင်းကို သူတို့က ယူထားတယ်။

အလောင်းလာယူတဲ့သူတွေကို ပစ်ခတ်တယ်။ ရိုက်တယ်။ ဒီနေ့တော့ သူတို့ မရှိတုန်း အလောင်းကို ပြန်လုနိုင်ခဲ့ပါတယ်။ အလောင်းကတော့ ရုပ်နည်းနည်းပျက်နေပြီ။

သေသွားတဲ့ကိုကျော်သူစိုးမှာ မိန်းမနဲ့ ကလေး ၂ ဦးကျန်ရစ်ခဲ့တယ်” ဟု ကင်းကျေးရွာသားက ပြောသည်။ ကွယ်လွန်သူ ကိုကျော်သူစိုးတွင် ဇနီးသည်နှင့် ၇ နှစ်သားအရွယ်ကလေးငယ်တစ်ဦး၊ လသားအရွယ် ကလေးငယ် တစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက် မျက်မှောက်ခေတ်သတင်းဌာန၏ သတင်းဖော်ပြချက်တွင်မူ အကြမ်းဖက်စစ်တပ်သည် ကိုကျော်သူစိုးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကနီမြို့နယ်အတွင်းတွင် အကြမ်း ဖက်စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များအကြား မေလဆန်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှုးတစ်ဦးအပါအဝင် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။khit thit

မြောက်ဥက္ကလာပြည်သူအချို့ကို စစ်ကောင်စီက သေဒဏ်ချမှတ်ပြီး လိုက်လံရှာဖွေနေ

ရဲနှစ်ဦးကိုသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ည ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူ ၁၇ ဦးကို စစ်ကောင်စီက တဖက်သတ် သေဒဏ်ချမှတ်ပြီးတဲ့နောက်၊ ဖမ်းမမိဘဲ လွတ်မြောက်နေသူ ၁၅ ဦးကို လိုက်လံရှာဖွေနေပြီး၊ လူကိုမတွေ့ရင် နေအိမ်တွေကို ဖျက်ဆီးပစ်တယ်လို့ ပုန်းရှောင်နေတဲ့ ကာယကံရှင်တွေက RFA ကို ဆက်သွယ်ပြောကြားလာပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက၊ မြောက်ဥက္ကလာပမြို့နယ် ည ရပ်ကွက်မှာ ရဲနှစ်ဦး အသတ်ခံခဲ့ရတဲ့အတွက်၊ ည ရပ်ကွက် ၁၆ လမ်းမှာနေထိုင်တဲ့ ကိုဗိုလ်ဗိုလ်သူနဲ့ အဖော်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးတဲ့နောက်၊ မတ်လ ၂၇ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဗိုလ်ဗိုလ်သူနဲ့အတူ နောက်ထပ် မြောက်ဥက္ကလာသား ၁၅ ဦးလည်း ရဲနှစ်ဦးကို သတ်ဖြတ်ရာမှာ ပါဝင်တယ်ဆိုပြီး၊ အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ အဲဒီ ၁၅ ဦးထဲက တစ်ဦးဖြစ်သူက RFA ကို ဆက်သွယ်ပြောကြားလာပါတယ်။

သူဟာ မြောက်ဥက္ကလာ ည ရပ်ကွက် ၁၅ လမ်းမှာ နေထိုင်သူဖြစ်ပြီး၊ အခု သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဗိုလ်ဗိုလ်သူ ကိုလည်း သူမသိကြောင်း၊ ကိုဗိုလ်ဗိုလ်သူကို သေဒဏ်ချမှတ်တဲ့နေ့က သူနဲ့သူ့မိခင်ဟာ တခြား ရပ်ကွက်ကိုရောက်နေပြီး ဆရာကန်တော့ပွဲ တက်ရောက်နေစဉ်  ၁၅ လမ်းမှာရှိတဲ့ သူတို့ရဲ့နေအိမ်ကို စစ်သားနဲ့ ရဲတွေရောက်လာပြီး နေအိမ်တစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီး ရှာဖွေခဲ့ကြောင်း၊ ဒါ့ကြောင့် သားအမိနှစ်ဦးစလုံး နေအိမ်ကို လုံးဝမပြန်ရဲတော့ဘဲ အဝေးတစ်နေရာကို ချက်ချင်းထွက်ပြေးပြီး ရှောင်တိမ်းနေရကြောင်း RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်တဲ့ မြောက်ဥက္ကလာရဲစခန်းရဲ့ တုံ့ပြန်ဖြေရှင်းချက်ကိုတော့ ဖုန်းဆက်သွယ်ရ ခက်ခဲတာကြောင့် RFA က သီးသန့်မေးမြန်းအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒါပေမဲ့ RFA ကို ဆက်သွယ်ပြောကြားလာတဲ့ ကာယကံရှင်ကတော့ “သူဟာ မြောက်ဥက္ကလာမှာ အရိုးအကြောကု တိုင်းရင်းဆေးဆရာ တစ်ယောက်ဖြစ်ပြီး၊ ကျန်းမာရေးမကောင်းတဲ့ မိခင်နဲ့အတူ ရိုးသားစွာ အသက်မွေးနေထိုင်သူဖြစ်ကြောင်း၊ ဒါပေမဲ့ သူအပါအဝင် မြောက်ဥက္ကလာ ည ရပ်ကွက် မှာနေထိုင်သူ  ၁၅ ဦးကို၊ စစ်ကောင်စီက ရဲနှစ်ဦးကို သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုဗိုလ်ဗိုလ်သူရဲ့ ကြံရာပါတွေအဖြစ် ဖမ်းဝရမ်းထုတ်ထားပြီး အပူတပြင်း လိုက်လံရှာဖွေနေကြောင်း၊ ဒါဟာ မတရားစွပ်စွဲခံရတာသာဖြစ်ကြောင်း RFA ကို ပြောပြထားပါတယ်။RFA

ဟားခါးမြို့နယ်အတွင်းရှိ စစ်ကောင် စီတပ်စခန်းကို ချင်းဒေသကာကွယ် ရေးအဖွဲ့ သိမ်းပိုက်

ချင်းပြည်နယ်မြို့တော် ဟားခါးမှ မိုင် ၅၀ အကွာရှိ ဆူခွာရ်းမြို့ရှိ စစ်ကောင်စီတပ်များ ခြေကုပ်ယူထားသည့် တပ်စခန်းတစ်ခုကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) က ယနေ့ (မေ ၈) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်အင်အား ၁၅ ဦးထက်မနည်းရှိနေသည့် အဆိုပါ တပ်စခန်းကို ဝင်ရောက်စီးနင်းချိန်တွင် စစ်သားနှင့် ရဲများအားလုံး ထွက်ပြေးသွားခဲ့ပြီးဖြစ်သဖြင့် သေနတ်တစ်ချက်မဖောက်ရဘဲ သိမ်းယူနိုင်ခဲ့သည်ဟု CDF (ဟားခါး) ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

“ကျွန်တော်တို့ ရောက်သွားတော့ သူတို့အကုန်ပြေးကုန်တာ။ ကျွန်တော်တို့ သေနတ်တစ်ချက်တောင် မဖောက်ရဘူး။ ဒီကတပ်စခန်းတွေက လူလည်းမများဘူး။ ကျွန်တော်တို့အကြောင်းတွေလည်း သူတို့ သိထားတယ်” ဟု ၎င်းက ပြောသည်။

ဆူခွာရ်းမြို့ရှိ အဆိုပါစခန်းတွင် တာဝန်ကျနေသည့် လက်နက်ကိုင်အဖွဲ့ဝင်များကို CDM တွင် ပါဝင်ရန် တောင်းဆိုခဲ့သော်လည်း ရဲနှစ်ဦးသာ ပူးပေါင်းပါဝင်ပြီး ကျန် ၁၅ ဦးမှာ ပါဝင်ခြင်းမရှိသဖြင့် ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း CDF (ဟားခါး) ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါ နေရာတွင် စစ်ကောင်စီက ထပ်မံတပ်စွဲခြင်း မပြုနိုင်စေရန် ဝင်ရောက်စီးနင်းသိမ်းပိုက်ပြီးနောက် တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF က ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့က သူတို့ရဲ့ဘယ်တပ်စခန်းကိုမဆို သိမ်းနိုင်တယ်ဆိုတဲ့ဟာကို သတိပေးချင်လို့။ သူတို့ကို ခြိမ်းခြောက်တဲ့အဆင့်သာ ရှိတယ်ဆိုတာကို ပြချင်တာ။ သူတို့ဘက်က တောင်းဆိုမှုတွေကို မလိုက်နာပေးဘူးဆိုရင်တော့ နောက်ထပ်လှုပ်ရှားမှုတွေ ထပ်ပြီးလှုပ်ရှားနိုင်တယ်” ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဟားခါးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံ ၆၀ နီးပါးကို ပြန်လွှတ်ပေးခြင်း မရှိသည့်အတွက် CDF က မေ ၂ ညပိုင်းမှစတင်ကာ နှစ်ရက်ဆက် တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့သည်။

ဧပြီလကုန်ပိုင်းကလည်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံများကြား လေးရက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃၀ နီးပါး ထိခိုက်သေဆုံးခဲ့သည်။

စစ်ကောင်စီရန်မှ ကာကွယ်ရန် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ ခုနှင့် ပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများ စုစည်းကာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force − CDF) ကို ဧပြီလဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ်များကို ရိုးရာလက်လုပ် တူမီးသေနတ်များဖြင့် ခုခံတော်လှန်လျက်ရှိသည်။myanmar now

ဝိုင်းမော်တွင် လောင်စာဆီတင်ကား ပစ်ခတ်ခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မုတ်ကျိတ်ကျေးရွာအ၀င်မှာ မေ ၈ ရက် မနက် ၉  နာရီ လောက်က လောင်စာဆီ  သယ်‌လာသော ဆီဘောက်ဆာ ကားတစ်စီး သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ဗုံးပေါက်သံလို သုံးလေးချက် မြည်ပြီးနောက် သေနတ်ပစ်သံတွေ ကြားရတယ်လို့ အနီးအနားက ဒေသခံတွေက ပြောပါတယ်။

ကားဘီးတွေ ပစ်ဖောက်ခံထားရကာ ယာဉ်မောင်းရှေ့ခန်းမှာလည်း သေနတ်နဲ့ လေး၊ ငါး ချက်ပစ်ထားတာ တွေ့ရပြီး ဆီ‌တိုင်ကီတွေကနေလည်း ဆီတွေ အများကြီး ယိုဖိတ်နေတယ်လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း ဝါရှောင်ကျေးရွာအ၀င်မှာ ဆီဘောက်ဆာတစ်စီး သေနတ်ပစ်ခတ်ခံရ ပြီး ယာဉ်မောင်း သေဆုံးခဲ့ကာ ဒါဟာ တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။ 

အဲဒီလမ်းကြောင်းမှာ စစ်ကောင်စီနဲ့ပတ်သက်ပြီး ရိက္ခာမသယ်ဖို့ ကေအိုင်အေက သတိပေးစာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။DVB

သာကေတမြို့နယ်မှ လူငယ် ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား (Video)

သာကေတမြို့နယ်၊ ကမာကြည် ရွှေအုတ်ဂူ ၃ လမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းအတွင်းနေထိုင်သော လူငယ် ၆ ဦးကို မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖမ်းဆီးသွားခဲ့သည်။ မည်သည့်အကြောင်းကြောင့် ဖမ်း ဆီးသွားခဲ့သည်ကို မသိရှိရသေးပေ။khit thit

« Older Entries