Monthly Archives: May 2021
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုဇွန်တောင်) ဖွဲ့စည်း

NCA မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြဖို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တိုက်တွန်း

NCA မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဒီကနေ့ မေလ ၁၀ရက်မှာ သဘောထားထုတ်ပြန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
KNU-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ မူဘောင်များအား လိုက်နာကျင့်သုံးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီးသက်ဆိုင်သူအားလုံးအနေဖြင့်လည်း အပစ်ရပ်စာချုပ် (NCA) မူဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးလျက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် အလေး အနက်တိုက်တွန်းကြောင်း KNU ဥက္ကဋ္ဌ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲအချိန်အခါ အခြေအနေတစ်ခုတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသဖြင့် နိုင်ငံရေး ပြဿနာအား နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းသာ အဖြေရှာ ရန် သဘောထားရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) သည် အမျိုးသားရေးနှင့် တန်းတူရေးတို့အတွက် နှစ်ပေါင်းကြာရှည်စွာ လက်နက်ကိုင်တော်လှန်ရေးကို ဆောင်ရွက်ခဲ့သော အဖွဲ့ဖြစ်ပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ရက် နေ့တွင် အခြားသောတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၈ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော အဖွဲ့တစ်ခုဖြစ်သည်။mizzima
ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း’

ဗမာ့အမျိုးသားတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာ

အကြမ်းဖက် စစ်ကောင်စီရဲ့ မတရားလုပ်ဆောင်မှုတွေကို တုံ့ပြန်တော်လှန်ဖို့ ဗမာ့ အမျိုးသားတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် လူသားမဆန်စွာ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက့်ယှက် စော်ကားတာ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တော်လှန်ဖို့အတွက် ဗမာ့အမျိုးသားတပ်မတော် (Burma National Army) ကို ဖွဲ့စည်းကြောင်း မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။
အဲ့ဒီအဖွဲ့အစည်းကို ပြည်တွင်းပြည်ပက တိုင်းရင်းသားလူမျိုးပေါင်းစုံအပြင် အလွှာအသီးသီးက အင်အားစုတွေနဲ့ ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဗမာ့အမျိုးသားတပ်မတော်ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး၊ အာဏာရှင်စနစ် အမြစ်ပြတ် တိုက်ဖျက်ရေး၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်ရဲ့ တရားဝင်ခေါင်းဆောင်များအပါအဝင်၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ လွတ်မြောက်ရေး၊ ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို တုံ့ပြန်တော်လှန်ရေးနဲ့ ပြည်သူပြည်သားတွေကို ကာကွယ်ရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားလက်နက်ကိုင်တွေ (EAOs)၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့အတူ တွဲလက်ညီညီ ပူးပေါင်းဆောင်ရွက်ရေး စတာတွေဖြစ်ပါတယ်။DVB
KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ BGF တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွား

ကရင်အမျိုးသားအစည်းရုံး KNU တပ်မဟာ ၅ ဖာပွန်ခရိုင်နယ်မြေထဲမှာ စစ်ကောင်စီလက်အောက်က ကရင်နယ်ခြားစောင့်တပ် BGF တို့ မေလ ၉ ရက်မနေ့က တိုက်ပွဲဖြစ်ပွားပြီး BGF ဘက်က ၁၁ ယောက် ကျဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
KNU/KNLA တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကိုကြားပေမယ့် ထိခိုက်သေဆုံးတဲ့ အခြေအနေကတော့ မြေပြင်ကနေ သတင်းပေးပို့တာ မရှိသေးလို့ အတည်ပြုဖို့ မရသေးဘူးလို့ KNLA တပ်မဟာ ၅ ပြောခွင့်ရသူ ဒုတိယယဗိုလ်မှူးကြီး စောကလယ်ဒို က RFA ကို ပြော ပါတယ်။
KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်နယ်မြေထဲကို မြိုင်ကြီးငူဘက်ကနေ BGF တပ်ဖွဲ့တွေ ရာနဲ့ချီ ပြီး မေလ ၉ ရက် မနေ့က ထပ်မံဝင်ရောက်လာတာတော့ မှန်ကန်ကြောင်းနဲ့ BGF အနေနဲ့ စစ်ကောင်စီ ခိုင်းတဲ့အတိုင်း လှုပ်ရှားလာရင်တော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒုတိယယဗိုလ်မှူးကြီး စောကလယ်ဒိုက ဆိုပါတယ်။
BGF အနေနဲ့ အရင်တုန်းကလည်း တပ်မဟာ ၅ နယ်မြေထဲကို ဝင်ရောက်လေ့ရှိပေမယ့် လက်ရှိအချိန်ကတော့ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး KNU ဘက်ကို ထိုးစစ်ဆင်လာရင် နှစ်ဘက်တိုက်ပွဲဖြစ်မှာဖြစ်တယ်လို့ ပြောပါတယ်။ဖာပွန်ခရိုင်နယ်မြေထဲမှာ စစ်ကောင်စီဘက်က လေယာဉ်တွေနေ့စဉ်နီးပါး လာရောက်ပျံဝဲနေပြီး လေကြောင်းကနေလည်း ပစ်ခတ်ခဲ့တာတွေကြောင့် ဘွာဒဲကျေးရွာအုပ်စု၊ ခေါပို့ကျေးရွာအုပ်စု၊ မဲဝိုင်ကျေး ရွာအုပ်စုအပါအဝင် ကျေးရွာအုပ်စု တော်တော်များများက ဒေသခံအရပ်သား သုံးသောင်းခွဲလောက် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးနေရပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နေ့ကနေ ဒီနေ့အထိ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ KNU နဲ့ စစ် ကောင်စီတပ်တွေ တိုက်ပွဲပေါင်း ၄၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး မြေပြင်သတင်းပေးပို့ချက်အရ စစ်ကောင်စီဘက်က ကျဆုံးသူ ၁၀၄ ယောက်နဲ့ ဒဏ်ရာရှိသူ ၂၁၆ ယောက်ရှိတယ်လို့ KNU ဘက်က ပြောပါတယ်။
KNU ဘက်ကတော့ ကျဆုံးသူ ကိုးယောက်နဲ့ ဒဏ်ရာရသူ ဆယ်ယောက်ရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။RFA
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ချောက်မြို့နယ်) ဖွဲ့စည်း

KNU တပ်မဟာ ၅ နယ်မြေအတွင်း BGF စစ်သား ၆၀၀ ခန့် ရောက်ရှိနေဟု KNLA ဗိုလ်မှူးကြီး စောကလယ်ဒိုးပြေ


ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ကရင်နယ်ခြားစောင့်တပ် BGF တပ်မ ၃ ခု ရှိနေပြီး BGF တပ်သား ၆၀၀ ခန့် လှုပ်ရှားနေသည်ဟု KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုးမှ Salween Press သို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF များ ဝင်ရောက်လာတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပြီး တိုက်ပွဲများ မလွဲမသွေ ဖြစ်လာလိမ့်မည်ဟု ဗိုလ်မှူးကြီး စောကလယ်ဒိုးက သုံးသပ်ပြောဆိုသည်။
ရိက္ခာ၊ လက်နက်ခဲယမ်းအပြည့်အစုံပါသည့် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် တစ်ရာ ဝန်းကျင်သည် မြိုင်ကြီးငူကျေးရွာမှတဆင့် သံလွင်မြစ်ကိုဖြတ်ကာ KNU တပ်မဟာ ၅ ထိန်းချုပ်သော ဖာပွန်ခရိုင်ထဲသို့ မေလ ၉ ရက် ယမန်နေ့က ထပ်မံဝင်ရောက်လာသည်ဟု သိရသည်။
“BGF တပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဖြစ်တာကြောင့် KNU မှသည်းခံနေလျှင် အာဏာသိမ်းစစ်ကောင်စီကသာ အကျိုးအမြတ် ရရှိမည်ဖြစ်ကြောင်း၊ ဒီအခြေအနေကို BGF အနေဖြင့် နားလည်ရန် လိုအပ်ကြောင်း” KNLA တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုးမှ ပြောဆိုသည်။khit thit
ထားဝယ်မြို့ခံ ပြည်သူများရဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်း





မေလ ၁၀ရက်နေ့ ဒီကနေ့ ထားဝယ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်းနှင့် NUG ကို ထောက်ခံကြောင်း ထားဝယ်မြို့ခံပြည်သူများရဲ့ တပ်ပေါင်းစု သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။RFA
မေလ ၁၀ ရက်နေ့၊တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျွေးရွာက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်။




DVB