ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နွမ်လန့်ကျေးရွာအနီးတစ်ဝိုက်အနီးရှိ ချန်တွမ်ဘွမ် (Shan Tum Bum) မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာ လေယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ လက် နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
” (၁) နာရီလောက်မှာ ပစ်လိုက်တာ။ တိုက်ပွဲလည်း မဖြစ်ဘူး။ ဂျက်ဖိုက်တာလေယာဉ်နှစ်စီး နဲ့ လာပစ်တာ။ KIA ဘက်က လက်နက်ကြီးနဲ့ပစ်တော့ တစ်စီးက ထိတယ်။ ဒါပေမယ့် ချက်ကောင်းမထိတော့ မပျက်ကျဘူး” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံက တစ်ဦးက ဆိုပါတယ်။
နွမ်လန့်ကျေးရွာအနီးက ချန်တွမ်ဘွမ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ တပ်မဟာ (၅)အောက်၊ တပ်ရင်း (၃၀) တို့ စခန်းချနေထိုင်ရာ နေရာဖြစ်တယ် လို့လည်း သိရပါတယ်။
ဒါ့အပြင် ဗန်းမော်ခရိုင်၊ မန်စီမြို့အနီးရှိ မဒန်ယန်ကျေးရွာမှာလည်း ဒီကနေ့ နံနက် (၈) နာရီအချိန်ကကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်းလည်း သိရပါတယ်။
စစ်ကောင်စီမှ တစ်လတာ အပစ်ရပ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် (KIA)ထိန်းချုပ်နယ်မြေတွေမှာ လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။NUM
Like this:
Like Loading...