တောင်ကြီးတွင် ယနေ့ည ဗုံးကွဲ၊ လူမထိခိုက်


ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ မိန်းလမ်းမကြီး၊ ရွှေဝါ စတိုးရှေ့တွင် ယနေ့ ည ၈ နာရီ ၅၈ မိနစ်က ဗုံးပေါက်ကွဲ ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း၊ ဗုံးကွဲပြီးနောက် ကားများကို စစ်ဆေးကြောင်းသိရှိရသည်။khit thit
ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ မိန်းလမ်းမကြီး၊ ရွှေဝါ စတိုးရှေ့တွင် ယနေ့ ည ၈ နာရီ ၅၈ မိနစ်က ဗုံးပေါက်ကွဲ ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း၊ ဗုံးကွဲပြီးနောက် ကားများကို စစ်ဆေးကြောင်းသိရှိရသည်။khit thit
အကြမ်းဖက် လူသတ် ဖက်ဆစ်စစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်များအကြား အပစ်အခတ် ယာယီရပ်ဆိုင်းထားမှု ပျက်ပြယ်သွားပြီးနောက် ယခုညတွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားနေကြောင်း သိရှိရသည်။
မေလ ၁၂ ရက်နေ့ ညနေ ၆နာရီခွဲခန့်တွင် မင်းတပ်မြို့ ဘဏ်ရုံးတွင်ေ နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပြီး ရဲစခန်းနားတွင် တိုက်ပွဲစဖြစ်ကြောင်း MDTပြည်သူ့အုပ်ချုပ်ရေး(သတင်းအဖွဲ့)က ထုတ်ပြန်ထားသည်။
အကြမ်းဖက်လူသတ် ဖက်ဆစ် စစ်ကောင်စီက ဖမ်းဆီးထားသော ကျန်နေသေးသည့် လူများလွှတ်မပေး၍ ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့်စစ်ကောင်စီတို့ အကြား အပစ်ခတ် ရပ်စဲညှိနှိုင်းမှု့ ပျက်ပြယ်သွားခြင်းဖြစ်ပြီး ယမန်နေ့ ဆမီးမှထွက်လာသည့် စစ်ကား (၁၇) စီးကိုလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က မင်းတပ်မြို့မှ ဖြတ်သွားခွင့်မပြုဘဲ ရှိနေရာမှာ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားလာခြင်းဖြစ်သည်။ khit thit
ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဖိအားအမြောက် အမြားနဲ့ ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့လယ်ခေါင်က Sule Square အဆောက်အအုံမှာ ရုံးနေရာငှားရမ်းထားတဲ့ နိုင်ငံတကာလုပ်ငန်းကြီးအချို့ အခုဆိုရင် ရွှေ့ပြောင်းနေကြသလို၊ အချို့လုပ် ငန်းတွေကတော့ ငှားရမ်းမှုတွေကို ပြန်လည်သုံး သပ်နေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့လည်ကောင်မှာရှိတဲ့ Sule Square ဟာ စစ်တပ်က ပိုင်ဆိုင်တဲ့ မြေပေါ်မှာ တည် ဆောက်ထားတာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန် မာဆိုင်ရာ အချက်အလက်ရှာအဖွဲ့က ပြောဆိုထားပါတယ်။
အဆိုပါ အဆောက်အဦးထဲမှာ ငှားရမ်းထားတဲ့လုပ်ငန်းတွေထဲ World Bank ၊ McKinsey ၊ Coca-Cola နဲ့ ရိုက်တာသတင်းအေဂျင်စီရုံး အ ပါအဝင် ထင်ရှားတဲ့လုပ်ငန်းကြီး ၁၈ ခုက ငှား ရမ်း လုပ်ကိုင် နေကြ တာပါ။
မြန်မာ Activist group တခုဖြစ်တဲ့ Justice for Myanmar ကတော့ အခုလို စစ်တပ်ပိုင်မြေပေါ်မှာ တည်ဆောက်ထားတဲ့ Sule Square ရုံးခန်းနဲ့ ဆိုင်ခန်းတွေမှာ ငှားရမ်းထားသူတွေဟာ စစ်တပ်ကို တနည်းတဖုံ ထောက်ပံ့နေတာဖြစ်ပြီး၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် တစ်စုံတရာ တာဝန်ရှိတဲ့အကြောင်း ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ ပြောကြားထားပါတယ်။
အဆိုပါ ရုံးခန်းငှားရမ်းထားတဲ့ ကုမ္ပဏီများထဲက ၆ ခုကတော့ ၄င်းတို့ရဲ့ငှားရမ်းထားမှုတွေကို ပြန် လည် သုံးသပ်နေကြောင်း ဒါမှမဟုတ် ရွှေ့ ပြောင်းပြီးဖြစ်တယ်လို့ ပြောဆိုကြောင်း ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြထားပါတယ်။ ကုမ္ပဏီကြီးများမှ ထိုသို့ပြောဆိုရာတွင် စစ်တပ်နဲ့ ပတ်သက်လို့ ဟုအကြောင်းပြ ပြောဆိုတဲ့လုပ်ငန်းကြီးတခုသာ ရှိပြီး၊ ကျန်တဲ့လုပ်ငန်းတွေကတော့ စီးပွားရေးအလားအလာအပါအဝင် တ ခြားကိစ္စတွေကို အကြောင်းပြကြတယ်လို့ ဆိုပါတယ်။
Sule Square ကို စစ်ရာဇဝတ်မှုကျူးလွန်ရာ တွင် အသုံးပြုတဲ့လက်နက်တွေ ဝယ်ယူရာမှာ အဓိကတာဝန်ရှိတဲ့ စစ်ထောက်ချုပ်တစ်ဦးပိုင် ဆိုင်သောမြေကို Trader Square ကုမ္ပဏီက ငှားရမ်းခဲ့တာပါ။
အဆောက်အအုံ ကိုတော့ ဟောင်ကောင် စတော့ဈေးကွက် စာရင်းဝင် Shangri-La Asia က တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိတွင် Sule Square နှင့်ပတ်သတ်တဲ့ နိုင်ငံတကာရင်းနှီးမြှပ်နှံသူများ ကြားတွင် ဖိ အားများနှင့်ကြုံတွေ့နေရပြီး၊ Sule Square ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ စင်္ကာပူနိုင်ငံအခြေစိုက် အဆင့်မြင့်ပညာရေးကုမ္ပဏီ Yale-NUS ရဲ့ အုပ်ချုပ်မှုဆိုင်ရာဘုတ်အဖွဲ့ဥက္ကဌ Kay Kuok Oon Kwong မှာလည်း စစ်တပ်နဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်တာတွေကို ရပ်တန့်ဖို့နဲ့၊ ချက်ချင်းမရပ်တန့် ပါက Yale-NUS ရဲ့ လက်ရှိ ဘုတ်အဖွဲ့ဥက္ကဌ ရာထူးကနေ ဖြုတ်ချပေးဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင် နေပါတယ်။
Sule Square က ရုံးခန်းနေရာ ငှားရမ်းထားသော McKinsey & Company ကတော့ ၂၀၂၁ ခုနှစ် အစောပိုင်းမှာဘဲ ၄င်းတို့ရဲ့ ငှားရမ်းမှုကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်းပြောပါတယ်။။ Coca-Cola ကလည်း လာမယ့် ဇွန်လလယ်ပိုင်းမှာ သူတို့ရဲ့စာချုပ်သက်တမ်း ပြည့်မှာ ဖြစ်ပြီး ထပ်ပြီးမငှားတော့ဘူးလို့ အီးမေလ်းမှတဆင့် ပြောကြားထားပါတယ်။
ရိုက်တာ သတင်းဌာနရုံးကတော့ လက်ရှိ ငှားထားတဲ့ Sule Square ရုံးခန်းကို အသုံးမပြုတော့ကြောင်းနဲ့ ငှားရမ်းမှုကိုလည်း ပြန်လည်သုံးသပ်နေကြောင်း ပြောပါတယ်။
လက်ရှိSule Square မှာ ရုံးခန်းငှားရမ်းထားတဲ့ နိုင်ငံတကာကုမ္ပဏီ၊ လုပ်ငန်းတွေအနေနဲ့ကလည်း စစ်တပ်ပိုင်မြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အဦးမှာ အခန်းငှားရမ်းလုပ်ကိုင်နေတာဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ လူ သတ်အကြမ်းဖက် မြန်မာစစ်တပ်ကို တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ပေးရာ ရောက်နေပြီး၊ နိုင်ငံတကာ ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရတာကြောင့် ရုံးခန်းပြောင်းရွှေ့မှုတွေပြုလုပ်ကြတာလည်းဖြစ်ပါတယ်။ khit thit
အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးယူပြီး ဆီသယ်လာတဲ့ယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်လိုက်ပါတယ်။
မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး မြစ်ကြီးနားလေတပ်ဌာနချုပ်ကနေ နှစ်မိုင်ကျော်အကွာမှာရှိတဲ့ အကျဲကျေးရွာက ရန်ကုန် – မန္တလေး – မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီကနေ့နေ့လည် ၁၂နာရီကျော်လောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ လုံခြုံ ရေးယူပြီး သယ်လာတဲ့ ဆီသယ်ကားယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အကျဲကျေးရွာအထွက် ဆွတ်လုံခရုန်ဆီဆိုင်ကြီးနဲ့ ကျောက်စခန်းအကြားမှာ အခုလိုတိုက်ခိုက်ခံလိုက်ရတာပါ။စစ်တပ်သုံးလေယာဥ်ဆီနဲ့ တင့်ကားဆီများသယ်ဆောင်လာတဲ့ အဆိုပါ ဆီသယ်ယာဉ်တန်းမှာ ဆီသယ်ကားအသေး လေးစီးနဲ့ ဆီဘောက်ဆာကားအကြီး တစ်စီးဖြစ်ပြီး အဲဒီထဲက ဂါလံ 4000ကျော်ခန့်ဆံ့တဲ့ ဆီဘောက်ဆာကားအကြီးကို KIA မှ ကြားဖြတ်တိုက်ခိုက်လိုက်တာပါ။
မနေ့ကလည်း ရွှေကူကနေ ဗန်းမော်ကို လုံခြုံရေးအပြည့်နဲ့ စစ်တပ်ရိက္ခာဆန်များပို့ဆောင်ရာမှာလည်း KIA ကအခုလို ကြားဖြတ်တိုက်ခိုက်ပြီး အကုန်သိမ်းယူသွားခဲ့ပါတယ်။mizzima
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးမှာ မေလ ၁၂ ရက်နေ့က စစ်ကောင်စီတပ်တွေအတွက် ရိက္ခာသယ်ဆောင်လာတယ်လို့ယူဆရတဲ့ ကုန်တင်တွဲကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ကားပေါ်မှာပါလာသူ ၂ ဦးအနက် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရသွားပါတယ်။
အဆိုပါပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာကို လက်တလောမှာ စစ်ကောင်စီရဲ့တပ်တွေက နေရယူထားပြီး လမ်းပိတ်ထားတာကြောင့် လးပိတ်ဆို့နေပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ဗန်းမော်ဘက်ကို သယ်သွားတယ်လို့ ဒေသခံမျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။
ရွှေကူမြို့နယ်ဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်မြာက်ပိုင်း အစရှိတဲ့ဒေသ ၃ ခုရဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းရိက္ခာနဲ့ စစ်အင်အားများပို့ဆောင်ရာမှာ ရွှေကူမြို့နယ်ကို မဖြစ်မနေဖြတ်ပြီး ရေလမ်းနဲ့ ကုန်းလမ်း အဓိကထား ပို့ဆောင်နေကြတာဖြစ်ပါတယ်။
အခုရက်ပိုင်း ရွှေကူမြို့နယ်လမ်းကြောင်းကနေ ကချင်ပြည်နယ်ထဲကို စစ်ကောင်စီတပ်တွေရဲ့ စစ်လက်နက်နဲ့ရိက္ခာတွေကို ရေလမ်းနဲ့ကုန်းလမ်းကနေတင်ပို့နေတာတွေရှိနေပြီး ပစ်ခတ်တိုက်ခိုက်ခံရတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
ကုန်းလမ်းရေလမ်းကနေ နယ်မြေဖြတ်ကျော်သွားလာကြတဲ့ မော်တော်ယာဉ်တွေ အနေနဲ့ အတတ်နိုင်ဆုံး အမိုးအကာတွေဖွင့်ကာ နယ်မြေအပေါ်မူတည်ပြီး မှန်တွေချမောင်းပေးကြဖို့နဲ့ အခြေအနေအရ စစ်ဆေးခံရတဲ့အခါ ကြည်ဖြူစွာရပ်တန့်အစစ်ဆေးခံကြဖို့ ကေအိုင်အေက တိုက်တွန်းစာ ထုတ်ပြန်ထားပါတယ်။DVB
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာသားမှန်သမျှကို ရိုက်နှက် ဖမ်းဆီးလျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သတင်း ပေးပို့သည်။
“ရွာထဲကို လက်နက်ကြီးတွေ ပစ်ပြီး ဝင်တယ်။ ရွာထဲမှာကလည်း ပြေးတဲ့သူရှိတယ်။ မပြေးနိုင်တဲ့သူတွေလည်းရှိတယ်။ ခံချတဲ့သူကတော့ ရွာထဲမှာ မရှိဘူး။ ဒါပေမယ့် ရိုးရိုးသားသား အေးအေး ဆေးဆေးနေတဲ့သူတွေ ရွာထဲမှာ ကျန်ခဲ့တယ်။ အဲဒါကို စစ်ကောင်စီဘက်က ရွာသားတွေကို ရိုက်နှက်တယ်။
ကန်တယ်။ ခေါင်းကို ခြေထောက်နဲ့ ကန်တယ်။ တက်နင်းတယ်။ ရက်ရက်စက်စက် လုပ်တာတွေ မြင်ရတယ်။ သေနတ်ဒင်တွေနဲ့ ခေါင်းတွေကို ထုတယ်။ ၃၀ လောက် အဖမ်းခံထားရတယ်” ဟု ကနီဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကနီမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စစ်ဆေးခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယူခြင်း၊ ကျေးရွာသားများကို ပစ်ခတ်သတ်ဖြတ်ခြင်းအပါအဝင် ရမ်းကားမှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ဒေသခံအများစုမှာ တောတောင်များတွင် ပုန်းအောင်းနေရကြောင်း သိရှိရသည်။khit thit
နေပြည်တော် ပျဉ်းမနားတွင်လည်း စစ်အာဏာရှင် ကျဆုံးရေးအတွက် ကျောင်းသားသမဂ္ဂများနှင့် ဝန်းရံသူများက ယနေ့ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ချီတက် သပိတ်မှောက်ကြသည်။khit thit
မြန်မာနိုင်ငံရှိ ပြည်တွင်းရွှေစျေးကွက်တွင် ရွှေစျေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၇ သိန်းကျော်သို့ ယနေ့ ထိုးတက်သွားပြီး အဝယ်များလွန်း၍ လိုသလောက် ရွှေ မရရှိနိုင်တော့သည့် အခြေအနေဖြစ်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရှိရသည်။
“ဒီနေ့ မွန်းလွဲလောက်က မီးလင်းရွှေက တစ်ကျပ်သားကို ၁၇ သိန်း ၉၀၀၀ ပေါက်တယ်။ အဝယ် တော့ အတော်တက်လာတယ်။ ရောင်းသူရှိပေမယ့် ဝယ်သူများတော့ ပစ္စည်းက လိုသလောက်မရဘူး။ မီးလင်းရွှေစျေးကွက်ရော၊ ဆိုင်တွေမှာရော ဝယ်နေကြတာ။
အဓိက မြန်မာငွေ ခိုင်မာမှု နည်းလာတာကြောင့်နဲ့ နိုင်ငံရေး မတည်ငြိမ်တာ၊ နောက်တစ်ခုကတော့ လူတွေက လက်ထဲမှာ ကျပ်ငွေကို မထားရဲတော့တာ အဲဒါတွေကြောင့်ပါပဲ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောသည်။
အမေရိကန်ဒေါ်လာနှင့်မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားတွင် အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၁၇၄၀ ပေါက်နေပြီး စျေးကွက်တွင် ဒေါ်လာ ဝယ်သူများပြားကာ ပစ္စည်းပြတ်လပ်နေကြောင်း သိရှိရသည်။ ယမန်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် မြန်မာကျပ်ငွေ ၁၆ သိန်းခွဲနီးပါးသာရှိရာမှ ယနေ့တွင် ၁၇ သိန်းကျော်အထိ စျေးနှုန်းတဟုန်ထိုးမြင့်တက်သွားခြင်းဖြစ်သည်။khit thit
မန္တလေး ပြည်ကြီးတံခွန် ၇၁ လမ်း နှင့် ၇၂ လမ်းကြား၊ ၁၁၈ လမ်းတွင် လူစုနေသည့် တပ်ပေါင်းစု သပိတ်စစ်ကြောင်းကို မေလ ၁၂ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီမှ လာရောက်ဖြိုခွင်းသွားပြီး အနည်းဆုံး ဆရာမ ၃ ဦးအပါအဝင် အများအပြား ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည်။
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဆန္ဒပြသူများ၏ ဆိုင်ကယ် အစီး ၃၀ ခန့်ကို စစ်ကားသုံးစီးဖြင့် လာရောက် သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။khit thit
khit thit