ချင်းပြည်နယ်၊ မင်းတပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအလွန်အကျွံ့အသုံးပြုလာ၍ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှောင်ပေးလိုက်ရကြောင်း မင်းတပ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“KIA, KNU ကိုတောင် တစ်ရက်ထဲ ဒီလောက်အင် အားမသုံးဘူး။ မြို့လေးတစ်မြို့ကို ကာကွယ်တဲ့ တူမီး၊ခါးချိုးကိုင် ပြည်သူ့ကာကွယ်ရေးတပ်ကိုပဲ ဒီလောက်အင်အားသုံးစရာလား။ ဒီမနက် လူသူလက်နက်အင်အားလာဖြည့်တာကိုပဲ ရဟတ်ယဥ်အကြိမ် ၃၀ ေလာက်လာတယ်။ ရဟတ်ယဥ်ပေါ်ကနေ ပစ်ခတ်တယ်။ မနက် ၇ နာရီ ကနေ ညနေ ၃ နာ ရီလောက် လူနေရပ်ကွက်တွေထဲ လက်နက်ကြီးတွေ မနားတမ်းပစ်ခတ်တယ်။ ဗုံးဆံထိတဲ့ ဒဏ်ရာရ အ ပြစ်မဲ့ပြည်သူတွေ ဆေးကုသလို့မရ။လူတွေလိုက် ဖမ်းတယ်၊ ဖမ်းမိတဲ့လူတွေကို လူသားဒိုင်းအဖြစ်သုံးပြီး မြို့ကိုကျူးကျော်သိမ်းပိုက်တယ်။ မြို့တွင်းတိုက်ပွဲဆင်တယ်။ ဘယ်သူသေသေ၊ ဘယ်သူထိထိ မည်းမည်းမြင်ရာပစ်တယ်” ဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူတွေ၊ ဆိုင်တွေ၊ အိမ်တွေထိမှာစိုးလို့ ဆုတ်ပေးရတယ်။စဥ်းစားကြည့်ပါ..စကစတပ်တွေ လက်နက်ကြီးပစ်ကူ၊ စက် သေနတ်ကိုင်၊ မောင်းပြန်ကိုင်၊ စိန်ပြောင်းတွေကိုင်ပြီး လူအင်အားနဲ့တိုက်တာတောင် တူမီးတပ်ကို မယှဥ်နိုင်တော့… ရဟတ်ယဥ်နဲ့မြို့ကိုကျော်ပြီး ပြည်သူတွေကို လူမျိုးတုန်းရက်စက်နေတာ.. မင်းတပ်ကို တတိုင်းပြည်လုံးက ဝိုင်းကူကြပါ။ စကစကို ဝိုင်းတိုက်ကြ၊ တွန်းလှန်ကြပါ။ ကျွန်တော်တို့ညီရင် သူတို့ပြုတ်ပါတယ်။ CDF-Mindat က ခဏရှောင်ပေး လိုက်တာပါ။ ကျွန်တော်တို့ ရှိနေတယ်။ မကြာဘူး.. ကျွန်တော်တို့ ပြန်လာမယ်..ပြန်ချမယ်။အရေး တော်ပုံအောင်ရမည်” ဟု လည်း မင်းတပ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အကြမ်းဖက်စစ်အုပ်စုက မေလ ၁၃ ရက်နေ့တွင် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး နယ်မြေဒေသအဖြစ် ကြေညာခဲ့သည်။khit thit
Like this:
Like Loading...