Monthly Archives: May 2021

တီးတိန်တွင် ပစ်ခတ်​နေပြီး ပြည်သူ တစ်ဦး ဦးခေါင်းကျည်ထိကျဆုံး

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင် ​မေလ ၁၆ ရက်​နေ့ ည ၈ နာရီခွဲဝန်းကျင်မှစတင်ပြီး ပစ်ခတ်မှုများဖြစ်ပွားနေပြီး လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ဦး ခေါင်းကျည်ထိကျဆုံးကြောင်း ဒေသခံများနှင့် ဒေသအခြေစိုက် လူမှုကွန်ရက်စာမျက်နှာများ၏သတင်း​ဖော်ပြချက်အရ သိရှိရသည်။ရန်ကုန်​ခေတ်သစ်အ​နေဖြင့် တီးတိန် အ​ခြေအ​နေ သိရှိနိုင်ရန် စုံစမ်းမှုများ လုပ်​ဆောင်လျက်ရှိသည်။khit thit

ရွှေပြည်သာမှာ မြို့လုံးကျွတ် မီးသပိတ်ပါဝင်ကြ

ရန်ကုန် ရွှေပြည်သာ မေ၁၆ ရက်​နေ့ မီးပိတ်သပိတ်ကို ​ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အလိုက် ၈ နာရီ ၁၅ မိနစ်အချိန်မှာဆက်လက်ဆင်နွှဲကြပါတယ်။ စကစက ကျောင်းတွေဖွင့်ဖို့လုပ်နေကြရာ ကျောင်းသားမိဘတွေ အနေနဲ့ CDM လုပ်ထားတဲ့ ဆရာ ဆရာမများအပေါ် လေးစားသောအားဖြင့်ကျောင်းသွားမအပ်ကြဖို့ ထပ်မံတောင်းဆို​ကြောင်း လူငယ်​တွေက ​ပြောပါတယ်။khit thit

ဒိုက်ဦးပညာရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်

ဒိုက်ဦးမြို့နယ်ပညာရေးမှူးရုံးမှာ ဒီနေ့ည ၇ နာရီခွဲလောက်က  ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲပြီး မကြာခင်မှာပဲ အကြမ်းဖက်စစ်အုပ်စုရဲ့ ရဲနဲ့ စစ်သားတွေရောက်လာပြီး ပညာရေးမှူးရုံးရှေ့လမ်းတွေကို ပိတ်ကာ စစ်ဆေးနေတယ်လို့ဆိုပါတယ်။

ပြီးတော့ လမ်းဆုံတွေနဲ့ ရဲစခန်းဘက်မှာလည်း သေနတ်အချက် ၂၀ ကျော် ပစ်ဖောက်ခဲ့​တယ်လို့ ဆိုပါတယ်။DVB

မေလ ၁၄၊၁၅ ရက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မင်းတပ်မြို့ကလူငယ်( ၇) ဦးကျဆုံး

မေလ ၁၄၊၁၅ ရက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မင်းတပ်မြို့ကလူငယ်( ၇) ဦးကျဆုံးခဲ့ပါတယ်။

1). Salai Thang Hung Thang
2). Salai Mang Kee Thang
3). Salai Hung Awm Hung
4). Salai Kee Tam
5). Salai Thang Phep
6). Salai Ha Khui Shing
7). Salai Khui Shing Ning

Chinworld

တောင်ဒဂုံမှ အသက် ၄၂ နှစ်အရွယ် ကိုကျော်ကျော်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်၊ ဆေး စာတွင် ရောဂါခံအကြောင့် သေဆုံးဟု လက် မှတ်ထိုးမှ ပုပ်ပွနေသောအ လောင်းကို သဂြိုလ်ခွင့်ပြု

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၅၆ ရပ် ကွက်မှ အသက် ၄၂ နှစ်အရွယ် ကိုကျော်ကျော်ကို အကြမ်းဖက်လူသတ်ဖက်ဆစ်စစ်ကောင်စီတပ်များက မေလ ၁၄ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ပြီး ၂ ရက်အကြာ သတ်ဖြတ်ပြီး ပုပ်ပွနေသော အလောင်းပြန်ပေးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သ တင်းဌာနသို့ ပြောဆိုသည်။

ကိုကျော်ကျော်အပါအဝင် အမျိုးသား ၄ ဦးကို အ ကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးသွားခဲ့ကြောင်း၊ ယခင်က တောင်ဒဂုံတွင် စစ်ကောင်စီကို ခံတပ်ဆောက်၍ ခုခံစဉ်က ဦးဆောင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ မိုဘိုင်းလ်ဖုန်းတွင် တော်လှန်ရေး ဓာတ်ပုံများ တွေ့သည်ဟုဆိုကာ ညှဉ်းပန်းနှိပ်စက်ကြကြောင်း၊ ယင်းနောက် ၂ ရက်အကြာတွင် အလောင်းပြန်ပေးပြီး ဆေးစာတွင် ရော ဂါအခံကြောင့် သေဆုံးသည်ဟု ရေးသားကြောင်း သိရှိရသည်။

“ကိုကျော်ကျော်ကို မူလအခံရောဂါကြောင့်သေဆုံးဟု လက်မှတ်ထိုးထုတ်ရတယ်။ ဖုန်းထဲမှာ တော် လှန်ရေးဓါတ်ပုံများမိလို့ဆိုပြီး ၁၄ ရက်နေ့ ညနေ ၄ နာရီက ဖမ်းသွားတာ။ ဒီနေ့ ကြည်စု မှာ မီးသဂြိုလ်တယ်။ အလောင်းက ပုပ်နေပြီ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အရင် ၅၆ မှာဖြစ်တဲ့ကိစ္စမှာ ဦးဆောင်သူထဲပါတယ်ဆိုပြီး ဖမ်းသွားတာ သူက ကားမှတ်တိုင်နားမှာဒိန်ချဥ်ရောင်းတယ်။ ဒီကနေ့ပဲအလောင်းပြန်လာပို့လို့ချက်ခြင်းသဂြိုလ်လိုက်ရတယ် အလောင်းမှာကလီစာတွေတခုမှမပါတော့ဘူး” ဟု​ ဒေသခံတစ်ဦးက ဆိုသည်။

ဒေသခံများ၏ အဆိုအရ ရုပ်အလောင်းတွင် နှိပ် စက်ထားသော ဒဏ်ရာ ဒဏ် ချက်များစွာ တွေ့ရပြီး မျက်နှာတွင် အညိုအမည်းများရှိကြောင်း၊ ပါးစပ်တွင်လည်း သွားများရိုက်ချိုးခံထားရသည့် ပုံရှိပြီး ပါးစပ်တစ်ခုလုံး ရောင်ကိုင်းနေကြောင်း သိရှိရသည်။

ကိုကျော်ကျော်၏ အသုဘအခမ်းအနားကို စစ်ကောင်စီတပ်များက လိုက်လံ ကြည့်ရှုပြီး ဓာတ်ပုံ ရိုက်ကူးခွင့်မပေးကြောင်း သိရှိရသည်။

ကိုကျော်ကျော်နှင့်အတူ ဖမ်းဆီးခံရသော ကျန်အ မျိုးသား ၃ ဦး၏ အခြေအနေကိုလည်း လက်ရှိအ ချိန်အထိ သတင်းတစ်စုံတစ်ရာမရရှိသေးကြောင်း  ဒေသခံများက ပြောဆိုကြသည်။khit thit

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ရွာအုပ်စု၊ ညောင်ရွာကျေးရွာတွင် မေလ ၁၆ ရက်နေ့ညတွင် စစ်အာဏာရှင်အ လိုမရှိကြောင်း ဆန္ဒဖော်ထုတ်

khit thit

မိုးကုတ်တွင် လက်နက်ကြီးကျရောက် ပေါက်ကွဲ

မိုးကုတ်မြို့နယ်တွင် ယ​နေ့ ​မေလ ၁၆ ရက်​နေ့ ည​နေပိုင်းက လက်နက်ကြီး ၂ လုံးကျ​ရောက်​ပေါက်ကွဲ​ကြောင်း ​ဒေသခံများက ​ပြောသည်။

“မိုးကုတ် စစ်ဗျူဟာကုန်းအရာရှိနေတဲ့နေရာ ရေ ကန်အနီးမှာ ညနေ ၅ နာရီ ၁၈ မိနစ်က လက်နက် ကြီးပေါက်ကွဲပြီး နောက်ထပ် ၅ နာရီ ၄၈ မိနစ်မှာ လက်နက်ကြီးသံ အကျယ် ကြီးကြားရတယ်ဗျ အဲဒီနောက် တစ်ချက်က ထွေအုပ် အုတ်တံတိုင်းကို သွားထိတယ်လို့ အနီးနားနေထိုင်သူတွေ ပြောတယ်ဗျ။ ပေါက်ကွဲပြီး အကြာမှာ ရဲ စစ်သားတွေက မြို့လယ်ခေါင်းက ကန်ဘောင်တံတားနှစ်ဆင်းနားမှာ အသွား အလာတွေကို စစ်နေတယ်ဗျ။အသံကတော့ ကျွန် တော်ကိုယ်တိုင်ကြားတာအကျယ်ကြီးပဲ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ပြော သည်။khit thit

« Older Entries