Monthly Archives: May 2021
မေလ ၁၇ ရက်နေ့ ညနေပိုင်း ရန်ကုန်၊ စမ်းချောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း



khit thit
မြောက်ဦးတွင် စစ်ကောင်စီက ၂ ရက်ကြာ ခေတ်မီလက်နက်များပစ်ခတ်လေ့ကျင့်မည်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၌ မေလ ၁၉ ရက်နေ့မှ မေလ ၂၀ ရက်နေ့ အထိ ၂ ရက်ကြာ ခေတ်မီလက်နက်များကို လေ့ကျင့်ပစ်ခတ်မှုများပြုလုပ်သွားမည်ဖြစ်သည်ဟု မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့မှ ကျေးရွာစီမံအုပ်ချုပ်ရေးမှူး များအားအကြောင်းကြားစာပေးပို့လာသည်ဟု သိရသည်။
အဆိုပါ အကြောင်းကြားစာတွင် ခေတ်မီလက်နက်များလေ့ကျင့်ပစ်ခတ်မှုကို မြောက်ဦးမြို့နယ် ရွာဟောင်းတော ကျေးရွာအုပ်စု၊ ခေါင်းဖြူ တောင်ကွင်း၊ ခန့်မှန်းခြေမြေပုံအညွှန်း( အီးတီ- ၂၁၆၇၈၁) တွင် လေ့ကျင့်ပစ်ခတ်မည် ဖြစ်ပါ၍ သတ်မှတ်ရက်ထက် ၂ ရက်ကြိုတင်၍ ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ခေါင်းဖြူတောင် ကွင်းအနီးအနားသို့ သစ်၊ဝါး၊ ထင်းများ ခုတ်ယူရန်ဖြတ်သန်းသွား လာခြင်းမပြုလုပ်စေရေး အသိပေးအကြောင်းကြားသည်ဟု ပါရှိသည်။
“ ကျွန်တော်တို့ကို မြို့နယ်ထွေအုပ်ရုံးက ဖုန်းဆက်လာတယ်။ အမှတ် ၃၁ စခန်းမှာ ရဲတွေကိုသင်တန်းပေးနေ တယ်။ အဲဒီသတင်းမှာ ခေတ်မီလက်နက်တွေကို ပစ်ခတ်လေ့ကျင့်ဖို့ပါတယ်။ အဲဒါကြောင့် ရွာကလူတွေကို တော တောင်တွေကို မသွားဖို့၊ ကျွဲ၊ နွားတွေကို တောတောင်အနီးအနားတွေမှာ မသွားဖို့ပြောသွားတယ်။ စာလေ့တစ်စောင် ပေးလာတယ်။”ဟု ဆင်အိုးချေကျေးရွာ စီမံအုပ်ချုပ်ရေး ကောင်အဖွဲ့ ဥက္ကဌ ဦးစိန်လှမောင်က ပြောသည်။
အဆိုပါအကြောင်းကြားစာပေးပို့ထားသည့်ကျေးရွာ ၁၀ ကျော်မှာ ဆင်အိုးကြီး၊ ဆင်အိုးချေ၊ ရွာဟောင်းတော၊ မောင်သာကုန်း၊ ချောင်းသစ်၊ ပီပင်ရင်း၊ သင်္ဘောဆိပ်၊ ကြာချေ၊ ရော်မနီ၊ သရက်အုပ်နှင့် မြောက်ဦးမြို့ပေါ်မှ လက်ကောက်စျေးရပ်ကွက်ရပ်ကွက် လည်းပါဝင်သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းနှင့် ပြန်ကြားရေး ဦးလှသိန်းအားဆက်သွယ်ခဲ့ရာ သူအပြင်ထွက်သွားခဲ့ကြောင်း ဖုန်းကိုင်သူတစ်ဦးမှပြန်လည်ဖြေဆိုခဲ့သည်။
ယင်းအပြင်ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအားဆက်သွယ်ခဲ့သော်လည် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။khit thit
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူများသို့ အသိပေးချက်ထုတ်ပြန်
ဆားလင်းကြီးမြို့နယ် ဖောင်းကားကျေးရွာမှ စစ်အာဏာရှင်ကျဆုံးရေး နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်း ယနေ့မွန်းလွဲပိုင်းတွင်ချီတက်




khit thit
အင်လှကျေးရွာပြည်သူများ စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြ






khit thit
မင်းတပ်တွင် အကြမ်းဖက်လူသတ်စစ်ကောင်စီက ဥပဒေမဲ့ ပရမ်းပတာ စစ်ရာဇဝတ်မှု ကျူးလွန်နေပြီး အရေးပေါ် စစ်ရှောင်စခန်းများ ဖွင့်လှစ်ရန်လိုအပ်နေ



ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီက ဥပဒေမဲ့ ပရမ်းပတာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေပြီး ပြည်သူများအတွက် အရေးပေါ် စစ်ရှောင်စခန်း ဖွင့်လှစ်ရန် လိုအပ်နေကြောင်း မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။
မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် အကြမ်းဖက် စကစ ၏ အလွန်အကျွံအင်းအားသုံးဖြိုခွင်းမှုများကြောင့် ပြည်သူတွေအထိနာမှာစိုးပြီး နောက်ဆုတ်ပေးသော်လည်း အကြမ်းဖက် စစ်ကောင်စီသည် တွေ့သမျှ လူများကိုဖမ်းဆီးနှိပ်စက်နေပြီး ဖျက်စီးမြဲအတိုင်းဖျက်စီးနေကြောင်း၊ မြို့ပေါ်မှ ၉၀ ရာခိုင်နှုန်း သောပြည်သူလူထုသည် တောထဲတောင်ထဲ အကာအကွယ်မဲ့ တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း၊ မြို့ပေါ်မှာ ပိတ်မိနေသည့် ပြည်သူတစ်ချို့လည်း ထွက်ပြေး၍ မရစေရန် စစ်တပ်က လမ်းများပိတ်ဆို့ထားကြောင်း သိရှိရသည်။
အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီသည် အိမ်ထဲဝင်ပြီး ရှိသမျှပစ္စည်း၊ ချင်းရိုးရာပစ္စည်းများကို ခိုးယူခြင်း၊ အဘိုးအဖွားများနှင့်အစောင့်များရှိနေသည့်အိမ်များကို ဝင်ရောက်ကာ ငွေ၊ လက်ဝတ်ရာတနာ၊ နားကပ်၊ ဆွဲကြိုး၊ ဆိုင်ကယ် တွေ့သမျှအကုန်ယူဆောင်ကြောင်း၊ ပြည်သူများ၏အိမ်များကို လက်နက်ကြီးငယ်များဖြင့် တမင်ဖျက်စီးနေကြောင်း သိရှိရသည်။
မင်းတပ်ပြည်သူလူထုအတွက် NGO/INGO/UN များ၏ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ၊အရေးပေါ်စစ်ဘေးရှောင်စခန်း၊ စားနပ်ရိက္ခါတွေ အမြန်ပံ့ပိုးပေးဖို့လိုအပ်နေကြောင်း၊ အကူအညီများ ရက်ပိုင်းအတွင်း မရရှိပါက စစ်တပ်၏လက်နက်ကြောင့် သေသည့်သူကသ်ပြီး အစာရေစာငတ်ပြတ်ခြင်း ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်းတို့ကြောင့် ဒုက္ခရောက်မည့် လူဦးရေး များလာမည့် အခြေအနေမှာရှိကြောင်း၊ အလံဖြူ ထောင်နိုင်သည့် စစ်ဘေးရှောင်စခန်းအမြန်ဆုံး ဖွင့်ဖို့လိုအပ်ကြောင်း၊ စစ်ဘေးရှောင်လူဦးရေအားဖြင့် ၃၀၀၀ – ၅၀၀၀ ကြား ရှိကြောင်း၊ အမိုးမရှိ၊ အကာမရှိ၊ အခင်းမရှိ၊ မြေကြီးပေါ်တွင် ပုဆိုးခင်းပြီးအိပ်နေရသည့်အခြေအနေမှာရှိကြောင်း၊ စားဝတ်နေရေးလည်းအခက်အခဲရှိပြီး တောထဲတွင် ခြင်ပေါသည့်အတွက် ကျန်း မာရေးလည်း မကြာခင် ၃-၄-၅ ရက်အတွင်း အခြေနေဆိုးဝါးလာမည်ဖြစ်ကြောင်း သိရှိရသည်။khit thit
အလံမလိပ် အသံမတိတ် ပခုက္ကူဆည်းဆာသပိတ် ချီတက်ဆန္ဒပြ





ပခုက္ကူမြို့မှ ကျောင်းသားပြည်သူများသည် မေလ ၁၇ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး “အလံမလိပ်၊ အသံမတိတ်၊ ပခုက္ကူဆည်းဆာသပိတ်” ချီတက်န္ဒပြခဲ့ကြသည်။khit thit
သရက်ချောင်းမြို့နယ် ကမြိုင်ရွာထိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်ဖောက်ခြိမ်းခြောက်၊ အနီးရှိ ကာဝပ်ရှော့ ကို ဝင်ရောက်ဖျက်ဆီး





တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကမြိုင်ကျေးရွာ လမ်းထိပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၁၇ ရက် ယနေ့နံနက် ၁၀ နာရီ ဝန်းကျင်တွင် သေနတ်ဖောက်ခြိမ်းခြောက်ပြီး အနီးရှိ ဆိုင်ခန်းများကို ဝင်ရောက်ဖျက်ဆီးခဲ့သည်။
“သူတို့က ဒီနားက ရွာတွေက သပိတ်စစ်ကြောင်းတွေ ထွက်ကြတယ်ဆိုလို့ လာစုံစမ်းကြတာ၊ မတွေ့တော့ ဆိုင်ခန်းတွေကို ဖျက်ဆီးသွားတာ” ဟု ဒေသခံတစ်ဦးမှ ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရွာသားများမှ ဓာတ်ပုံများ ရိုက်ယူကာ လူမှုကွန်ရက်ပေါ်တွင်ဖြန့်ဝေခဲ့ပြီး အဆိုပါဓာတ်ပုံများတွင် ကားဝပ်ရှော့တစ်ခု၏ ဆိုင်းဘုတ်ပါဝင်နေသောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ ကားဝပ်ရှော့အား ထပ်မံ ဝင်ရောက် ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ပြောသည်။
အာဏာသိမ်း လူသတ်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ဖောက်ခြိမ်းခြောက် ဖျက်ဆီးမှုတွေ လုပ်ခဲ့ပေမယ့် ရွာသားတစ်ဦးကိုမှ ဖမ်းဆီးသွားခြင်း မရှိဟု သိရသည်။khit thit
ဖားကန့်မြို့နယ်ပညာရေးမှူးရုံးရှေ့ ဗုံးကွဲ
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ယနေ့ ညနေ ၄ နာရီက ဗုံးကွဲပြီး လူထိခိုက်မှုမရှိကြောင်း၊ သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက နေရာများ ပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရှိရသည်။khit thit