ပူတာအိုမြို့နယ်ရှိ မလိခမြစ်ဘေးက တရားမဝင်ရွှေတူးဖော်နေမှုအား ဒေ သခံများ သွားရောက်ကန့်ကွက်


ပူတာအိုမြို့နယ်ရှိ ဆွမ်ပီယန်ကျေးရွာတွင် မေ ၁၇ရက်နေ့က ဆွမ်ပီယန်ကျေးရွာရှိ ရွာသူရွာသားများ အယောက်တစ်ရာကျော်သည် သခင်စစ်ကုမ္ပဏီ၏ တရားမဝင်ရွှေတူးဖော်မှုကို သွားရောက် ကန့်ကွက်ဆန္ဒပြခဲ့ကာ တဲများကို ဖျက်ဆီးပေးခဲ့ကြကြောင်း သိရသည်။
သခင်စစ်ကုမ္ပဏီ၏ တရားမဝင်ရွှေတူးဖော်သူများသည် ဆွမ်ပီယန် ကျေးရွာနားမှ မလိခမြစ်တွင် တရားမဝင်ရွှေတူးဖော်မှုများကို ပြုလုပ်နေသည့်အတွက် ရွာသားများ သွားရောက်ကန့်ကွက်ကာ ၎င်းတို့၏ တဲများကို ရွာသားများ ဖျက်ဆီးပေးလိုက်ကြောင်း သိရသည်။
“အဲ့ဒီနေရာက ကျွန်တော်တို့ရွာအတွက် စိုက်ပျိုးရေးလုပ်ကိုင် စားသောက်တဲ့နေရာ ဖြစ်တယ်။ အဲ့နေရာ ပျက်စီးသွားလို့မရဘူး”ဟု ဒေသခံတစ်ဦးပြောသည်။
NLD အစိုးရလက်ထက်တွင် ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းသည် ဆွမ်ပီယန်ကျေးရွာသို့ သွားရောက်ချိန် ရွာသားများမှ တရားမဝင်ရွှေတူးဖော်မှုကို ကန့်ကွက်ကြသည့်အတွက် တားမြစ်ပေးခဲ့သည့် နေရာဖြစ်ကြောင်းလည်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဖုန်အိန်ယာန်ကျေးရွာတွင်လည်း ယခုနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုများ အများအပြားရှိလာသည့်အတွက် ချောင်းရေညစ် ညမ်းလာကာ ဒေသခံများ သောက်သုံးရေ ခက်ခဲနေကြောင်း သတင်းရရှိသည်။kachinwaves