Monthly Archives: May 2021

မြင်းခြံမြို့နယ်ရှိ ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် ဆေးဝါးနဲ့ အစားအသောက်တွေကို NUG အစိုးရ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မေလ ၂၀ရက်နေ့မှာ ပေးအပ်ကြောင်းထုတ်ပြန်

မြင်းခြံမြို့နယ်ရှိ ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် ဆေးဝါးနဲ့ အစားအသောက်တွေကို NUG အစိုးရ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မေလ ၂၀ရက်နေ့မှာ ပေးအပ်ကြောင်းထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာတွေက ပြည်သူတွေဟာစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် နီးစပ်ရာထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။အကြမ်းဖက်ဖိနှိပ်မှုဘေးကြောင့် ထိခိုက်ခံစားကြရတဲ့ ဒေသခံပြည်သူတွေအတွက် ငွေသားထောက်ပံ့မှုငွေကျပ် ၉သိန်းအပါအဝင် ဆေးဝါးနဲ့စားသောက်ကုန် ပစ္စည်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြုပစ္စည်းတွေ၊ အဝတ်အထည်နဲ့ လူသုံး ကုန်ပစ္စည်းတွေကို ဒေသခံအဖွဲ့အစည်းတွေကတဆင့် ပေးအပ်လှူဒါန်းခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ကချင်ပြည်နယ်စစ်ဘေးရှောင်အိမ်ထောင်စု ၁၄၀အတွက်လည်းလူသားချင်း စာနာထောက်ထားရေး အကူအညီတွေပေးအပ်ထားပါတယ်။DVB

တောင်ကြီး မြို့လယ်ခေါင် ဗုံးကွဲ၊ နှစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စျေးမီးပွိုင့်အနီးတွင် ယနေ့ညနေ ၆ နာရီဝန်းကျင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လမ်းသွားလမ်းလာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သတင်းရရှိသည်။

ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ပြီး အမျိုးသား၏ အခြေအနေ စိုးရိမ်ရကြောင်း ကနဦးသတင်းရရှိသည်။khit thit

သပိတ်ကျင်းတွင် လူငယ် ​မောင်​ဆွေလှိုင်ထွန်းကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာတွင် မေလ ၁၉ ရက် ည ၈ နာရီခွဲခန့်က အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီမှ လိုက်လံဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ရွာသားတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

“အောင်ရတနာ အမှတ် ၁ ရပ်ကွက်ထဲမှာ ဖြစ်တာ၊ သူက လမ်းလျှောက်လာတာ စစ်သားတွေနဲ့တွေ့တော့ ပြေးတာ၊ အဲ့မှာ စစ်သားတွေက လိုက်၊ မိတော့ ပါးတွေနားတွေ ရိုက်ပြီး ဝမ်းဗိုက်ကို သေနတ်နဲ့ ပစ်သတ်လိုက်တာ” ဟု မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦးမှ ပြောသည်။

ပစ်သတ်ခံရသည့် အမျိုးသားမှာ ချောင်းကြီးကျေးရွာ ရွှေမှော်တစ်ခုတွင် လာရောက်လုပ်ကိုင်နေသည့် ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ဆွေလှိုင်ထွန်းဆိုသူဖြစ်ကြောင်း ၎င်း၏ အသိမိတ်ဆွေတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

အဆိုပါ ပစ်သတ်ခံရသည့် အမျိုးသားအလောင်းကို အချိန်အနည်းငယ်အတွင်း လူနာတင်ယာဥ်တစ်စီးမှ လာရောက်သယ်ယူသွားသည်ဟု သိရသည်။

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ စစ်သားများ ညစဥ်လှည့်လည်နေပြီး ညတိုင်း သေနတ်သံ ၁၀ ချက်ခန့် ကြားရကြောင်း၊ ဒေသခံများမှာ ကြောက်လန့်ပြီး မီးများပိတ်ကာ အိမ်ထဲ၌သာ နေနေရကြောင်း ဒေသခံရွာသားမှ ပြောသည်။khit thit

အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ၃ လုံး ထိုင်းနိုင်ငံထဲ ကျရောက်ပေါက်ကွဲ

အကြမ်းဖက်စစ်တပ် ခြေကုပ်ယူထားသော ကရင်ပြည်နယ် သံလွင်မြစ်ကမ်း မဲ့သရီးထစခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆံ ၃ လုံး ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင်ခရိုင်အတွင်းက မဲ့ခါထာကျေးရွာ ခေါ် ဘန့်ထာ့ထဖန်းကျေးရွာအနီး ယနေ့နေ့လယ် ၁၂ နာရီတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု Nation 22 ထိုင်းသတင်းဌာနမှာ ဖော်ပြသည်။

အဆိုပါ လက်နက်ကြီးကျည်များသည် မဲ့ခါထာကျေးရွာအနီးရှိ လယ်ကွင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ပျက်စီးထိခိုက်မှုအသေးစိတ် မသိရှိရသေးပေ။ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းပေါ်ရှိ သီးမူထနှင့် သော်လဲထာစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၅ ခုခန့်ကို မတ်လ ၂၇ ရက်မှစတင်ကာ ကရင်အမျိုးသားအစည်းအရုံးမှ တိုက်ခိုက်သိမ်းပိုက်ထားသည်။

အချို့စခန်းများမှ စစ်ကောင်စီတပ်သားများသည် စခန်းမှ စွန့်ခွာကာ မဲ့သရီးထစခန်းတွင် သွားရောက်ပူးပေါင်းနေပြီး အဆိုပါစခန်းတွင် စစ်ကောင်စီ တပ်သား အင်အား ၁၀၀ နီးပါးခန့် ရှိနိုင်သည်ဟု KNU မှ ခန့်မှန်းထားသည်။သံလွင်မြစ်ကမ်းပါးပေါ်မှာ တည်ရှိတဲ့ မဲ့သရီးထစခန်းတွင် ရဟတ်ယာဥ်ဆင်းသက်လို့ရသော နေရာတစ်ခု တည်ဆောက်ထားပြီး လက်နက်နှင့် စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့မှုတွေ ရှိသည်ဟု KNU က ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါစခန်းကို KNLA မှ ဝိုင်းထားသည်ဟု ယူဆရပြီး အကြမ်းဖက်စစ်ကောင်စီမှ ပြန်လည် ပစ်ခတ်သောကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။khit thit

ဖျာပုံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်က ဒေါ်ညိမ်းကျေး ရွာအုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၂၀ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မွန်းလွဲ ၃ နာရီကျော်လောက်မှာ အုပ်ချုပ်ရေးမှူးရုံးရဲ့ ကြမ်းပြင်ကနေ ဗုံးပေါက်ကွဲခဲ့တာလို့ ဒေ သခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ လက်နက်ကိုင်တွေ ရောက်ရှိစစ်ဆေးတာတွေပြု လုပ်နေတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးရုံးမှာ ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာ ရရှိသာ ရှိ မရှိ ဆိုတာကိုတော့ အတည်ကျမသိရသေးပါဘူး။
ဒေါ်ညိမ်းကျေးရွာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေလက်မခံတဲ့ စည်သူကျော် ဆိုတဲ့လူကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ မေလ ၁၁ ရက်နေ့က ပေါ်ကွဲမှုဖြစ်ပွားခဲ့ပြီး ဖျာပုံမှာ ပေါက်ကွဲမှုဟာ ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။DVB

အာဏာသိမ်းစစ်ကောင်စီက တစ် နေ့ ၇၀၀၀ ပေးပြီး တပ်မတော်သား သားသမီးတွေကို လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်း

အသက် ၁၈ ပြည့်ပြီး အလုပ်အကိုင်မရှိတဲ့ တပ် မတော်သားတွေရဲ့ သားသမီးတွေကို လက် နက်ငယ် ရက်တို သင်တန်းပေးပြီး စားရိတ်ငြိမ်း တစ်နေ့ ၇၀၀၀ ကျပ်နဲ့  မြို့တွင်းလုံခြုံရေးတွေမှာ အာဏာသိမ်းစစ်ကောင်စီဘက်တာ ဝန်ထမ်းဆောင်ခိုင်းနေတယ်လို့ အာဏာဖီဆန်မှုလုပ် ဆောင်လာတဲ့ တပ်မတော်အရာရှိစစ်သည်တွေဆီကနေသိရပါတယ်။

အဲဒီအပြင် အငြိမ်းစားပေးလိုက်တဲ့ တပ်မတော်သားတွေကိုလည်း လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ လွန်ခဲ့တဲ့ လကတည်းက အာဏာသိမ်းစစ်ကောင်စီဘက်က ပြင်ဆင််နေခဲ့တာလို့ဆိုပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်မှု CDM လုပ်ဆောင်လာခဲ့တဲ့ တပ်မတော်အရာရှိကြီး တစ်ယောက်က တပ်မတော်သားတွေရဲ့ သားသ မီးတွေကို လက်ရှိမှာ စစ်ပွဲဖြစ်နေတဲ့နေရာဒေသတွေကို မပို့သေးဘဲ မြို့တွင်းက စာသင်ကျောင်းတွေ ဆေးရုံတွေနဲ့ ရပ်ကွက်လုံခြုံရေးလိုနေရာမျိုးတွေမှာ တာဝန်ချထားမှုတွေလုပ်ဆောင််နေတာလို့ဆိုပါတယ်။

အပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုအမှန်မသိကြသလို အလုပ်အကိုင်မရှိတော့ဘဲ စားဝတ်နေရေးခက်ခဲလာတာကြောင့် အခုလိုဝင်ရောက်လုပ်ကိုင်နေတာလို့ဆိုပါတယ်။ စစ်ခေါင်း ဆောင်ပိုင်းတွေက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ တပ်တွင်းလုံခြုံရေးတင်းကြပ်ထားပြီး သတင်းအမှောင်ချထားတဲ့အတွက်ကြောင့် အပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအ ရာအမှန်ကို သိရှိသူနည်းတယ်လို့ အခုရက်ပိုင်းအတွင်းမှ CDM လုပ်လာတဲ့တပ်မတော်သား တစ်ယောက်က ဒီဗွီဘီသတင်းဌာနကိုပြောဆိုပါတယ်။

အာဏာသိမ်းမှုကို မကြိုက်တဲ့ တပ်မတော်သားအများအပြားလဲရှိနေပြီး အမိန့်ဆိုတဲ့အရာအောက်မှာ လူအခွင့်အရေးအရဆုံးရှုံးနေမှုတွေကို မကြိုက်တာကြောင့် တပ်ကိုစွန့်ခွါဖို့လုပ် ဆောင်နေတဲ့သူတွေအများအပြားရှိနေတယ်လို့ မတ်လအတွင်းက CDM လုပ်လာခဲ့တဲ့ တပ်မ တော်အရာရှိတစ်ယောက်ကပြောပါတယ်။

လူအများစုက တပ်ကနေထွက်လာခဲ့တဲ့ တပ်မ တော်သားတွေကို  NLD ပါတီကိုထောက်ခံသူလို့ပြောဆိုကြပြီး မထွက်ခွါတဲ့သူတွေကို တပ် မတော်ကိုထောက်ခံသူ လိုပြောဆိုကြတာတွေက ပြည်သူနဲ့ပူးပေါင်းချင်တဲ့ တပ်မတော်သားတွေအတွက်အခက်တွေ့စေပြီး ပါတီတစ်ခု လူတစ်စုအတွက်မဟုတ်ဘဲ အာဏာရှင်စနစ်ကိုအတူတ ကွ တိုက်ထုတ်ရမယ်ဆိုတဲ့အတွေးမျိုးတွေ ပြော ဆိုမှုတွေရှိသင့်တယ်လို့ဆိုပါတယ်။

လက်ရှိအချိန်ထိ တပ်ထဲကနေထွက်ခွါလာတဲ့ တပ်မတော်သားအရာရှိ ထောင်နဲ့ချီ ရှိနေပြီး တ ချို့တပ်မတော်သားတွေကို လူငယ်တွေကို စစ် သင်တန်းတွေ ပြန်လည်ဝေမျှနေပါတယ်။DVB

ဟားခါးတိုက်ပွဲ အကြမ်းဖက်စစ် တပ်က ၇ ‌ဦးသေဆုံးပြီး အနည်း ဆုံး ၁၉ ဦးဒဏ်ရာရ

ဟားခါးမြို့က မနေ့ကနဲ့ တနေ့က တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ်က ၇ ‌ယောက်သေပြီး အနည်းဆုံး ၁၉ ယောက် ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) က သတင်းထုတ်ပြန်ပါတယ်။

မေ ၁၉ ရက် မနေ့‌ညနေ ၅ နာရီဝန်းကျင်က အကြမ်းဖက်စစ်ကောင်စီတပ် အယောက် ၇၀ လောက်ဟာ ဟားခါး-မတူပီလမ်းမအကြားမှာ နယ်မြေရှင်းလင်းရေးလုပ်‌တုန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) က ချောင်းမြောင်းပစ်ခတ်တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးပြီး အနည်းဆုံး ၅ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) ရဲ့ ဆိုင်ကယ်အစီး ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီ ၂ ရက်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) တပ်ဖွဲ့၀င်‌တွေ တယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း ဆိုပါတယ်။

မေ ၁၈ ရက် ညနေ ၄ နာရီကျော်ကလည်း ဟားခါး-ထန်တလန်လမ်းမပေါ်က လုံခြုံရေးဂိတ် (ဟားခါးတက္ကသိုလ်အနီး) က ပစ်ခတ်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အနည်းဆုံး ၂ ယောက် ဒဏ်ရာရပြီး ဟားခါးသာရ် ၆ လမ်းဆုံ ပစ်ခတ်မှုမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်က ၄ ယောက်သေ၊ အနည်းဆုံး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ပြီးတော့ ဟားခါး-ဂန်ဂေါလမ်း ပစ်ခတ်တိုက်ခိုက်မှုမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က အနည်းဆုံး ၃ ယောက် ဒဏ်ရာရသွားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကလေးမြို့မှာ အင်အားဖြည့်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့လည်း ဆိုပါတယ်။

မနေ့က မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၃ ယောက်သေတယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မင်းတပ်-မတူပီ လမ်း မိုင် ၄၀ နဲ့ ၅၀ ကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က တပ်ကြပ်တ ‌ေယာက်အပါအဝင် စစ်သား ၃ ယောက် သေ ဆုံးတယ်လို့ အတည်ပြုထုတ်ပြန်ပြီး သတင်းအသေးစိတ်ကတော့ မသိရသေးပါဘူး။DVB

ရန်ကုန်မက်ခရိုကုန်တိုက် ကားပါကင်တွင် ဗုံးပေါက်

ရန်ကုန်မြို့၊ မက်ခရိုကုန်တိုက်တွင် ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ် ကားပါကင်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လက်ရှိတွင် ကုန်တိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်များက စီးနင်းထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပေါက်ကွဲမှုကြေုာင့် လူနှင့် ပစ္စည်းထိခိုက်မှု အခြေအနေကို မသိရှိရသေးဘဲ ကုန်တိုက်တစ်ခုလုံးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပိတ်ဆို့ထားကြောင်း သိရှိရသည်။ “နောက်ထပ် ဗုံးရှိတယ်လည်း ပြောနေတယ်။

အခုထက်ထိတော့ ကုန်တိုက်ထဲမှာ။ သူတို့အားလုံးက ၀ိုင်းထားတော့ ဖုန်းတောင် ရဲရဲ ဖွင့်မသုံးရဲဘူး။ ဗုံးပေါက်တာ ကြောက်ဖို့ မကောင်းဘူး။ သူတို့ သရဲ မရဲ စီးပြီး လူတွေကို တရားခံလို ကြည့်ပြီး စစ်နေတာက ကြောက်ဖို့ကောင်းတာ” ဟု ကုန်တိုက်အတွင်း ရောက်ရှိနေသူ ပြည်သူတစ်ဦးက သတင်းပေးပို့သည်။khit thit

သစ်တောသယံဇာတများ လေလံတင်ရောင်းချ ဝင်ငွေရှာရန် အကြမ်းဖက်စစ်ကောင်စီက စီစဉ်နေ

အန်အယ်လ်ဒီအစိုးရလက်ထက်က ဖမ်းဆီးရမိထားတဲ့ တရားမဝင်သစ်တွေနဲ့ တခြား ပစ္စည်းတွေကို  ဌာနဆိုင်ရာတွေကလေလံတင်ရောင်းချပြီး အကြမ်းဖက်စစ်ကောင်စီထံ ရန်ပုံငွေ ပေးသွင်းဖို့ စီစဉ်နေတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ NUGက ထုတ်ပြန်ထားပါတယ်။

အခုလို ပြည်သူပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီအတွက် ရန်ပုံငွေရှာနေတာကို လုံးဝလက်ခံမှာမဟုတ်ကြောင်းနဲ့ လေလံတင်ရောင်းချတာ ဆက်လက်ဆောင်ရွက်ပါက ပါဝင်ပတ်သက်တဲ့ ဝန်ထမ်းတွေကို ပြည်သူပိုင်ပစ္စည်းဖျောက်ဖျက်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုနဲ့ အမည်ပျက်စာရင်းသွင်းမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာ ပါတယ်။

နိုင်ငံရဲ့ အခြေအနေအရ အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေကြောင့် သစ်တောသစ်ပင်တွေ နေရာအနှံ့ပျက်စီးလျော့ပါးနေရာ  တရားမဝင်သစ်ခိုးထုတ်မှုကလည်း ကြီးမားတဲ့ ဖိအားတစ်ခုဖြစ်နေတယ်လို့ဆိုပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် တရားမဝင်သစ်ခိုးထုတ်ယူမှုတွေကို ဖမ်းဆီးအရေးယူခဲ့ရာ သစ်တန်ပေါင်း  ၂ သိန်းလောက်  ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ထားပါတယ်။

ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းတွေအရ ဖမ်းဆီးရမိတဲ့ တရားမဝင်သစ်တွေ၊ သစ်ပင်နဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို လေလံတင်ရောင်းချပြီး ပြည်သူ့ဘဏ္ဍာအဖြစ် နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရတာဖြစ်ပါတယ်။

ဖမ်းဆီးရမိထားတဲ့ တရားမဝင်သစ်တွေကို လုံခြုံစိတ်ချရာနေရာမှာ ထိန်းသိမ်းထားဖို့နဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို  အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့သာ လုပ်ဆောင်သွားမယ်လို့အသိပေး ကြေညာထားပါတယ်။DVB

« Older Entries