Monthly Archives: May 2021

ရရာ လက်နက် စွဲ‌ကိုင်တော်လှန်နေတဲ့ အဖွဲ့ အစည်းတွေ နဲ့ ဆက်သွယ်ဖိုဘ စစ်ကိုင်တိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ဆက်သွယ်ရေးတာဝန်ခံများ ခန့်အပ်

မြန်မာနိုင်ငံမှာ အဓမ္မ အာဏာသိမ်းယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ရရာလက်နက်စွဲကိုင်ပြီး ခုခံတိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုင်းလွှတ်တော်ကိုယ်စားပြု့ကော်မတီကြားဆက်သွယ်နိုင်ဖို့ ဆက်သွယ်ရေးတာဝန်ခံတွေခန့်အပ်လိုက်တယ်လို့ စစ်ကိုင်းတိုင်း လွှတ်ျတာ်ကိုယ်စားပြုကော်မတီက ဒီကနေ့ မေလ ၂၁ရက်နေ့မှာထုတ်ပြန်ပါတယ်။

ဒီဆက်သွယ်ရေးတာဝန်ခံတွေကို စစ်ကိုင်းတိုင်းအတွင်းက နာဂနယ်မြေ၊ ခန္တီးမော်လိုက်ခရိုင်၊ တမူးကလေးခရိုင်၊ ကသာကောလင်း ကန့်ဘလူ ရွှေဘိုခရိုင်နဲ့ စစ်ကိုင်း မုံရွာ ယင်းမာပင် ခရိုင်တွေမှာ ခန့်အပ်ခဲ့တာပါ။

ဆပ်သွယ်ရေးတာဝန်ခံတွေအနေနဲ့ အာဏာလု အကြမ်းဖက်စစ်ကောင်စီတပ်တွေကိုခုခံတိုက်ခိုက်နေတဲ့ တိုက်ခိုက်ရေးအဖွဲ့တွေရဲ့ လုပ်ဆောင်နေတာတွေ၊ လိုအပ်ချက်တွေကို CRPH ,NUG , PDF တို့နဲ့ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ပေးဖို့တာဝန်ချမှတ်ထားပါတယ်။khit thit

ကွတ်ခိုင်-မူဆယ်လမ်း၊ ကွတ်ခိုင်မြို့အထွက်တွင် စစ်ကောင်စီမှ ကားများကို စစ်ဆေးနေ

ကွတ်ခိုင်မြို့နယ် OHC တိုးဂိတ်နှင့် နမ့်ခိုင်တံတားတွင် မေလ ၂၁ ရက် ညနေ ၆ နာရီဝန်းက အကြမ်းဖက်စစ်ကောင်စီမှ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ခရီးသွားပြည်တွေကို “ဘယ်သွားမလဲ ဖုန်းတွေယူ စစ်ဆေးမေးခဲ့တယ်”ဟု စစ်ဆေးခံရသူ ခရီးသွားတစ်ဦးမှ ပြောသည်။လက်ရှိအချိန်တွင် ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဟု ဒေသခံတစ်ဦးမှ ပြောသည်။khit thit

ဖောင်းကားကျေးရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ ဖောင်းကားကျေးရွာတွင် မေလ ၂၁ ရက် မွန်းလွဲပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ခဲ့ကြသည်။khit thit

ပြည်သူအင်အား​ထောင်ချီ​သော ကံကုန်းရွာမှ စစ်အာဏာ ရှင် ဖြုတ်ချ​ရေး သပိတ်

မေ၂၁ညနေပိုင်းစစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ကံကုန်းကျေးရွာတွင် ပြည်သူ​ထောင်ချီ​၍ စစ်အာဏာရှင် ဖြုတ်ချ​ရေး ချီတက်​သပိတ်​မှောက်ကြသည်။khit thit

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ သိမ်းပိုက်ပြီး မီးရှို့​ကြောင်း သိရှိရသည်။khit thit

အလုပ်လုပ်ရင်း စစ်အာဏာရှင်ကို ​တော်လှန်

ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသရှိခဲ၊သတ္တုရှာဖွေနေကြတဲ့ ပြည်သူလူထုများကလည်းဒီကနေ့နေ့လည်ပိုင်းကစစ်အာဏာရှင်ကိုသူတို့၏အလုပ်ခွင်ထဲရောက်တဲ့နေရာမှာဆန့်ကျင်ဆန္ဒပြခဲ့ကြပါသည်။khit thit

« Older Entries