Monthly Archives: May 2021

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ယာဉ်တစ်စီး မိုင်းထိ

ကနီမြို့နယ်မှာ မေ ၂၂ ရက်နေ့က ဒဏ်ရာရ အာဏာသိမ်းတပ်သားတွေကို တင်ဆောင်လာတယ်လို့ ယူဆရတဲ့ ယာဉ်တစီး လယ်ရှည်ဇရပ်အနီးမှာ မိုင်းထိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်အုပ်စုနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။ 

အဲလိုဒဏ်ရာရရှိတဲ့ အာဏာသိမ်းစစ်အုပ်စုဘက်က သူတွေကို ဆေးကုသဖို့ မုံရွာမြို့ကို ပြန်လာတဲ့ကား မိုင်ထိတာလို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက DVB ကို အတည်ပြုပြောဆိုပါတယ်။

“ကနီအထက်ဘက်တိုက်ပွဲကနေ ထိခိုက်လာတဲ့ သူတွေတင်လာတဲ့ ကားထင်တယ်ဗျ။ မိုင်းမိတာကတေ့ာဟုတ်တယ်။ ကားအပေါ်မြှောက်သွားတယ်။ မိုင်းက ကားနောက်ပိုင်းကို မိတာကြောင့် အပျက်စီး ထိခိုက်မရှိလောက်ဘူး။” 

အခုအချိန်အထိ ကနီနယ်အတွင်း နှစ်ဖက်တင်းမာမှုတွေရှိနေပြီး ပြည်သူဘက်က ၉ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ သတင်းတွေထွက်ပေါ်‌နေပြီး တိုက်ပွဲမငြိမ်သက်သေးတာကြောင့် နှစ်ဖက် ဒဏ်ရရသူစာရင်းကို အတည်ပြုလို့ မရနိုင်သေးပါဘူး။DVB

ဖောင်းတကာစံပြရွာမှ မင်းတပ်၊ ဒီမော့ဆို ပြည်သူများနှင့် အတူရှိကြောင်း ညသပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာစံပြကျေးရွာ ပြည်သူများသည် လတ်တလော တိုက်ပွဲများပြင်းထန်နေသော မင်းတပ်၊ ဒီမော့ဆိုတို့နှင့် အတူရှိကြောင်း မေလ ၂၂ ရက် ညက ညသပိတ်ပြုလုပ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။khit thit

တောင်ကြီးမှာ ဗုံးတွေ ဆက်တိုက်ကွဲ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် ယနေ့ ညနေပိုင်း ဗုံးများဆက်တိုက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ ယ နေ့ ညနေ ၆ နာရီ ၂၃ မိနစ်တွင် တောင်ကြီး အထက(၇)ကျောင်းရှေ့ ပန်းခြံတွင်လည်းကောင်း၊ ညနေ ၆ နာရီ ၂၄ မိနစ်တွင် မီးပုံးပျံကွင်းနားတွင်လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင် တွင် ဘုရားဖြူရပ်ကွက်ဩတချောင်းနားတွင်လည်းကောင်း၊ ၆ နာရီ ၅၇ မိနစ်တွင်လည်းကောင်း၊ ည ၇ နာရီ ၇ မိနစ်တွင်လည်းကောင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။khit thit

ဒီ​မော့ဆို ရှိ အကြမ်းဖက် စစ်​ကောင်စီ၏ ဒေါတဝီဂိတ် သိမ်းပိုက်မှုတွင် PDF နှင့်အတူ Free Burma Ranger (Karenni) ပါဝင်တိုက်ခိုက်

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ဒေါတဝီဂိတ် ကို ​မေလ ၂၂ ရက်​နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် PDF ပြည်သူ့ကာကွယ်တပ်များနှင့် အတူ Free Burma Ranger (Karenni)ကပါ ချီတက်သိမ်းပိုက်နိုင်​ကြောင်း Free Burma Ranger (Karenni)က သတင်းထုတ် ပြန်သည်။ khit thit

စစ်အာဏာရှင်ကျဆုံးသည်အထိ တော်လှန်သွားမယ့် ဖောင်းကားသပိတ်စစ်ကြောင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကားကျေးရွာမှ ပြည်သူများသည် မေလ၂၂ ရက် ညနေက စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ခဲ့ကြပြီး စစ်အာဏာရှင်ကျဆုံးသည်အထိ တော်လှန်သွားမည်ဖြစ်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။khit thit

ပြည်မြို့မှ လူငယ်တစ်ဦး ဖမ်းဆီးခံရပြီး သုံးရက်အကြာတွင် သေဆုံးကြောင်း စစ်ကောင်စီမှ နေအိမ်သို့အကြောင်းကြား

ပဲခူးတိုင်း၊ပြည်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက မေလ ၁၉ ရက် နေ့လယ်တွင် ဖမ်းဆီးသွားသော ကိုထွန်းလတ်သည် သေဆုံးသွားပြီဟု မေလ ၂၂ ရက် ညနေ ၆ နာရီဝန်းကျင်တွင် နေအိမ်သို့ အကြောင်းကြားလာကြောင်း သတင်းရရှိသည်။

ကိုထွန်းလတ်အပါအဝင် ၄ ဦးအား လက်လုပ်မိုင်းပစ်သည်ဟု စွပ်စွဲချက်ဖြင့် မေလ ၁၉ ရက် နေ့လယ်က ဦးဝင်းမြစက်လမ်းအတွင်း အကြမ်းဖက်စစ်ကောင်စီ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ၄ ရက်အကြာတွင် သေဆုံးသွားပြီဟု အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

ယမန်နေ့ မင်းတပ်၊ ဘူးကွန်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅ ဦးခန့်သေ၊ အလောင်းကို လမ်းဘေးတွင် မြုပ်ထားခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဘူးကွန်ရွာတွင် ယမန်နေ့ မေလ ၂၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီ တပ်များနှင့် CDFချင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦးခန့် သေဆုံးကာ အလောင်းများကို လမ်းဘေးတွင်ပင် မြုပ်ထားကြောင်း မျက်မြင် သက်သေများကို ကိုးကား၍ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဘူကွန်းရွာတိုက်ပွဲတွင် စကစဘက်မှ ၄ ဦး၊ ၅ ဦးခန့်ကျဆုံးသည်ဟု သိရှိရကြောင်း၊ အလောင်းများကို လမ်းဘေးတွင်မြုပ်ထားသည်ဟု မျက်မြင် သက်သေများက ပြောဆိုကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဘူကုန်းရွာသို့ လာရောက်မတိုက်ခိုက်ခင် လမ်းခုလတ်ဖြစ်သော ပိန်ယောရွာတွင် မူးယစ်ဆေးဝါးများ၊ ဘိန်းဖြူများ အသုံးပြုပြီး လာရောက်တိုက်ခိုက်ခြင်းဖြစ် ကြောင်း၊ မူးယစ်ဆေးအသုံးပြုစဥ် အသုံးပြုသော ဆေးထိုးအပ်များ၊ ဆေ းခြောက်များ၊ လက်နက်ကြီးဗုံးခွံများ တွေ့ရကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ khit thit

« Older Entries