ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၄)ရပ်ကွက်၊ ဖူဆယ် ဘောလုံးကွင်းတွင် ယမန်နေ့ညနေ ၆ နာရီ အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်ပစ်ခတ်၍ ကိုဆန်းထွန်းအောင်ရွှေလှိုင်(ခ) နရါးလေး ကျည်ဆန်ထိမှန်၍ ကျဆုံးသွားကြောင်း Dagon University Old Star အသင်းက တရားဝင်သတင်းထုတ်ပြန်သည်။
“ကျနော်တို့ DUOS အသင်းကို စတင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက် ဆန်းထွန်းအောင်ရွှေလှိုင်(ခ) နဂါးလေး မနေ့က မြောက်ဒဂုံ ပစ်ခတ်မှု ဖြစ်စဉ်မှာ အသက်ပေးခဲ့လိုက်ရပါပြီ။ လူမှားပစ်ခံလိုက်ရတဲ့အတွက် ကျနော်တို့ရဲ့ညီအကိုတစ်ယောက် ဆုံးရှုံးခဲ့ရပါပြီ။” လို့ Dagon University Old Star အသင်းက သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ညနေပိုင်း ရန်ကုန် မြောက်ဒဂုံရှိ ပုဂ္ဂလိကပိုင် ဖူဆယ်ဘောလုံးကစားကွင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်များက ရောက်ရှိလာပြီး ဝင်ရောက်ပစ်ခတ်ကြောင်း ၊ ၎င်းတို့ကို ဗုံးဖြင့် ပစ်ပြေးသူကို လိုက်ဖမ်းသည်ဆိုကာ ဖူဆယ်ကစားကွင်းထဲသို့ အကြမ်းပတမ်း ဝင်ရောက်ပြီး သေနတ်ဖြင့် ၁၀ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုတွင် ကိုဆန်းထွန်းအောင်ရွှေလှိုင် ကျည်ထိမှန်ပြီး ဆေးရုံတွင် ကျဆုံးသွားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်က ယင်းနေ့တွင် လူငယ် ၂၅ ဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့ပြီး ၁ ဦးကို ဆက်လက်ဖမ်းဆီးကာ ကျန်သူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။khit thit
Like this:
Like Loading...