Monthly Archives: Jun 2021

ဖလူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၉ ဦးနှင့် BGF ၃ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးဟု သတင်းထုတ်ပြန်

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ယနေ့ ဖြစ်ပွားသော ဖလူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၉ ဦးနှင့် နယ်ခြားစောင့်တပ်(BGF) မှ ၃ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ် ပြန်သည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာတွင် ယနေ့ နေ့လယ် ၁ နာရီအချိန် နယ်ခြားစောင့်တပ်နှင့် ခွဲထွက်ဒီကေဘီအေတပ်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ခွဲထွက် ဒီကေဘီအေ(DKBA) ကို ဗိုလ်ကျော်သက် ဦးဆောင်ပြီး နယ်ခြားစောင့်တပ် 1022 (BGF) က ဗိုလ်မုတ်သုန် က ဦးဆောင်ကြောင်း သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။

နယ်ခြားစောင့်တပ်(BGF) 1022 တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့ ခွဲထွက်ဒီကေဘီအေနှင့် သွားရောက်ပူးပေါင်းမှုရှိကြောင်း ဒူးပလာယာခရိုင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။khit thit

နိုင်ငံတကာ၏ လျစ်လျူရှုမှုကြောင့် မြန်မာသည် ကျဆုံးသော နိုင်ငံအဖြစ် သို့ သွားနေဟု ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ The Elders အဖွဲ့က သတိပေး

နိုင်ငံတကာ၏ လျစ်လျူရှုများကြောင့် စစ်အာဏာသိမ်းမှု ဖြစ်ပေါ်နေသော မြန်မာနိုင်ငံတွင် ပဋိပက္ခများ အကြီးအကျယ်ဖြစ်ပေါ်ပြီး ကျဆုံးသော နိုင်ငံအဖြစ် သွားနေသည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေကြောင်း ကမ္ဘာ့ခေါင်းဆောင်ဟောင်းများနှင့် ဖွဲ့စည်းထားသော The Elders အဖွဲ့က သတိပေးလိုက်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ဆီ ပြန်သွားရေး၊ အရပ်သားအုပ်ချုပ်မှုကို ပြန်လည် ရောက်ရှိရေး အတွက် ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်ခေါင်းဆောင်ကို ထိတွေ့ဆက်ဆံ၍ ဖိအားပေးရမည်ဖြစ်ကြောင်း၊ အာဏာသိမ်းမှု အခြေခိုင်လာနေမှုကို တားဆီးရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်များ၊ နောက်ဆက်တွဲ အကျိုးဆက်များ ပေးဆပ်ခံစားရမှု မြင့်မားကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စစ်အာဏာသိမ်းမှုနှင့် အကြမ်းဖက်မှုများအပေါ်နိုင်ငံတကာမီဒီယာများ ၏အာရုံစိုက်မှုလျော့နည်းလာသော်လည်း အစိုးရ၏အာဏာသိမ်းမှုကိုဆန့်ကျင်သောအရပ်သားများအပေါ် စစ်ကောင်စီက အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့်ဖိအားပေးမှုများ ဆက်လက် ကျူးလွန်နေကြောင်း ပြောဆိုထားသည်။ ဖေဖော်ဝါရီ ၁ ရက်မှစ၍ လုံခြုံရေးတပ်ဖွဲ့များက ပြည်သူ ၈၀၀ ကျော်ကို ပစ်သတ်ခဲ့ပြီး နိုင်ငံ၏ဒေသများစွာတွင်အကြမ်းဖက်မှုများတိုးပွားလာခဲ့ကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့်အခြားအခြေခံ ၀ န်ဆောင်မှုများအပေါ် အကျပ် အတည်းများ အကြီးအကျယ်သက်ရောက်ခဲ့ပြီး စီးပွားရေးသည်ပြိုလဲလုနီးပါးဖြစ်နေကြောင်း၊ မြို့ပြမနာခံမှုလှုပ်ရှားမှု၏အစိတ်အပိုင်းတစ်ရပ်အဖြစ်သပိတ် မှောက်ခဲ့ကြသောဆရာများ စစ်တပ်၏ ခြိမ်းခြောက်မှုကို ခံစားနေရကြောင်း သတိပေးထားသည်။The Elders ဥက္ကဋ္ဌ၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဟောင်း Mary Robinson က -“ လက်ရှိအချိန်မှာမြန်မာနိုင်ငံဟာပြည်နယ်ပျက်ကွက်မှုအတွက်အန္တရာယ်ရှိတဲ့လမ်းကြောင်းပေါ်ရောက်နေပါပြီ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်မှုအပေါ် အခိုင်အမာရပ်တည်ရပါ့မယ်။

အာဏာသိမ်းမှုကိုအရေးမယူခြင်းနှင့်လျစ်လျူရှုခြင်းအားဖြင့် အောင်မြင်ရန်ခွင့်ပြုခြင်းက ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုနဲ့ နိုငံတကာစည်းမျဉ်းစည်းကမ်းများအပေါ်တွင်လည်းပိုမိုအားနည်းစေမှာပါ။ ဒေသဆိုင်ရာနိုင်ငံများနှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမျာအနေနဲ့ အထူးသဖြင့်ကုလသမဂ္ဂအနေနဲ့ စစ်တပ်ကို သက်ဆိုင်ရာပါတီများအကြားအပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပြုလုပ် အောင် အရေးတကြီးလိုအပ်မှုလိုအပ်ချက်ကိုပြသရန်အတွက် နည်းလမ်းအားလုံးကို အသုံးပြုသင့်ပါတယ်” ဟု ပြောဆိုသည်။

ASEAN ခေါင်းဆောင်များ အစည်းဝေးကို ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ကျင်းပခဲ့သော်လည်း အာဆီယံထိပ်သီးအစည်း အဝေး ၏ကတိက ၀တ်ပြုချက်ကို တစ်လကျော်ကြာ ကာလတွင် အကောင် အထည်ဖော်ရေးတွင် ထင်ရှားသောတိုးတက်မှုမရှိခဲ့ပေ။The Elders ဒုတိယဥက္ကဋ္ဌနှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဘန်ကီမွန်းက “ကံမကောင်းစွာဖြင့် အာဆီယံသည်၎င်း၏လုပ်ပိုင်ခွင့်နှင့်တာ၀န်၀တ္တရားများ နှင့်အညီဆောင်ရွက်ရန်ပျက် ကွက်နေပြီဖြစ်ပါတယ်။

ယခုအကျပ် အတည်း ကိုဖြေရှင်းနိုင်ရန်ကမ္ဘာအနှံ့ရှိနိုင်ငံများကမျှော်လင့်ထားသည့်အရေးကြီးသောအခန်းကဏ္ဍကိုမြှင့်တင်ရပါမယ်။ သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံဆွေးနွေးမှုဖို့လိုနေပါပြီ” ဟု ပြောဆိုသည်။khit thit

မြဝတီမြို့ ဖလူးကျေးရွာတွင် ခွဲထွက် DKBA တပ်များနှင့် အကြမ်းဖက် စစ်အုပ်စုတို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ၄၀၀ ခန့် ထိုင်းဘက် စစ်ရှောင်ရ

ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာတွင် ခွဲထွက် DKBAတပ်များနှင့် အကြမ်းဖက် လူသတ် စစ်ကောင်စီ အုပ်စုများ နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့တို့ကြား ယနေ့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံ ၄၀၀ ခန့် ထိုင်းဘက် စစ်ရှောင်ပြေးရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ကျော်ကာ ထိုင်းဘက်ကိုရောက်ရှိခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေအတွက် အစားအသောက်၊ အဝတ်အထည်နဲ့ နေရာထိုင်ခင်းအတွက် အကူအညီလိုအပ်နေကြောင်း ဒေသခံများ ပြောဆိုချက်အရသိရသည်။khit thit

အကြမ်းဖက်စစ်ကောင်စီက ပစ်သတ်လိုက်သည့် လောပိတကျေးရွာမှ ကိုဝေလင်းအောင် နာရေး ယနေ့ သဂြိုလ်ပြီးစီး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာတွင် နေထိုင်သူ ကိုဝေလင်းအောင်သည် မေလ ၃၀ ရက်နေ့ ညပိုင်း ၁၀ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်ခံလိုက်ရပြီး ယနေ့ ဇွန်လ ၁ ရက်နေ့ တွင် သဂြိုလ်ပြီးစီးကြောင်း ဒေသခံများထံမှ သိရှီရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ လောပိတကျေးရွာတွင် မေလ ၃၀ရက် ည ၁၀ နာရီအချိန် ကျောက်တောင်ကျေးရွာမှ လောပိတကျေးရွာသို့ ဆိုင်ကယ်စီးပြန်လာသော ကိုဝေလင်းအောင် အသက် ၂၉ နှစ်ကို စစ်ကောင်စီ၏ ၇၂ တပ်က စစ်ဆေးမေးမြန်းမှုမရှိဘဲ အကြောင်းမဲ့ ပစ်သတ်မှုပြုလုပ်ခဲ့ကြောင်း၊ယင်းနောက် အလောင်းကို စစ်တပ်က ယူဆောင်သွားပြီး မေလ ၃၁ ရက်နေ့တွင်မှ မိသားစုကို ပြန်လည် ပေးအပ်ကြောင်း၊ ယနေ့တွင် မူ သဂြိုလ်လိုက်ကြောင်း သိရှိရသည်။

” စစ်တပ်ဘက်က ပြောတာကတော့ ကာဖျူးချိန်ကျော်တယ်။ ဆိုင်ကယ်တားတာ ရပ်မပေးဘူး အဲဒီလိုပဲ အကြောင်းပြချက်တွေ လျှောက်ပေးတယ်။ အဲဒီနားက မျက်မြင်တွေ့သူတွေ ပြောတာက ဆိုင်ကယ်မောင်းလာတာကို ဘာမမေး ညာမမေးဘဲ ပစ်သတ်လိုက်တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကိုဝေလင်းအောင်သည် ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ကွယ်လွန်ချိန်တွင် လသားအရွယ် ကလေးငယ်နှင့် ဇနီးသည်ကျန်ရစ်ခဲ့ကြောင်း သိရှိရည်။khit thit

ကလေးမြို့ ကျောင်းသားလူငယ်များ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ကျောင်းသားလူငယ်များသည် ဇွန်လ ၁ ရက် ယနေ့ ညနေပိုင်းတွင် စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ကြသည်။khit thit

စစ်ဘေးရှောင် ကူညီသူ မုံရွာဗကသအဖွဲ့ဝင် မဖူးသိမ့် သိမ့်တုန်ကို အလှူရှင်ဟန်​ဆောင် ဖုန်းဆက်ချိန်းပြီး စစ်​ကောင်စီက ဖမ်းဆီး

စစ်ဘေးရှောင်ပြည်သူတွေကို အကူ အညီပေးနေတဲ့ မုံရွာခရိုင် ဗ၊က၊သ အဖွဲ့၀င် မဖူးသိမ့်သိမ့်တုန် ကိုမေလ ၃၁ ရက်​နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက သေ နတ်​ထောက်၍ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မဖူးသိမ့်သိမ့်တုန်ကို အလှူရှင်ဆိုသူက မုံရွာအိုးရှင်စင်တာ ကိုလာခဲ့ဖို့ချိန်းဆိုခဲ့ပြီး ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။အိုးရှင်းစင်တာဆိုင်ကယ်ထားတဲ့ မြေညီထပ်မှာ အရပ် ၀တ် စစ်ကောင်စီတပ်ဖွဲ့၀င်တွေကသေနတ်ပြပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတာလို့ မျက်မြင်တစ်ယောက်က ပြောပါတယ်။khit thit

မုံရွာတစ်ဖက်ကမ်းမှ အင်အားကောင်းသည့် ​​ကျေးရွာ​ပေါင်းစုံ စစ်အာဏာရှင်ဖြုတ်ချ​ရေး သပိတ်စစ်​ကြောင်း

မုံရွာမြို့ တစ်ဖက်ကမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် ယနေ့ရနံနက်ခင်းမှာ လူထုအင်အား မြောက်များစွာဖြင့် အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ကြ​ကြောင်း သိရှိရသည်။khit thit

တပ်မတော်သားများ ပြည်သူ့ရင်ခွင်သို့ ခိုဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သဘောထားမူဝါဒ ထုတ်ပြန်

« Older Entries