မြဝတီမြို့ ဖလူးကျေးရွာတွင် ခွဲထွက် DKBA တပ်များနှင့် အကြမ်းဖက် စစ်အုပ်စုတို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ၄၀၀ ခန့် ထိုင်းဘက် စစ်ရှောင်ရ



ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာတွင် ခွဲထွက် DKBAတပ်များနှင့် အကြမ်းဖက် လူသတ် စစ်ကောင်စီ အုပ်စုများ နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့တို့ကြား ယနေ့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံ ၄၀၀ ခန့် ထိုင်းဘက် စစ်ရှောင်ပြေးရကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲကြောင့် ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ကျော်ကာ ထိုင်းဘက်ကိုရောက်ရှိခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေအတွက် အစားအသောက်၊ အဝတ်အထည်နဲ့ နေရာထိုင်ခင်းအတွက် အကူအညီလိုအပ်နေကြောင်း ဒေသခံများ ပြောဆိုချက်အရသိရသည်။khit thit