အချိန်တစ်ခုရောက်ရင် စစ်ကောင်စီကိုစတင်တိုက်ခိုက်မယ့် တိုက်ပွဲခေါ်သံပေးမယ်လို့ NUG ပြော

တစ်နိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုဖွဲ့စည်းထားပြီဖြစ်တာကြောင့် ပြည်သူအားလုံး အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းကြဖို့ အချိန်တစ်ခုရောက်ရင် တိုက်ပွဲခေါ်သံပေးမယ့်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးက ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေကို နှိမ်နင်းတဲ့အခါမှာ ဘယ်သူက ဦးဆောင်နေတယ်ဆိုတာက အရေးမကြီးဘဲ ဘုံရန်သူ အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းရေးက အဓိကဖြစ်ပြီး နေရာတိုင်းမှာ နှိမ်နင်းမယ့်အဖွဲ့တွေရှိနေရမှာဖြစ်တယ်လို့ဆိုပါတယ်။DVB