အမေရိကန်အစိုးရ ထိန်းချုပ်သော ပြည်သူပိုင် ဒေါ်လာ ၁ ဘီလီယံ ရရှိရေး NUG အစိုးရ ကြိုးပမ်းနေ

မြန်မာနိုင်ငံတွင် မင်းအောင်လှိုင်(ခ) မအလ ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုက အာဏာ သိမ်း ပြီးနောက် မြန်မာပြည်သူပိုင် အမေရိကန် ၁ ဘီလီယံကို အမေရိကန်အစိုးရက ထိန်းချုပ်လိုက်ပြီး ယင်းထိန်းချုပ်ထားသော ငွေကြေးများရရှိရေး NUG အစိုးရက ဆောင်ရွက်နေကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးဇော်ဦးက ပြောဆိုသည်။
ယနေ့ ကျင်းပသော NUG အစိုးရ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်းဖြေကြားလိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် NUG အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က ယင်းငွေကြေးများ ပြန်လည်ရရှိရေး အဖွဲ့ဖွဲ့၍ တွေ့သင့်တွေ့ထိုက်သူအားလုံးနှင့် ထိတွေ့ဆောင်ရွက်နေသည်ဟု ဖြေကြားလိုသည်ဟု ၎င်းက ဖြေဆိုသွားသည်။khit thit