အာဆီယံ၏ ကြားဝင်စေ့စပ်မှု အယုံအကြည်မရှိဟု NUG အစိုးရက တရားဝင်ထုတ်ဖော်ပြောဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဆီယံ၏ ကြားဝင်စေ့စပ်မှုကို အယုံအကြည်မရှိကြောင်း NUG အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးဇော်ဦးက တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ယနေ့ NUG အစိုးရ၏ တရားဝင် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ အာဆီယံအနေဖြင့် ၎င်းတို့သဘောတူညီထားသော ၅ ချက်ကို သဘောမတူညီလျှင် စစ်ကောင်စီကို မည်သို့ အရေးယူမည်ဆိုသည်ကို NUG က အာဆီယံအတွင်းရေးမှူးချုပ်ရုံးထံ စာဆက်သွယ်မေးမြန်းသော်လည်း စာပြန်ကြားခြင်းမရှိကြောင်း ဦးမိုးဇော်ဦးက ပြောဆိုသွားသည်။
အာဆီယံအနေဖြင့် မြန်မာ့အရေးကိုယ်စားလှယ်ခန့်ထားရေးပင် သဘောထားကွဲလွဲမှုများရှိနေသည်ကို မြင်တွေ့ရကြောင်း ၎င်းက ဆိုသည်။khit thit