စစ်ကိုင်းတိုင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနုတ်ထွက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဦးမြို့နယ်နဲ့ ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တာဝန်ပေး ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ အသီးသီးနုတ်ထွက်နေကြပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ဥယျာဉ်ကျေးရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးကျော်ဦးဟာ အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် ဇွန် ၆ ရက်နေ့က နုတ်ထွက်စာတင်လိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆ ယောက်လည်း အလားတူ နုတ်ထွက်စာတင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက် နေကြသလို အကြမ်းဖက် စစ်အုပ်စုကို ဩဇာခံ ဒလန်သတင်းပေးလုပ်နေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာတွေလည်း ရှိနေပါတယ်။DVB