မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယနေ့ ဖွဲ့စည်း ကြောင်း ကြေညာ

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Monywa People Defence Force – MPDF) ကို မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ ပါဝင်သင့်ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများ နှင့် အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်တော်လှန်လျက်ရှိသော ရဲဘော်များ စုစည်းညှိနှိုင်း၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် အောက်ပါ ရည်ရွယ်ချက်များဖြင့် စတင်ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း MPDF က ထုတ်ပြန်ကြေညာသည်။
MPDF သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အလျင်အမြန် တည်ဆောက်နိုင်ရေ
းစစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်၍ ထိရောက်သောတော်လှန်ရေးတိုက်ပွဲများ အရှိန်အဟုန်ဖြင့်ဖော်ဆောင်နိုင်ရေး
၃။ မုံရွာဒေသမှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား အကြမ်းဖက်စစ်ကောင်စီတပ်များ၏ရန်မှ အကာအကွယ်ပေးနိုင်ရေး
NUG, CRPH, အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ တို့နှင့် ချိတ်ဆက်လျက် ဟန်ချက်ညီသော နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲများ စနစ်တကျ ဖော်ဆောင်နိုင်ရေး ဆောင်ရွက်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။khit thit