အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူများကို ဖမ်းဆီး၍ လူသားဒိုင်းအသုံးပြုခြင်း၊ ဘုရားကျောင်းကို ပစ်ခတ်ဖျက်ဆီးခြင်း၊ လူနေအိမ်များကို ဖျက်ဆီးမီးရှို့ခြင်းများ လုပ်ဆောင်နေဟု KNDF ထုတ်ပြန်

ရန်ကုန်၊မြေနီကုန်းတွင် ဇွန်လ ၆ ရက်နေ့ စစ်အာဏာရှင် ဖြုတ်ချရေး လှုပ်ရှားမှုကို ယနေ့ညနေ ၅ နာရီတွင်ပြုလုပ်သည်။khit thit
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ ဇွန်လ ၅ ရက် ညပိုင်းက ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့တာကြောင့် ၁ ဦးသေဆုံးသွားပါတယ်။
ရေလဲချောင်းဖျားကျေးရွာမှ ဒေသခံ အမျိုးသား ၂ ယောက်ဟာ ည ၉ နာရီခွဲလောက် အိမ်ကိုပြန်လာချိန် ဓနုဖြူမြို့ဘက်မှ ကင်းလှည့်ရင်းမောင်းနှင်လာသော စစ်ကားနဲ့တွေ့ပြီး သေနတ်နဲ့ပစ်ခံရလို့ ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူ ကျည်ထိမှန် သေဆုံးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“ကင်းလှည့်တဲ့စစ်ကားနဲ့တိုးပြီးတော့ စစ်တပ်က သူတို့ကို လိုက်ပစ်တာ။ ရှေ့ကမောင်းတဲ့လူက နားရွက်ကို ထိတယ်။ နောက်ကထိုင်စီးတဲ့လူက သေနတ်မှန်ပြီး ဆိုင်ကယ်နောက်က ပြုတ်ကျပြီး ကျန်ခဲ့တာ။ ဒီမနက်ကျမှ အလောင်းပြန်ရတယ်”လို့ ဓနုဖြူမြို့ခံတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်စီးလာတဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူတွေဟာ အမှတ် ၁၀၈ ခြေလျင်တပ်ရင်းက စစ်သားတွေဖြစ်ပြီး သေဆုံးသူကတော့ အသက် ၃၅ နှစ်အရွယ် အမျိုးသား ဖြစ်ပါတယ်။DVB
ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် အစပ် မိုးဗြဲနှင့် ကယားပြည်နယ် ဒီမော့ဆိုမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူများ၏ နေအိမ်များကို ယနေ့ မီးတင်ရှို့ကြောင်း ဒေသခံများနှင့် မျက်မြင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မီးတင်ရှို့ခံရသည့်နေအိမ်များသည် လူမရှိဘဲ စစ်ဘေးရှောင်ထွက်ပြေးနေရသည့် အိမ်များဖြစ်ကြောင်း သိရှိရသည်။”သူတို့ကလေ ဒီမော့ဆိုမြို့ထဲ အထိ ပစ်ခတ်ဝင်လာတယ်။
နောက်ပြီး တစ်ဖက်နဲ့ တစ်ဖက်အပြန် အလှန်ပစ်တယ်။ ဒီဘက်က ပြည်သူ့အဖွဲ့တွေ နောက်ဆုတ်ရင် သူတို့ ရှေ့တိုးလာပြီး အကာ အကွယ်ယူပြီး သူတို့ကို ပစ်ခတ်တယ်လို့ ထင်တဲ့ နေအိမ်တွေကို မီးတင်ရှို့တော့တာပဲ။
ဓာတ်ဆီပုံးတွေ သူတို့ဆီမှာ တစ်ခါတည်းပါလာတာလည်း တွေ့ရတယ်” ဟု ဒီမော့ဆိုတွင် ပြည်သူတချို့၏ နေအိမ်များ မီးရှို့ခံရမှုကိုယ်တိုင် တွေ့မြင်ရသူ ဒေသခံတစ်ဦးက ဆိုသည်။ အလားတူ မိုးဗြဲတွင်လည်း ပြည်သူတချို့၏ နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့သည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ဆိုသည်။
“သူတို့လူတွေ လမ်းလျှောက် ခြေလျှင် ချီတက်လာတယ်။ အဲဒီမှာ သူတို့ စိတ်မထင်ရင် မထင်သလို လမ်းဘေးနားက အိမ်တွေကို ဝင်ရှို့သွားတာ။ ရပ်ကွက်အတွင်းထဲထိတော့ မဝင်ဘူး။ လမ်းဘေးနား အိမ်ကြီးအိမ်ကောင်းတွေကို ရှို့တာ။ အိမ်နည်းနည်းမကောင်းရင်တောင် သူတို့မရှို့ဘူး” ဟု မိုးဗြဲဒေသခံတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၄ ရက်နေ့တွင် ရပ်ကွက်၊ မြိုရွာများ၊ ပြည်သူများ၏ နေအိမ်များအတွင်းမှ အကာအကွယ်ယူ တိုက်ခိုက်နေမှုများကို တိုက်ခိုက်ချေမှုန်းမည်ဟု ကြေညာပြီးနောက် တရားဝင် ထုတ်ပြန်ကြေညာပြီးနောက် ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်းနှင့် ဘုရားကျောင်းများကိုပါ မချန် ပစ်ခတ်ဖျက်ဆီးခြင်းများကို ဆက်တိုက် လုပ်ဆောင်လာနေခြင်းဖြစ်သည်။khit thit
khit thit
မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီက CDM ပြုလုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ထောက်ပံ့ပေးနေတယ်လို့ ဇွန်လ ၆ ရက်နေ့က အသိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
မြိုင်မြို့နယ်အတွင်းမှာ ပြီခဲ့တဲ့မေလက CDM ပြုလုပ်ပြီး စစ်အာဏာရှင်ကို အာဏာဖီဆန် တွန်းလှန်နေတဲ့ ပညာရေးဝန်ထမ်းအထဲက စားဝတ်နေရေး အခက်ခဲဖြစ်တဲ့ CDM သူရဲကောင်း ၂၃ ယောက်ကို ထောက့်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခြေနေအမျိုးမျိုးကြောင့် CDM ပညာရေးဝန်ထမ်းအားလုံးကို ထောက်ပံ့မပေးနိုင်တာကိုလည်း တောင်းပန်ထားပါတယ်။
မြိုင်မြို့နယ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ CDM ပညာရေးဝန်ထမ်းတွေနဲ့ တခြားမြို့နယ်မှာ တာဝန်ထမ်းဆောင်ပြီး မြိုင်မြို့နယ်ဇာတိ CDM ဝန်ထမ်းတွေအနေနဲ့ စားဝတ်နေရေး အခက်ခဲရှိပါက BEGSC-MYAING Page messanger ကို ဆက်သွယ်ပြီး အကူညီတောင်းနိုင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင် အပြီးသတ်ချုပ်ငြိမ်းတဲ့အထိ CDM လက်နက်စွဲကိုင်ကာ ပြတ်ပြတ်သားသား ဆက်လက်တော်လှန်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။DVB
khit thit
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အ.ထ.က (၁) ကျောင်းမှာ ကျောင်းအပ်ပြီး ကျောင်းမတက်တဲ့ ကလေးတချို့ရဲ့မိဘတွေဆီကို ဖုန်းဆက်ပြီး ကလေးတွေကို ကျောင်းတက်ခိုင်းဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဒေသခံ ကျောင်းသားမိဘတွေက ပြောပါတယ်။
ကျောင်းသားမိဘတစ်ဦးက ”ကျနော့်ကလေးကို ကျောင်းသွားအပ်စဉ်က ဖုန်းနံပါတ်ပေးခဲ့ရတယ်။ ကလေးကို ကျောင်းအပ်ပြီး စိတ်မချလို့ ကျောင်းမတက်ခိုင်းတာ။ ယောက်ျားသံနဲ့ အ.ထ.က (၁) ပါဆိုပြီး ဖုန်းဝင်လာတယ်။ ကလေးကို ကျောင်းလွှတ်မှာလား၊ ရဲစခန်းသွားမှာလားလို့ မေးတယ်။ ကျနော်က အခုဖုန်းဆက်တဲ့သူရဲ့ အမည်နဲ့ရာထူး ပြောပါလားလို့ ပြန်မေးလိုက်တော့ ဖုန်းချသွားတယ်။ ကျနော့်အိမ်နားက ကျောင်းသားမိဘတွေဆီကိုလည်း ဖုန်းဆက်ပြီး အခုလို ခြိမ်းခြောက်ခံရတယ်လို့ သိရတယ်။ ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။
အ.ထ.က (၁) ကျောင်းမှာ အခုနှစ် ကျောင်းတက်တဲ့ ကျောင်းသား၊ ကျောင်းသူ ဦးရေဟာ အရင်နှစ်ထက် ၅ ပုံ ၁ ပုံတောင် မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။DVB
ပြင်သစ်နိုင်ငံပါရီမြို့ရှိ Place de la République တွင် တရုတ်ကွန်မြူနစ်အစိုးရ၏လူ့အခွင့်အရေးချိုးဖောက်နေမှု၊လူ့အခွင့်အရေးချိုးဖောက်နေသောနိုင်ငံများကိုကူညီထောက်ခံနေမှု၊ အိမ်နီးချင်းနိုင်ငံများ၏ပိုင်နက်နယ်နမိတ်များကိုခြိမ်းခြောက်သိမ်းပိုက်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကိုဖျက်စီးနေမှုများကို ပြင်သစ်နိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့အပါအဝင်အာရှနှင့်အာဖရိကနိုင်ငံများမှအဖွဲ့ပေါင်း ၁၄ ဖွဲ့ပူးပေါင်း ၍တရုတ်ကွန်မြူနစ်အစိုးရကိုဆန့်ကျင်သောဆန္ဒပြပွဲကို ယနေ့ ပြုလုပ်ကျင်းပသည်။khit thit