Monthly Archives: Jun 2021

MAPCO အများပိုင်ကုမွဏီက စစ်တပ်ပိုင် Mytel နှင့် လက်တွဲဖြုတ်

မြန်မာစစ်တပ်က အဓိကထိန်းချုပ်ထားသည့် စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာ Mytel တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ(MAPCO) က ပြန်လည်ရောင်းချပြီး စီးပွားဖက်အဖြစ်မှ လက်တွဲဖြုတ်လိုက်ပြီဖြစ်သည်။

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းနှင့် အကျိုးတူတွဲဖက်လုပ်ကိုင်နေသည့် မိတ်ဖက်ကုမ္ပဏီများကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် နိုင်ငံတကာ၏ ဖိအားပေးမှုများ ပြင်းထန်လာချိန်တွင် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးချစ်ခိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် MAPCO က Mytel နှင့် အဆက်ဖြတ်လိုက်ခြင်းဖြစ်သည်။

ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုပူးပေါင်းထားသည့် Myanmar National Telecom Holding (MNTH) သည် Mytel အော်ပရေတာတွင် အစုရှယ်ယာ ၂၃ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ထိုအများပိုင်ကုမ္ပဏီ ၁၁ တွင် MAPCO က ကျပ် ၁ ဒသမ ၀၈ ဘီလျံတန်ဖိုးရှိသည့် အစုရှယ်ယာတစ်သန်းကျော် ပိုင်ဆိုင်ထားသည်။MAPCO ကုမ္ပဏီက ထိုရှယ်ယာအားလုံးကို ပြန်လည်ရောင်းချပြီးဖြစ်ကြောင်း မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်ရေးသားသည့် Justice for Myanmar အဖွဲ့က ယနေ့ (ဇွန် ၁၀) တွင် သတင်းထုတ်ပြန်သည်။

MNTH ကို စတင်ထူထောင်သည့် ၂၀၁၅ ကတည်းက MAPCO ပါဝင်ခဲ့ပြီး ယခုလအတွင်း ရှယ်ယာများကို Myanmar Technology Gateway ကုမ္ပဏီကို ရောင်းချလိုက်ပြီး MAPCO ၏ ကိုယ်စား ဒါရိုက်တာအဖွဲ့ဝင်များ နုတ်ထွက်ခွင့်ပြုရန် အကြောင်းကြားထားသည်ဟု Justice for Myanmar ၏ ထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံတကာစွမ်းအင်ထုတ်လုပ်ရေး (IPG) နှင့် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး (GLAD) တို့က MNTH တွင် ရင်းနှီးမြှုပ်နှံသည့် မတ်လအတွင်းက အစုရှယ်ယာများကို ပြန်ရောင်းချခဲ့ရာ အများပိုင်ကုမွဏီ ၁၁ ခုအနက် ကုမ္ပဏီ ၃ ခုက ရှယ်ယာများပြန်ရောင်းချထားပြီဖြစ်သည်။“Mytel မှာရှိတဲ့ သူတို့ရဲ့ ရှယ်ယာတွေကို အလျင်အမြန်စွန့်ပစ်လိုက်ဖို့ သူတို့ကို တောင်းဆိုပါတယ်။ တခြား Mytel ရှယ်ယာပိုင်ရှင်တွေကလည်း IPG နောက်ကို လိုက်ရမှာဖြစ်ပြီး မြန်မာစစ်အုပ်စုရဲ့ စီးပွားရေးကို အဆုံးသတ်ရပါမယ်” ဟု မတ်လအတွင်းက ထုတ်ပြန်ချက်တစ်စောင်တွင် Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့သည်။

၂၀၁၂ တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင်ရင်းနှီးမြှုပ်နှံသူများဖြင့် တည်ထောင်ခဲ့ပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရေးနှင့် စိုက်ပျိုးစီးပွားရေး၊ ကုန်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသည်။

MAPCO အများပိုင်ကုမ္ပဏီကို စိုက်ပျိုးရေး၊ စွမ်းအင်၊ ဘဏ်လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများလုပ်ကိုင်သည့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဧဒင်အုပ်စု၏ ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဦးဆောင်ပြီး ၎င်းသည်လည်း အမေရိကန်၏ အရေးယူပိတ်ဆို့မှုခံခဲ့ရဖူးသူဖြစ်သည်။GLAD ကုမ္ပဏီဥက္ကဋ္ဌမှာ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌဟောင်း ဦးဝင်းအောင်ဖြစ်ပြီး MNTH တွင် အစုရှယ်ယာ ၃ ဒသမ ၅၅ ရာခိုင်နှုန်းပိုင်ဆိုင်ကာ Mytel အော်ပရေတာတစ်ခုလုံးတွင် သုည ဒသမ ၈၁၆၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။IPG အများပိုင်ကုမ္ပဏီသည် စက်မှုဝန်ကြီးဟောင်းလည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးအောင်သောင်း၏ သား ဦးနေအောင်ပိုင်ဆိုင်ကြောင်း Justice For Myanmar က ဆိုသည်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံတန်ဖိုးရှိ Mytel တွင် တပ်မတော်လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုဖြင့် ပူးပေါင်းထားသည့် MNTH ကုမ္ပဏီက ၂၃ ရာခိုင်နှုန်းနှင့် ဗီယက်နမ်စစ်တပ်လက်အောက်ခံ Viettel Global Investment JSC က ၄၉ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်သည်။

ထို့ကြောင့် ပြည်တွင်းပြည်ပဖက်စပ်လုပ်ငန်းဖြစ်သည့် Mytel ကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကြပြီး Telecom International Myanmar ကုမ္ပဏီအမည်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးလျက်ရှိကာ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် မြန်မာဘက်မှ ၆ ဦး၊ Viettel ဘက်မှ ၄ ဦးနေရာယူထားကြောင်း DICA ၏ မှတ်တမ်းများတွင် တွေ့ရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်သွင်းခဲ့သည့် Mytel ၏ အစီရင်ခံစာပေါက်ကြားပြီးနောက် Justice For Myanmar အဖွဲ့က လေ့လာခဲ့ရာ မြန်မာစစ်တပ်သည် Mytel မှနေ၍ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်အမြတ်အစွန်းရနိုင်ကြောင်း တွေ့ရှိခဲ့သည်‌။myanmar now

ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာ သပိတ်ခေါင်းဆောင်အပါအဝင် ၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာမှာ ဇွန်လ ၁၀ ရက် နေ့လည်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ကျေးရွာသပိတ်ခေါင်းဆောင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၊ ကိုယ်ပိုင်ကျောင်းအုပ်တစ်ဦးနဲ့ လူငယ်တစ်ဦးတို့ကို အကြမ်းဖက်စစ်တပ်က  သေနတ်ပစ်ဖောက်  ဝင်ရောက်ဖမ်းဆီးသွားပါတယ်။

“သပိတ်ခေါင်းဆောင်လည်းဖြစ်  အရင်အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်တဲ့ ဦးဟန်ထွန်းရယ်၊ ကိုင်ပိုင်ကျောင်းကျောင်းအုပ်  ဦးမြင့်ဇော်ရယ်၊ လူငယ်တစ်ဦးရယ် သုံးဦးဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိသေးဘူး။ သေနတ်ပစ်ပြီး ရွာသားတွေကိုခြောက်လှန့်ပြီး လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့သူတို့ကို ဖမ်းသွားတာ” လို့ ရွှေပန်းကုန်းရွာသားတစ်ဦးက ပြောပါတယ်။

ဝက်လက်မြို့နယ်မှာအခုလို သေနတ်ပစ်ဖောက် ဖမ်းဆီးတာဟာ ပထမဆုံးဖြစ်ပြီး အရင်က ဆန္ဒပြ ပြည်သူတွေကိုဖမ်းဆီးပြီး ပြန်လည်လွှတ်ပေးတာရှိခဲ့ဖူးပါတယ်။DVB

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ၈ ဦး သေဆုံ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လ ၁၀ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ  ၈ ယောက် သေဆုံးခဲ့ပါတယ်။ 

“ဒီနေ့မနက် ကလေးမြို့မှာ ကိုဗစ်-၁၉ ကူးစက်ပြီး ၈ ဦးသေဆုံးသွားတယ်။ အခုကလေးမှာ ကိုဗစ်နဲ့ သေဆုံးတဲ့လူ ၂၈ ဦးရှိတယ်”လို့  ဒေသခံတစ်ဦးကပြောပါတယ်။

ကလေးမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတကျော့ပြန်များပြားလာတဲ့အတွက်  Stay at home  အမိန့်ထုတ်ပြန်ထားပါတယ်။ DVB

ကြံ့ဖွတ်ကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင် သေနတ်ဖြင့် ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်သည် ဇွန်လ ၁၀ ရက် ယနေ့ မွန်းလွဲပိုင်းတွင် ဗိုလ်ထထောင်ဘုရားဈေး၌ ဦးခေါင်းကို သေနတ်ဖြင့် နှစ်ချက် ပစ်ခံရပြီး သေဆုံးသွားသည်ဟု ကနဦး သတင်းရရှိသည်။”ခေါင်းကို နှစ်ချက် ပစ်ခံရတာ၊ သေပြီ၊ အခု ဆေးရုံကားနဲ့ သယ်သွားပြီ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။khit thit

ကွမ်းခြံကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့်ကြံ့ခိုင်​ရေးပါတီဝင်များက နေအိမ်များတွင်ဝင်ရောက်ဖျက်ဆီးပြီး ပြည်သူများကိုအကြောင်းမဲ့ရိုက်နှက်​နေ

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာများမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဝင် ဒလန်များက နေအိမ်များကိုဝင် ရောက်ဖျက်ဆီးပြီး လူငယ်များကိုအကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများ ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

” ညစဉ်ဆိုသလို့ ဒလန်တွေကလက်ညိုးတဲ့အိမ်တွေကို ဝင်ရောက်လုယက်ရှာဖွေတယ်။လူငယ်တွေကိုလည်းအနိုင်ကျင့် ရိုက်နှက်ကြတယ်။NLD ဆိုင်းဘုတ်တွေကိုဖျက်ဆီးမီးရှို့တယ်။” ဟု ဒေသခံလူငယ်တစ်ဦးကဆိုသည်။

ထို့အပြင် ထွက်စာရရှိထားပြီးဖြစ်သည့်CDM ဝန်ထမ်းများကိုလည်းခြိမ်းခြောက်ဖိအားပေးခြင်း ဖမ်းဆီးခြင်းများကို ညစဉ်ဆိုသလို လိုက်လံလုပ်ဆောင်လျက်ရှိကြောင်းပညာရေး CDM ဝန်ထမ်းတစ်ဦးက ဆိုသည်။ကွမ်းခြံကုန်းမြို့နယ်တွင်စုစုပေါင်း ပညာရေးဝန်ထမ်း ၁၁၁၇ ယောက်ရှိသည့်အနက် အလုပ်ထွက်စာရရှိထားသော ဝန်ထမ်းများမှာ လက်ရှိအချိန်ထိ ၆၀၂ဦးထိရှိပြီဖြစ်သည်။khit thit

ဒါရိုက်တာမအိမ့်ကို ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာရုပ်ရှင်အဖွဲ့အစည်းများတောင်းဆို

အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးသူ ဒါရိုက်တာ မအိမ့်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေနဲ့ ရုပ်ရှင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံနေရတဲ့ မအိမ့်အတွက် အရမ်းကိုစိုးရိမ်နေကြောင်းနဲ့ သူ့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို တောင်းဆိုရာမှာ ကမ္ဘာတဝန်းရှိ  ရုပ်ရှင်နဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းအားလုံး ဝိုင်းဝန်းပူးပေါင်းပေးဖို့ တိုက်တွန်းပါကြောင်း နယ်သာလန်အခြေစိုက် အန္တရာယ်ရှိ ရုပ်ရှင်ရိုက်ကူးသူတွေအတွက် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့  (ICFR) က ကြေညာပါတယ်

ဒီထုတ်ပြန်ချက်ကို Berlin, Cannes, Locarno, Rotterdam, Sundance နဲ့ Venice ရုပ်ရှင်ပွဲတော်တွေနဲ့အတူ ဘရပ်ဆဲလ် အခြေစိုက် ဥရောပရုပ်ရှင်ဒါရိုက်တာများအဖွဲ့ချုပ် (FERA) အပါအ၀င် နိုင်ငံတကာရုပ်ရှင်အဖွဲ့ ၂၀ လောက်က လက်မှတ်ရေးထိုး တောင်းဆိုထားတာပါ။

ဒါရိုက်တာမအိမ့်ကို စွဲချက်တင်မယ် ဆိုရင်လည်း ရှင်းရှင်းလင်းလင်း ရှိရမှာဖြစ်ပြီး အရင်ဆုံး သူ့ရဲ့လုံခြုံရေးကို အာမခံရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 မိသားစုဝင်တွေအပြောအရ မအိမ့်ကို ဇွန်လ ၅ ရက်က နေအိမ်ကနေ အပြင်ထွက်ချိန် ရန်ကုန်မြို့မှာ စစ်အုပ်စုက ဖမ်းဆီးခဲ့တာဖြစ်ပြီး ခုထိ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားမှန်း မသိရသလို ဘယ်အာဏာပိုင်တွေကမှ လာရောက်အကြောင်းကြားတာလဲ မရှိပါဘူး။ 

ဒါရိုက်တာ မအိမ့်ဟာ Busan 2020 ရုပ်ရှင်ပြပွဲမှာ New Currents ကဏ္ဍအတွက် Money Has Four Legs ခေါင်းစဉ်နဲ့ ဇာတ်လမ်း ဆန်ကာတင်စာရင်းထဲ ပါဝင်နေတာကြောင့် နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ လူသိများတဲ့ မြန်မာဒါရိုက်တာ တစ်ဦး ဖြစ်ပါတယ်။ 

ICFR ကို ၂၀၁၁ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး နိုင်ငံရေးဖိနှိပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရုပ်ရှင်ရိုက်ကူးသူတွေကို ကူညီဖို့ ဖွဲ့စည်းထားတာပါ။ အဖွဲ့တည်ထောင်သူတွေထဲမှာ ဥရောပရုပ်ရှင်အကယ်ဒမီ (EFA)၊ နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ပွဲတော် အမ်စတာဒမ် (IDFA) နဲ့ အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော် Rotterdam (IFFR) တို့ပါဝင်ပါတယ်။DVB

ဒေါက်တာတေဇာဆန်းကို ကိုရီးယားနိုင်ငံက ဇွန်အရေးအခင်းဂုဏ်ထူးဆောင်ဆု ချီးမြှင့်

စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာ့နွေဦးလူထုအရေးတော်ပုံကြီးမှာ သက်စွန့်ဆံဖျားပါဝင် ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒေါက်တာ တေဇာဆန်းကို တောင်ကိုရီးယားနိုင်ငံက  ဇွန်အရေးခင်း ဂုဏ်ထူးဆောင်ဆု ပေးအပ် ချီးမြှင့်လိုက်ပါတယ်။

၁၉၈၇ ခု ဇွန်လ ကိုရီးယား ဒီမိုကရေစီအရေးတော်ပုံ ၃၄ နှစ်မြောက် ဇွန်အရေးအခင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီကနေ့ ဇွန် ၁၀ ရက် မနက် ၁၁ နာရီက တောင်ကိုရီးယားနိုင်ငံ ဂျောလာပြည်နယ်၊ မုတ်ဖိုမြို့ရှိ ပြည်နယ်ဝန်ကြီးချုပ်ရုံးအရှေ့ မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။

ဇွန်အရေးခင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ပြည်နယ် ဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ ပြည်နယ် ပညာရေးမှူး၊ ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေက ဂုဏ်သရေရှိ လူကြီးတွေ တက်ရောက်ကြပါတယ်။

ဇွန်အရေးခင်း ဂုဏ်ထူးဆောင်ဆုကို ဒေါက်တာတေဇာဆန်း ကိုယ်စား ကိုရီးယား-မြန်မာ ပူးတွဲ လုပ်ဆောင်​ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဇော်မိုးအောင်က လက်ခံရယူပြီး မြန်မာပြည်တွင်းက ပို့ပေးလာတဲ့ ဒေါက်တာတေဇာဆန်းရဲ့ ကျေးဇူးတင်စကားကို ဖတ်ကြားခဲ့ပါတယ်။ 

ဒေါက်တာတေဇာဆန်းဟာ မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်နေသူဖြစ်ပြီး သူ့ကို အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ထားပါတယ်။ DVB

« Older Entries