Monthly Archives: Jun 2021

ရန်ကုန်လှည်းတန်းတွင် စစ်အာဏာရှင်ပြုတ်ကျရေး ချီတက်ဆန္ဒပြ

ရန်ကုန်လှည်တန်းတွင် ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်း စစ်အာဏာရှင်ပြုတ်ကျရေး ရန်ကုန်ပြည်သူများ ချီတက်ဆန္ဒပြကြကြောင်း သိရှိရသည်။khit thit

တအာင်း(ပလောင်)ဒေသတွင် ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ  (CRPH)ရဲ့ လမ်းညွှန်ချက်နဲ့ ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ကို ခုလဆန်းပိုင်းမှာ ဖွဲ့စည်းထားပါတယ်။

အဲဒီကနေ့တဆင့်  ဇွန်လ ၁၁ ရက် ဒီနေ့မှာတော့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲမြို့နယ် မြို့နယ် ၇ မြို့နယ်မှာ အဖွဲ့၀င် ၇၄ ယောက်နဲ့  ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

တအာင်း(ပလောင်)ဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရားတွေကို လည်ပတ်အောင် ကူညီပေးနေတဲ့ ၀န်းထမ်းတွေ အနေနဲ့ CDM ပါ၀င်ကြဖို့နဲ့ ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ဖို့လည်း တိုက်တွန်းထားပါတယ်။

တအာင်း(ပလောင်)ဒေသ ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေး  အကြမ်းမဖက်နည်းလမ်းနဲ့ ဆက်လည်း ဆန့်ကျင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။DVB

မိုးဗြဲမှာ စစ်ရှောင်စခန်းအတွက် ပို့ပေးမယ့် ဆေးဝါး ရိက္ခာတွေအပြင် ကားတွေကိုပါ စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွား

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ် မိုးဗြဲမြို့ လွယ်ရင်းတောင် စစ်ဘေးရှောင်စခန်းသို့ ပို့မည့် ဆန်နှင့်ဆေးပစ္စည်းများအပါအဝင် တင်​ဆောင်လာသော ​မော်တော်ယာဉ်တို့ကို စစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးသွားသည့်မြင်ကွင်းများကို ပြန်လည် မျှဝေပါသည်။khit thit

ရှမ်းလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် ကျေးသီးမြို့ပေါ် စစ်ဘေးရှောင်‌‌များ ထပ်တိုးလာ

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ကျေးသီးမြို့နယ်အတွင်းက လွယ်ဟွန်းတောင်ကျောမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်တွေအကြားတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေ ထပ်တိုးလာနေပါတယ်။ 

 ရှမ်းလက်နက်ကိုင်အချင်းချင်း ဇွန် ၁ ရက်က စတင်လို့ တိုက်ပွဲဖြစ်ပွားနေရာမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲပိုမိုပြင်းထန်နေတာကြောင့် စစ်ရေးလမ်းကြောင်းပေါ်ကျရောက်နေတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ ကျေးသီးမြို့ပေါ်က ယာယီ စစ်ဘေးရှောင်စခန်းတွေကို ထပ်မံတိမ်းရှောင်လာနေ ကြတာပါ။

လက်ရှိ ကျေးသီးမြို့ပေါ်ကိုရောက်ရှိလာတဲ့ စစ်ဘေးရှောင်ဦးရေဟာ ၁၈၀၀ ကျော်သွားပြီဖြစ်ပါတယ်။ သူတို့တွေဟာ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေကြပါတယ်။ သူတို့အတွက် လာရောက်ကူညီတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရှိပေမဲ့  နေ့စဉ်စားသောက်ဖို့ ဟင်းသီးဟင်ရွက်တွေလိုအပ်နေတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်တချို့ လက်နက်ကျည်ထိမှန်ပျက်စီးတာရှိပါတယ်။ ဒါ့အပြင် စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေလည်း စစ်‌ကြောင်းယာဉ်တန်းတွေကြောင့် ဆုံးရှုံးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ အချင်းချင်းတိုက်ပွဲဖြစ်နေတာကို ရပ်တန့်ဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ရှမ်းလူမှုအဖွဲ့အစည်းတွေက တောင်းဆိုထားတာရှိပေမဲ့လည်း တိုက်ပွဲတွေက ပြင်းထန်နေဆဲဖြစ်ပါတယ်။DVB

မြခါးပတ်ကျေးရွာတွင် စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြ

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မြခါးပတ်ကျေးရွာတွင် ဇွန်လ ၁၁ ရက်နေ့ညနေပိုင်းက စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ကြသည်။khit thit

မန္တလေး ကညနရုံးရှေ့ ပေါက်ကွဲမှုဖြစ်၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ  ကညန (မန္တလေးတိုင်း) ရုံးရှေ့မှာ ဇွန်လ ၁၁ ရက် နေ့လယ်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုပြီး အမျိုးသမီး ၁ ဦးထိခိုက် ဒဏ်ရာ ရသွားပါတယ်။

အဲ့ဒီလက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် လိုင်စင်သက်တမ်းလာတိုးတဲ့ အမျိုးသမီး တစ်ဦးရဲ့ ခြေထောက် ဗုံးစမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

”ရုံးရှေ့ မျက်နှာစာ သိပ္ပံလမ်းဘေးဆိုင်ကယ်တွေ စီပြီးရပ်ထားတဲ့နေရာမှာ ဖြစ်တာ။ သက်တမ်းလာတိုးတဲ့ ကောင်မလေး တစ်ယောက် ဗုံးစမှန်သွားတယ်။”

ကညန (မန္တလေးတိုင်း) ရုံးမှာ လက်လုပ်ဗုံးပေါက်တာ ၅ ကြိမ်လောက်ရှိပြီဖြစ်ပြီး မေလ ၁၀ ရက်နေ့ကလည်း လက်လုပ်ဗုံးပေါက်ကွဲမှုမှာ လူ ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။DVB

တအာင်းဒေသအတွင်းရှိ non-CDM ဝန်ထမ်းများကို အရေးယူမှုတွေ ပြုလုပ်မည်ဟု တအာင်း(ပလောင်) ဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေးထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲမြို့များတွင် CRPH ၏ လမ်းညွှန်ချက်များနှင့်အညီ ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး အဆိုပါဒေသများအတွင်းမှ non-CDM ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ နေရပ်ဇာတိသို့ ပြန်ကြရန်နှင့် လုံခြုံရေးကိစ္စ တစုံတရာဖြစ်လာပါက ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။khit thit

မော်လမြိုင်က တက္ကသိုလ်ကျောင်းသား ၈ ဦးကို ရုံးထုတ် စစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ   ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၈ ယောက်ကို  ဇွန်လ ၁၁ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံ ကျောင်းသားတွေကို ကျိုက်မရောမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးတာဖြစ်ပြီး  သူတို့ အားလုံးကို အာဏာသိမ်း စစ်ကောင်စီက ကျိုက်မရော အကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာပါ။

ဖမ်းဆီးခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို  ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က  မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်အတွင်းရှိ နေအိမ်တအိမ်မှာ ရဲနဲ့စစ်တပ်က အင်အား အလုံးအရင်းနဲ့ ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲမှာ မော်လမြိုင်တက္ကသိုလ်က ‌၂ ဦး၊ အစိုးရ စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) က ၅ ဦး၊ မော်လမြိုင် တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးပါဝင် ပါတယ်။DVB

ဘားအံတွင် စစ်အာဏာရှင်တော်လှန်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသည့် လူငယ် ၃၆ ဦးကို ထောင် ဒဏ် ၂ နှစ်ချမှတ်

ကရင်ပြည်နယ်၊ဘားအံမြို့နယ်တွင် စစ်အာဏာရှင်တော်လှန်ရေး အတွက် သပိတ်မှောက် ဆန္ဒပြကြသည့် လူငယ် ၃၆ ဦးကို ယနေ့ နံနက်တွင် ဘားအံမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း ဘားအံနည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရှိရသည်။

ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခံရသည့် လူငယ် ၃၆ ဦးတွင် ဘားအံနည်းပညာတက္ကသိုလ်မှ နောက်ဆုံး နှစ်ကျောင်းသား ၊ လျှပ်စစ်စွမ်းအားဌာနမှ ကိုကျော်ဇင်နိုင်ပါဝင်ကြောင်း သိရှိရသည်။

ဘားအံမြို့နယ်၊ ပိတောက်လမ်း၊ ကမ်းနားတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်အာဏာရှင်တော်လှန်ရေး သပိတ်မှောက် ချီတက်ကြစဉ် လူငယ် ၃၆ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ထောင်ဒဏ် အပြစ်ပေးလိုက်ခြင်းဖြစ်သည်။

ဘားအံမြို့မှ ကျောင်းသူတစ်ဦးက “ဘာလက်နက်မှတောင်မပါပဲ ရိုးရိုးဆန္ဒပြကြတဲ့ လူငယ်တွေကိုလုပ်ရက်လိုက်တာ ။ ချိန်းလိုက်တဲ့ရုံးချိန်းတွေ တက်လိုက်ရတဲ့တရားခွင်တွေအမိန့် တစ်ခါချဖို့အရေး။ တစ်ခြားမြို့နယ်တွေမှာတောင် ရိုးရိုးဆန္ဒပြတဲ့လူငယ်တွေကို ခံဝန်ကတိနဲ့ပြန်လွှတ်ပေးကြတယ် ။ဘားအံကတော်တော်ရက်စက်တယ် “ဟု ပြောဆိုကြောင်း ဘားအံနည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ငြိမ်းချမ်းစွာ ဆန္ဒပြကြသည့် ပြည်သူများကို ပုဒ်မ အမျိုးမျိုးတပ်၍ မတရားဖမ်းဆီးထောင်ချမှုများ လုပ်ဆောင်လျက်ရှိသည်။khit thit

« Older Entries