Monthly Archives: Jun 2021

အလုပ်သမားအရေးလှုပ်ရှားသူ ဦးသက်နှင်းအောင်၏ နေအိမ်ကို စစ်တပ်က တံခါးဖျက် ဝင်ရှာ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာရှိ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးသက်နှင်းအောင်ရဲ့ နေအိမ်ကို ဇွန်လ ၁၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ လာရောက် ရှာဖွေခဲ့တယ်လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

ဦးသက်နှင်းအောင်ကတော့ နဂိုကတည်းက တခြားနေရာမှာ နေထိုင်နေတာဖြစ်ပြီး စစ်ကောင်စီတပ်တွေဝင်ရှာတဲ့ နေအိမ်မှာ လူနေထိုင်မှု မရှိဘူးလို့ သိရပါတယ်။

အရပ်ဝတ်တွေ အပါအဝင် စစ်သားနဲ့ရဲ အယောက် ၆၀ လောက်က  ညနေ လေးနာရီလောက်မှာ စစ်ကား ၁၀ စီးလောက်နဲ့ လာရောက်ပြီး ခြံဝင်းကို ပိတ်ထားတဲ့ သော့ကို ဖျက်ကာ နေအိမ်ကိုပါ သော့ဖျက်ပြီး ဝင်ရောက်ရှာဖွေ‌ခဲ့ကြတယ်လို့ သိရပါတယ်။

“ကျနော်က အခုအချိန်အထိ စစ်ကောင်စီကနေ အမှုဖွင့်ခံထားရတဲ့ အထဲမှာလည်း မပါဘူးပေါ့လေ၊ နောက် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထားရတဲ့ထဲမှာလည်း မပါဘူး။ ဒီလို မပါဘဲနဲ့ အခုလိုမျိုး အိမ်တံခါးကို ဖျက်ပြီးတော့မှ ဝင်တယ်ပေါ့နော်။ ဘာပစ္စည်းတွေ ပါသွားမလဲဆိုတာတော့ မသိရသေးဘူးပေါ့။ အိမ်မှာလည်း လူမရှိတော့လေ၊အဲ့ဒီတော့ အခုလိုမျိုး ဥပဒေမဲ့ အိမ်တံခါးဖျက်ပြီးတော့မှ ကျူးကျော်ဝင်ရောက်ပြီးမှ ရှာတာဖွေတာတွေ၊နောက် ဒီလိုမျိုး လုပ်တာတွေကတော့မလုပ်စေချင်ဘူးပေါ့နော်”လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

အိမ်တစ်အိမ်ကို ဥ‌ပဒေမဲ့ ကျူးကျော်ဝင်ရောက်တဲ့ ခုလိုမျိုးလုပ်ရပ်ဟာ အင်မတန်မှ စစ်ကောင်စီ အနေနဲ့ သိက္ခာကျတဲ့လုပ်ရပ်ဖြစ်တယ်၊  စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို လုပ်ချင်သလိုလုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်ပြီး စိစစ်ဖို့လိုပြီလို့လည်း  ဦးသက်နှင်းအောင်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တခြားနေရာက ယူဆောင်လာတဲ့ လေးခွနဲ့ ဂျင်ကလိတွေကို ဦးသက်နှင်းအောင်ရဲ့ နေအိမ်အတွင်း ချထားပြီး ဓာတ်ပုံ ရိုက်ယူသွားတယ်လို့လည်း သိရပါတယ်။

ဦးသက်နှင်းအောင်ဟာ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်း ရေးမှူးချုပ်တာဝန်ကို အခုအချိန်ထိ ထမ်းဆောင်နေဆဲဖြစ်ပြီး အလုပ်သမားအရေးမှာ တက်တက်ကြွကြွပါဝင်သူလည်းဖြစ်ပါတယ်။ DVB

ဒီပဲယင်းမြို့နယ်၊ မြောင်မြို့နယ်က ဒလံသတ်ဖြတ်မှုမှာ နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့ရဲ့လက်ချက်ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ရဲ ၁ ဦး​သေပြီး ၂ ဦးဒဏ်ရာရသည့် ကျိုက်ထို ကင်မွန်းစခန်းတိုက်ခိုက်မှု ၄င်းတို့လက်ချက်ဟု သိမ်ဇရပ် PDF ​ကြေညာ

မွန်ပြည်နယ်၊ ကျိုက်ထို ကင်မွန်းစခန်းတွင် ​ပျော်ပါး​နေသည့် ရဲများကို တိုက်ခိုက်မှု​ကြောင့် ရဲ ၁ ဦး ​သေပြီး ၂ ဦးဒဏ်ရာရရှိမှုသည် ၄င်းတို့လက်ချက်ဖြစ်​ကြောင်း သိမ်ဇရပ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က ထုတ်ပြန်​ကြေညာ သည်။khit thit

ဒီပဲယင်းမြို့နယ်၌ တိုက်ပွဲဖြစ်ပွားပြီး ရွာသားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာ၊ ဆပ်ပြာကျင်းရွာနဲ့ ဘုတ်ရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (D-PDF) တို့ ဇွန်လ ၁၄ ရက် နေ့လယ် ၁၂ နာရီလောက်က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး  PDF တပ်ဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်ကျည် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

နဂါးဗိုလ်-အင်ပင်-ကိုင်းကန် ကျေးရွာအနီးမှာလည်း နေ့လယ် ၂ နာရီခွဲလောက်မှာ  ထပ်မံတိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်တပ်ဘက်က  ၂ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရသွားတယ်လို့  D-PDF ပြန်ကြားရေးထံက သိရပါတယ်။ 

ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်က ပြန်ဆုတ်သွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆိုင်ကယ် ၃ စီးကို  စစ်တပ်က ယူသွားတယ်လို့သိရပါတယ်။

ဒီပဲယင်းမြို့နယ် အင်ပင်(ယဒင်)ကျေးရွာတွေကိုလည်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

“အခုနေ့လယ် ၂ နာရီလောက် ရွာထဲရောက်လာတယ်၊ မနေ့က အင်ပင်အုပ်ချုပ်ရေးမှူးရဲ့ အစ်ကို အသတ်ခံရတယ်။ အခုနေ့လယ်မှာ ရောက်လာပြီး ရွာထဲမှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပစ်ခတ်တာတွေ လုပ်နေတယ်”။ 

ပစ်ခတ်မှုတွေကြောင့် ဒေသခံ ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ဖမ်းဆီးတာ ရှိ၊ မရှိ မသိသေးပါဘူး။ DVB

တွန်းဇံမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၂၀၀ ကျော် စစ်ဆေးတွေ့ရှိ၊ အနည်းဆုံး ၆ ဦးသေဆုံး

ချင်းပြည်နယ်အစွန်အဖျားက တွန်းဇံမြို့နယ်၊ ကျီခါးမြို့မှာ ကိုဗစ်-၁၉  အတည်ပြုလူနာ အယောက် ၂၀၀ ကျော် စစ်ဆေးတွေ့ထားပြီး အနည်းဆုံး ၆ ယောက် သေဆုံးသွားပြီးလို့ မြို့မိမြို့ဖတယောက်က ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းအင်အား နည်းပါးပြီး သွားလာရေးကလည်း ခက်ခဲတာကြောင့် တနယ်လုံးကို မစစ်ဆေးနိုင်ဘဲ အနီးအနားရွာတွေမှာ ကိုဗစ်လက္ခဏာရှိသူတွေ အခု ပိုတိုးလာတယ်လို့ သိရပါတယ်။

“အမြန်စစ်ကိရိယာ(Rapid Test Kit)နဲ့ စစ်တာ။ မနေ့ကအထိ ၂၀၆ ယောက်ရှိတယ်။ ဆေးရုံမှာက ၄ ယောက် ရှိတယ်။ ကျန်တဲ့သူတွေကိုတော့ အိမ်မှာပဲ နေခိုင်းထားတယ်။ သေဆုံးသူက ၄ ယောက်။ ဒါကလည်း ဆေးရုံမှာသေတာ။ မြို့ထဲမှာ သူ့ဘာသာ ဆုံးသွားတဲ့သူတွေကိုတော့ မစစ်ရတော့ မသိဘူး” လို့ မြို့မိမြို့ဖတယောက်က ပြောပါတယ်။

လက်ရှိမှာတော့ ကျီခါးမြို့ အပါအဝင် အနီးအနား ရွာ ၄ ရွာကို အဝင်အထွက် ကန့်သတ်ထားပါတယ်။

“တခြားရွာတွေမှာလည်း လက္ခဏာဖြစ်နေသူတွေရှိတယ်။ သွားမစစ်တော့ ဘယ်လောက်ရှိတယ် ဆိုတာ မသိရဘူး။ ဆေးရုံမှာက သူနာပြု အပြာဝတ်တယောက်ရယ်၊ ကွန်ပေါင်ဒါတယောက်ရယ်၊ ဓာတ်ခွဲကျွမ်းကျင်တယောက်ရယ်ပဲ ရှိတာ။ အစကတော့ စစ်တပ်က အရိုးပါရဂူတယောက်ရယ်၊ မေ့ဆေးပါရဂူတယောက်ရယ် ရှိတယ်။ ကိုဗစ်ဖြစ်ပြီး တပတ်လောက်နေတော့ သူတို့လည်း အမိန့်အရဆိုပြီး ဟားခါးမြို့ကို ပြောင်းသွားတယ်” လို့လည်း ပြောပါတယ်။

မြို့ပေါ်က အားကစားခန်းမှာ အရေးပေါ်ဆေးခန်းတခု ဖွင့်ထားပြီး ကလေးမြို့က လုပ်အားပေးဆရာဝန်တယောက်နဲ့ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

“PPE တို့ Mask တို့ကတော့ လှူထားတာတွေရှိတယ်။ လိုအပ်တာက အာဟာရ။ ဖျားရင်က အားပြတ်ပြီး လဲတာလေ။ အာဟာရဖြစ်မယ့်ဟာတွေက ရှားတယ်။ ဝယ်ဖို့ကလည်း မတတ်နိုင်ကြဘူး” လို့လည်း ဒေသခံက ပြောပါတယ်။

ကျီခါးမြို့မှာ ပြီးခဲ့တဲ့လကလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေ တွေ့ရှိခဲ့ပြီး တွန်းဇံမြို့နယ်မှာလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေလည်း ရှိနေပါတယ်။DVB

သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အမှု တရားလိုကို စတင်စစ်ဆေး

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက တရားစွဲထားတဲ့အမှုကို  ဒီကနေ့ ဇွန်လ ၁၄ ရက်က နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အဆောက်အဦတစ်ခုမှာ ရုံးထုတ်ခဲ့ပြီး တရားလိုတွေကို စတင် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ကတော့ တရားလိုတွေကို စစ်တာပေါ့နော်။ အကုန်လုံး စစ်ပြီးတော့မှာပဲ ဒီနေ့ရုံးချိန်းက ပြီးတာပါ။ ဒီနေ့က အမေအတွက် လေးမှုနဲ့ သမ္မတကြီးအတွက် တစ်မှုပါ။ ဒေါက်တာမျိုးအောင်ကို ဒီနေ့ မစစ်သေးပါဘူး။ မနက်ဖြန်ကျ အမေကို တစ်မှုကျန်မယ်၊ အမေတစ်ယောက်တည်းကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၅ နဲ့စွဲထားတဲ့ တရားလို ဦးထွန်းမြင့်အောင်(ခ)ဦးညီညီ စွဲထားတဲ့အမှုရယ်၊ နောက်သုံးယောက်တွဲကို စွဲထားတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) အမှုရယ်၊ အဲဒီနှစ်မှုကို မနက်ဖြန် စစ်မှာပါ”လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီနေ့ လိုပြသက်သေတွေကိုပါ စစ်ဆေးဖို့ဖြစ်ပေမယ့် အချိန်လုံလောက်မှုမရှိတဲ့အတွက် တရားလိုတွေချည်းပဲ စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း  စစ်ကောင်စီကနေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထပ်မံအမှုဖွင့်ထားပါတယ်။DVB

သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာတွင် “သပိတ်စုံ သပုန်ထ” စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

khit thit

« Older Entries