ကလေးမြို့တွင် ကိုဗစ်-၁၉ လူနာ ၂ ဦး ထပ်မံ သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လ ၁၇ ရက် ညက ကိုဗစ်- ၁၉ အတည်ပြု လူနာ ၂ ဦး ထပ်မံ သေဆုံးသွားတယ်လို့ ကလေးမြို့ ပရဟိတလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
ဒီနေ့ မနက်က ကလေးမြို့ဆေးရုံကြီးမှာ ကိုဗစ်ပိုးစစ်ဆေးသူ ၄၅ ယောက်ရှိတဲ့အထဲ ၂၅ ယောက်မှာ ပိုးတွေ့ပြီး ကုတင်၁၀၀ စစ်ဆေးရုံမှာ ၉ ယောက် ကိုဗစ်-၁၉ ပိုးစစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဒီနေ့ တစ်ရက်ထဲ ကလေးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၃၄ ယောက်ရှိတယ်လို့ ကလေးမြို့ ပရဟိတလုပ်ကိုင်သူတစ်ဦးကပြောပါတယ်DVB