တာမွေ၊ ၁၄၇ လမ်းထိပ်တွင် စစ်ကားတစ်စီး ဗုံးခွဲခံရ၊ ၁၅၅ လမ်းထိပ်တွင် တိုယိုတာ ဗစ်ကားနားတွင် ဗုံးကွဲ၊ သေဆုံးမှုတချို့ရှိနိုင် (Video)
ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ဝန်းကျင် တာမွေ ၁၄၇ လမ်းထိပ်တွင် ရပ်တန့်ထားသော စစ်ကားအနီးတွင် ဗုံးပေါက်ကွဲပြီး စစ်ကားမီးလောင်သွားကြောင်း၊ တာမွေ ၁၅၅ လမ်းထိပ်တွင်မူ တိုယိုတာဗစ် Taxi နားတွင် ဗုံးပေါက်ကွဲပြီး ၁ ဦး ထိခိုက်ပြီး ကျန်တစ်ဦးမှာ လက်ပြတ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဗုံးဖြင့် တိုက်ခိုက်ခံရသော စစ်ကားမှာ မီးလောင်ပြာကျသွားကြောင်း ၊ သေဆုံးမှုတချို့ရှိသည်ဟု ပြောဆိုကြသော်လည်း အတည်မပြုနိုင်သေးပေ။khit thit