ဒီပဲယင်းတွင် စစ်ကောင်စီခန့် သရက်ကန်အနောက်ရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရ၊ အကြမ်း ဖက်စစ်ကောင်စီတပ်များက ရွာကိုဝင်စီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် သရက်ကန်အနောက်ရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးသည် ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အသတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များက သရက်ကန်အနောက်ကျေးရွာသို့ စစ်ကား ၇ စီးဖြင့် ဝင်ရောက်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။

“ဒလန် သတင်းပေး စစ်တပ်က ခန့်ထားတဲ့ အုပ်ကြီး အောင်မြင့်စိုး အသတ်ခံရတယ်။ ဓားနဲ့ ထိုးပြီး အသတ်ခံရတာ။ အဲဒါ ရွာကလူတွေနဲ့တော့ အဆက်အသွယ်မရတော့ဘူး။ အကုန်ပြေးကြပြီ။ ကျနော်တို့ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်တွေ အကုန်လုံး သရက်ကန်အနောက်ရွာဘက်ကို သွားနေကြပြီ။ ရွာတော့ အဖိခံရမယ်ထင်တယ်” ဟု သပြေကန်ကျေးရွာမှာ ဒေသခံတစ်ဦးက ရှင်းပြသည်။

သရက်ကန်အရှေ့ရွာမှ ဒေသခံတစ်ဦးကလည်း စစ်သားများသည် ခြေလျင်ဖြင့်လည်းကောင်း၊ စစ်ကားဖြင့်လည်းကောင်း သရက်ကန်အနောက်ရွာဘက်သို့ သွားနေကြသည်ဟုဆိုသည်။

“ကျနော်တို့ရွာနားမှာလည်း အင်အားတချို့ချန်ခဲ့တယ်။ ခြေလျင်တက်လာတဲ့လူတွေရော၊ စစ်ကားနဲ့ တက်လာတဲ့လူတွေရော မနည်းဘူး။ လူသတ်မှုဖြစ်တာက သရက်ကန်အနောက်ရွာမှာပါ။

အုပ်ကြီးအသတ်ခံရတာပြောတယ်။ အဲဒီရွာဘက်ကို အခု သွားလို့မရတော့ဘူး ။ ရွာခံတွေလည်း လူသတ်မှု ဖြစ်ပြီးကတည်းက ပြေးနေရပြီ” ဟု သရက်ကန်အရှေ့ရွာ ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဒီပဲယင်းတစ်မြို့နယ်လုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် တပ်စွဲထားပြီး ကျေးရွာများသို့ ဝင်ရောက် စစ်ဆေးခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s