မြဝတီမြို့တွင် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၂) ရပ်ကွက် သဲပုံဂိတ်အနီးမှာ ရာအိမ်မှူး ဦးသန်းဌေး ဇွန်လ ၂၃ ရက် မနက် ၆ နာရီကျော်လောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ရာအိမ်မှူး ဦးသန်းဌေးဟာ သံဃာတွေကို ဆွမ်းလောင်းဖို့ အိမ်ရှေ့မှာ ထိုင်နေချိန် ကားအမည်းရောင်နဲ့လာတဲ့ အမည်မသိ သေနတ်သမားက သေနတ်နဲ့ ၂ ချက်ပစ်ပြီး ကားမောင်းထွက်သွားပါတယ်။
ဦးသန်းဌေးမိသားနဲ့ တခြားအိမ်နီးချင်းတွေက မြဝတီပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဦးသန်းဌေးရဲ့ ပြင်းထန်ဒဏ်ရာကြောင့် အရေးပေါ် မော်လမြိုင်ဆေးရုံကို ပို့ဆောင်ချိန် လမ်းခရီးမှာ သေဆုံးသွားတဲ့အတွက် မြဝတီပြည်သူ့ဆေးရုံကို ပြန်သယ်လာပြီး ရုပ်လောင်းကို ရဲနဲ့ ကျန်းမာရေးဌာနက စစ်ဆေးအတည်ပြုချက်ယူမှာဖြစ်တယ်။
ဘာကြောင့် ပစ်ခတ်ခံရတယ်ဆိုတာ မသိသေးပေမဲ့ စစ်အာဏာသိမ်းနောက်ပိုင်း မြဝတီမြို့ အမှတ်(၂)ရပ်ကွက် သဲပုံဂိတ်မှာ လူငယ်တွေဆန္ဒပြဖို့ လူစုနေချိန်မှာ ရာအိမ်မှူး ဦးသန်းဌေးက ရဲတပ်ဖွဲ့ကို သတင်းပေးဖမ်းဆီးတဲ့ အဖြစ်မျိုးရှိခဲ့ကြောင်း နယ်ခံတစ်ဦးက ဆိုပါတယ်။DVB