ဖက်ဆစ်စစ်တပ်သုတ်သင်ရေး အထက်မြန်မာပြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၄ဖွဲ့ ပူးပေါင်း

ဖက်ဆစ်စစ်တပ် သုတ်သင်ရှင်းလင်းရေး မန္တလေးကိုယ်စားပြု အထူးပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မဟာမိတ်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည်။
မကြာမီ ရောက်ရှိလာမည့် မြို့ပြပြောက်ကျားတိုက်ပွဲများအတွက် တစ်ဖွဲ့နှင့်တစ်ဖွဲ့ နည်းပညာ၊ သတင်းရင်းမြစ် ဖလှယ်ကူညီရန်၊ အခက်အခဲများကို ပူးပေါင်းရင်ဆိုင်ရန်နှင့် ပိုမိုကျယ်ပြန့်သော ဖက်ဆစ်စစ်တပ် သုတ်သင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။
မဟာမိတ်အဖွဲ့များ၏ အတွေ့အကြံပေါ်အခြေခံကာ အမှားအယွင်းနည်းနိုင်သမျှနည်းပြီး ပြည်သူလူထုကို မထိခိုက်စေရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ အထိအခိုက်နည်းနိုင်သမျှနည်းစေရန် ဂရုပြုပြီး ပိုမိုတိကျသော စစ်ဆင်ရေးများပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။khit thit