မင်းကင်းတွင် PDF နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၉ ဦးသေ၊ PDF ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် PDF နှင့် စစ်ကောင်စီတပ်များ ယနေ့ နံနက်ပိုင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၉ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်မှ ၁ ဦးကျဆုံးကြောင်း PDF များနှင့်ချိတ်ဆက်ဆောင်ရွက်နေသူများထံမှ သိရှိရသည်။
“တိုက်ပွဲက ၂ နေရာဖြစ်တာ။ သံပေါက်ရယ်။ နောက်တစ်နေရာကတော့ ကျနော်တို့ Confirm လုပ်နေတုန်း။ အဲဒီမှာ စစ်ခွေးတွေဘက်က ကျတာက ၁၉ ဦး ရှိတယ်။ အဲဒါကတော့ သေချာတယ် ခိုင်မာပါတယ်” ဟု PDF နှင့် ချိတ်ဆက်ထားသူက ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ ၁ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် အနီးအနားကျေးရွာများအားလုံးမှ ပြည်သူများသည် နေအိမ်များစွန့်၍ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရသည်။khit thit