စစ်အာဏာရှင် အမြစ်ပြတ်တိုက်ခိုက်​ရေး ပြည်သူ့ကာကွယ်​ရေး အဖွဲ့ ၆ ခု ပူး​ပေါင်း ​ကြေညာ

စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ခိုက်​ရေး ပြည်သူ့ကာကွယ်​ရေး အဖွဲ့ ၆ ခုက ပူး​ပေါင်းလိုက်ပြီဖြစ်​ကြောင်း ယ​နေ့ ​အောက်ပါအတိုင်းထုတ်ပြန်​ ​ကြေညာသည်။

PEOPLE’S DEFENSE FORCE – ပြည်သူ့ကာကွယ်ရေးတပ်မတော်

MANDALAY SPECIAL TASK FORCE (MSTF) – မန္တလေးကိုယ်စားပြု အထူးပျောက်ကြားတပ်ဖွဲ့

PEOPLE’S DEFENSE FORCE (MAGWAY) – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မကွေး)

KYAUKSE PEOPLE’S DEFENSEFORCE (KPDF) – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ဆည်)

SAGAING PEOPLE’S DEFENSE FORCE(SPDF) – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စစ်ကိုင်း)

MAGWAY DIVISION PEOPLE’S DEFENSE FORCE(MDPDF) – မကွေးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့၏ ပူးပေါင်း သဘောထား ထုတ်ပြန်ကြေငြာချက်

PEOPLE’S DEFENSE FORCE – ပြည်သူ့ကာကွယ်ရေးတပ်မတော် (Yangon) ၊ MANDALAY SPECIAL TASK FORCE (MSTF) – မန္တလေးကိုယ်စားပြု အထူးပျောက်ကြားတပ်ဖွဲ့ ၊ PEOPLE’S DEFENSE FORCE (MAGWAY) – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မကွေး)၊ KYAUKSE PEOPLE’S DEFENSEFORCE (KPDF) – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ဆည်) ၊ SAGAING PEOPLE’S DEFENSE FORCE(SPDF) – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စစ်ကိုင်း) ၊ MAGWAY DIVISION PEOPLE’S DEFENSE FORCE(MDPDF) – မကွေးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် တို့၏ ၂၄ရက်၊ဇွန်လ၊၂၀၂၁ ရက်နေ့ တွင် ပြုလုပ်ခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက် အရ အောက်ပါ သဘောထား တူညီချက် အားထုတ်ပြန် ကြေညာအပ်ပါသည်။

၁။ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ခိုက်ရေး အတွက် မိမိတို့ တော်လှန်ရေး ညီအကိုများမှ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချိတ်အဆက် မိမိဖြင့် စစ်အာဏာရှင်အား တော်လှန်ရန် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ပါသည်။

၂။ မိမိတို့ မဟာမိတ် အဖွဲ့များအနေဖြင့် ပူးပေါင်းချိတ်ဆက်၍ မြို့နယ်၊တိုင်း အလိုက် ထိရောက်သည့် တော်လှန်ရေးလုပ်ဆောင်မှုများကို လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

၃။ မိဘပြည်သူများ အနေဖြင့် PDF တပ်ဖွဲ့များ နှင့် စစ်ကောင်စီ တပ်များ တိုက်ပွဲဖြစ်ပွားပါက PDF တပ်ဖွဲ့ များ၏ လှုပ်ရှားမှူများအား Facebook ပေါ်သို့ Live လွှင့်ခြင်း ၊ Post တင်ခြင်းများ မပြုလုပ်ကြပါရန် ။

၄။ မြို့တွင်းပျောက်ကြားစနစ် (သို့မဟုတ်) စစ်ကောင်စီတပ်များနှင့် မြို့နယ်၊တိုင်းတစ်ခုခုမှ PDF များနှင့် ထိတွေ့၍ တိုက်ပွဲဖြစ်ပွားခဲ့ပါက ကျန်ရှိနေသော မြို့နယ်၊တိုင်းများမှ PDF အဖွဲ့ များမှလည်း မိမိတို့ သက်ဆိုင်ရာ မြို့နယ်၊တိုင်းအလိုက် ဝိုင်းဝန်းတိုက်ခိုက်ကြရန် အစည်းအဝေး ဆုံးဖြတ်ညှိနှိုင်းမှုအရ ပူးပေါင်းသဘောထား ထုတ်ပြန်အပ်ပါသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s