လောင်းလုံးမြို့နယ် မြခါးပတ်ကျေးရွာ သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ပစ်ခတ် ဖြိုခွင်း

လောင်းလုံးမြို့နယ် မြခါးပတ်ကျေးရွာတွင် ဇွန်လ ၂၅ ရက် ညနေပိုင်းက ချီတက်ဆန္ဒပြသော စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ကာဖြိုခွင်းခဲ့သည်ဟု ဒေသခံတစ်ဦးမှ သတင်းပေးပို့သည်။
သပိတ်စစ်ကြောင်းချီတက်ကြပြီး စုရပ်သို့ ပြန်မရောက်ခင် အကြမ်းဖက်စစ်ကောင်စီမှ အချက် ၃၀ ခန့် သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်ဟု သိရပြီး ဖမ်းဆီးခံရသူနှင့် ဒဏ်ရာရရှိသူစာရင်းကို လက်ရှိမှာ အတည်ပြုနိုင်ခြင်း မရှိသေးပေ။khit thit