လွိုင်ကော်တွင် လက်နက်ကြီးပစ်သံ၊ စက်သေနတ်ပစ်သံများ ဆက် တိုက်ထွက်ပေါ်နေ(Video)
ကယားပြည်နယ်၊ လွိုင်ကော်-လောပီတ လမ်းဘေးရှိ ဧက ၅၀၀ ရပ်ကွက်နှင့် ၅၄ တပ် ဝန်းကျင်တွင် ယနေ့ ည ၉ နာရီဝန်းကျင်မှ စတင်ကာ လက်နက်ကြီးနှင့် စက်သေနတ်များအပါအဝင် လက်နက်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်နေကြောင်း လွိုင်ကော်ဒေသခံများထံမှ သိရှိရသည်။
ကယားပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ယာယီ အပစ်အခတ်ရပ်စဲထားရာမှ ယနေ့စတင်၍ ပစ်ခတ်သံများ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။khit thit