Monthly Archives: Jun 2021

စစ်ကိုင်းတွင် သတင်းထောက်တဦး ထပ်မံဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းက သတင်းထောက်တဦးကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ထပ်မံဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူ သတင်းထောက်က ကိုစောပြည့်ချမ်းသာဖြစ်ပြီး လက်ရှိမှာ သတင်း‌ထောက်အလုပ်ကို ရပ်နားထားသူလည်း ဖြစ်ပါတယ်။ ကိုစောပြည့်ချမ်းသာက မနက်က အဖမ်းခံခဲ့ရတဲ့ ကိုဒီမြတ်ငြိမ်းနဲ့ အတူ ဇေယျာတိုင်းမ်သတင်းဌာနမှာ အတူတူ လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

မနက်ပိုင်း ဇေယျာတိုင်းမ်ရဲ့ သတင်းထောက် ကိုဒီမြတ်ငြိမ်းကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက နေအိမ်ကိုလာရောက်ကာ ဖမ်းဆီးခဲ့သလို ဇေယျာတိုင်းမ်ရဲ့ နောက်ထပ်သတင်းထောက်တဦးရဲ့နေအိမ်ကိုလည်း သွားရောက်ခဲ့ပြီး သတင်းထောက် မတွေ့လို့ တွေ့ရတဲ့ မိသားစုဝင်ညီငယ်တဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

စစ်ကိုင်းမြို့မှာ ဒီနေ့ ဖမ်းဆီးခံရသူ အနည်းဆုံး သုံးဦးရှိပြီး အဲဒီသုံးဦးကို ဘာကြောင့်ဖမ်းတယ်၊ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရသေးပါဘူး။ လက်ရှိမှာ တခြားသတင်းထောက်တွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။khit thit

စစ်ကောင်စီတပ်ကား ၂ စီး မိုင်းခွဲတိုက်ခိုက်ခံရ

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကားအကြီး ခြောက်စီး ကို စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်း၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ် ကျေးရွာတစ်ခုအနီးမှာ PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်လိုက်တယ်လို့သိရပါတယ်။

ဒီကနေ့ဇွန်လ ၂၆ ရက်၊ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဂန့်ဂေါဘက်က ဆင်းလာတဲ့ စစ်ကား ခြောက်စီးကို မိုင်းခွဲတိုက်ခိုက်ပြီး နှစ်စီးကို မိုင်းထိခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – (People’s Defence Force – Yinmarbin District) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောပါတယ်။

“နေရာရွာအတိအကျတော့ကျွန်တော်တို့လုံခြုံရေးအရထိန်ချန်ထားပါမယ်၊ စစ်ကားခြောက်စီးကို မိုင်ခွဲခဲ့တာတော့ဟုတ်ပါတယ်၊ ကျွန်တော်တို့ မြေပြင်က သတင်းပို့တဲ့အတွက် အတည်ပြုနိုင်ပါတယ်၊ ထောင်မိုင်းဖြစ်တဲ့အတွက် ကျွန်တော်တို့က အဝေးက ခွဲရတာဆိုတော့ ကားဘယ်နှစ်စီးထိသွားတယ်ဆိုတာလောက်ပဲ မြင်ရတယ်၊ ဘယ်နှစ်ယောက်ထိသွားတယ်ဆိုတာတော့ မသိရပါဘူး”ဖြစ်စဉ်အခြေအနေကို ပြောပြပါတယ်။မိုင်းပေါက်ကွဲမှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်သားတွေဟာ လမ်းဘေးအနီးမှာတွေ့ရတဲ့ ပြည်သူတွေကို ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် ဆိုင်ကယ်မောင်းလာသူ အရပ်သားတစ်ဦး ကျည်ထိမှန်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ PDF တာဝန်ခံကပြောပါတယ်။” သူတို့က ဆိုင်ကယ်စီးလာတဲ့တစ်ယောက်ကို သေချာချိန်ပစ်လိုက်တာတွေ့လိုက်ရတယ်၊ ပြီးတော့ဆိုင်ကယ်က လဲသွားပြီး မှန်သွားလို့ထင်တယ် ပြန်မထနိုင်တော့ဘူး၊ နောက်ထပ် စာကျက်မှာရှိနေတဲ့ နွားတစ်ကောင်နဲ့ မြင်းတစ်ကောင်ကိုလဲ သတ်သွားတယ်” လို့ ဆိုပါတယ်။

ဇွန်လ ၂၅ ရက်ကလဲ စစ်ကောင်စီတပ်ရဲ့ စစ်ကားအကြီး သုံးစီး ပုလဲမြို့နယ်အနောက်ဘက်က နဂါးမတောင်မှာ မိုင်းမိ‌ပြီး ပျက်စီးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။mizzima

လက်ပံ​တောင်း ​ဖောင်းကား ​ကျေးရွာက စစ်ဖိနပ်​အောက် ဒူးမ​ထောက်

” မင်းတို့စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှဒူးမထောက်ဘူး ” ဆိုတဲ့ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့် ဂုဏ်ပြုခြင်း၊ မြန်မာ့မြေပေါ်က “စစ်အာဏာ ရှင်စနစ်ဆိုး ” ကိုအပြီးတိုင်ချုပ်ငြိမ်းဖို့ တော်လှန်သပိတ် မှောက်ကြသည့် လက်ပံတောင်းတောင်ဒေသ ဖောင်း ကားကျေးရွာမှာ ဇွန်လ ၂၆ ရက်ညနေမှာ ထိုင် သပိတ်ပြုလုပ်ကြပါတယ်။khit thit

မြောင်းမြမြို့ ကရုဏာရှင်လူငယ်များအသင်းရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီး

ဧရာဝတီတိုင်း မြောင်းမြမြို့က ကရုဏာရှင်လူငယ်များအသင်းရုံးခန်းကို စစ်ကောင်စီလက်အောက်ခံတွေက ဇွန်လ ၂၆ရက်နေ့ နံနက်အစောပိုင်းမှာ အသင်းရုံးခန်း ပြတင်းပေါက်ကို ခိုးဝင်ဝင်ရောက်ပြီး ရုံးခန်းအတွင်း မွှေနှောက်ရှာဖွေကာ အများပြည်သူတွေလှူဒါန်းထားတဲ့ ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

“ရုံးခန်းက ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ အရှေ့မှာက သံတံခါးနဲ့ မှန်တံခါးရှိတယ် ဘုန်းကြီးကျောင်းထဲကိုခိုးဝင်ပြီးတော့ ဘေးက ပြတင်းပေါက်ကို ရအောင်ဖွင့်ပြီး ခိုးဝင်သွားတာ၊ ပစ္စည်းတွေကို မွှေနှောက်ရှာပြီး ဖျက်ဆီးသွားတယ်၊ အသင်းက သူတို့ကြောင့်ပဲ ရပ်နားထားရတာ သုံးလနီးပါးရှိပြီ ဒီအသင်းက တရားဝင်မှတ်ပုံတင်ထားတဲ့ အသင်းတစ်ခုပါ ဘာလို့အခုလိုလုပ်လဲဆိုတာ မသိဘူး”လို့ အသင်းဝင်တစ်ဦးကပြောပါတယ်။

ကရုဏာရှင်လူငယ်များအသင်းရဲ့ စတင်တည်ထောင်သူလည်းဖြစ်ပြီး မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်က သူ့ရဲ့ Facebook စာမျက်နှာမှာ“ကျွန်တော် ၅ နှစ်လောက် ကျောချအိပ်ခဲ့တဲ့ နေရာ၊ မြောင်းမြမြို့ ကရုဏာရှင်လူငယ်များအသင်း ရုံးခန်းကို ဝင်ရောက် မွှေနှောက်ဖျက်ဆီး သွားပါတယ်။

ပြတင်းပေါက်ကို ဖျက်ပြီး တော့ ခိုးကြောင့်ခိုးဝှက် ဝင်လုပ်သွားတာပါ။ တယောအိတ်ကိုလဲ သေနတ်အိတ်တွေ့ပြီဆိုပြီး ဝမ်းသာသွားလေရော့လား။ ဘာမှ မတွေ့တော့ တယောကို ချိုးသွားတယ်။ရှေ့လဆို ကျွန်တော် အသင်းကို စတင်တည်ထောင်ခဲ့ တာ ၁၁ နှစ်ပြည့်ပြီ။ စစ်အာဏာရူးတွေဟာ မြို့ရဲ့ နှလုံးသားကို တစစီ ဆွဲဆုတ်သွားတာပဲ။

မှတ်တမ်းမှတ်ရာအဖြစ်ကျန်ပါစေ။ ကျွန်တော်တို့ပြည်သူတိုင်း ဟာနေ့စဉ် ဒီလို နာကျည်းမုန်းတီးစက်ဆုပ်စရာတွေ အပြည့်နဲ့ ကျော်ဖြတ်နေ နေရတယ်။ ကျန်းမာအောင်နေကြစို့။ အလုပ်ပိုလုပ်ကြစို့။

ညီညွတ်ကြစို့။ စစ်အာဏာရှင်စနစ်ကျဆုံးစေရမည်။ အရေးတော်ပုံအောင်ရမည်”လို့ ဦးဝေလင်းအောင်က ရေးသားထားပါတယ်။ကရုဏာရှင်လူငယ်များအသင်းဟာ မြောင်းမြမြို့မှာ သွေလှူဒါန်းခြင်း၊ လူနာတင်ကားကူညီခြင်း၊ ဆေးရုံရှိ လူနာများကို မနက်ည ဆန်ပြုတ်လှူဒါန်းခြင်းနဲ့ ကိုဗစ်ကာလ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့မှာ ဦးဆောင်၍ Facility Quarantine များဖွင့်လှစ်ကာ အခမဲ့ကူညီစောင့်ရှောက်ခြင်းတွေကို လုပ်ဆောင်ပေးခဲ့တဲ့ အသင်းဖြစ်ပါတယ်။mizzima

Mytel သုံးနှစ်ပြည့်ကို ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ကျင်းပခဲ့၊ ဗီယက်နမ်သံအမတ်လည်း တက်ရောက်ခဲ့ဟုဆို

အကြမ်းဖက်စစ်တပ်၏ အဓိကလုပ်ငန်းများထဲမှ တစ်ခုဖြစ်သော Mytel ၏ သုံးနှစ်ပြည့်အခမ်းအနားကို ပြီးခဲ့သည့် ကြာသပတေးနေ့ညက ရန်ကုန်မြို့ Lotte ဟိုတယ်တွင် ထည်ဝါစွာကျင်းပခဲ့ပြီး ဗီယက်နမ်သံအမတ်လည်း တက်ရောက်ခဲ့ကြောင်း Justice For Myanmar က ယမန်နေ့ကထုတ်ပြန်သည်။

အထူးဧည့်သည်တော်များကို လွတ်လပ်စွာမှာယူသောက်သုံးနိုင်သည့် အရက်ဘားတစ်ခုနှင့်အတူ လေးမျိုးတွဲ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး တေးဂီတဝိုင်း တီးခတ်ဖျော်ဖြေမှုများလည်း ပါဝင်ခဲ့ကြောင်းကိုလည်း ဖော်ပြထားသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား စစ်အုပ်ချုပ်ရေးအဆုံးသတ်ရေးနှင့် မြန်မာနိုင်ငံသို့ လက်နက်စီးဝင်နေမှုရပ်တန့်ရေး တောင်းဆိုသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ဇွန်လ ၁၈ ရက်နေ့ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့သည့် ဗီယက်နမ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်က ညစာစားပွဲသို့တက်ရောက်ကာ Mytel ကိုထောက်ခံအားပေးခဲ့သည်ဟု Justice For Myanmar ကဆိုသည်။

Mytel လုပ်ငန်းချဲ့ထွင်ရေးအတွက် ယခင်ကျင်းပခဲ့သော ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးများပါဝင်သည့် နိုင်ငံအနှံ့အစည်းအဝေးများတွင် ဗီယက်နမ်သံအမတ်တက်ရောက်ခြင်းဖြင့် ထောက်ခံခဲ့ပြီး ဗီယက်နမ်သံရုံးသည် Mytel တည်ထောင်မှုတွင် ဩဇာလွှမ်းမိုးနိုင်သည့် အခန်းကဏ္ဌတစ်ခုမှ ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံ၏ စတုတ္ထမြောက်မိုဘိုင်းဖုန်းအော်ပရောတာ Mytel ကို ဗီယက်နမ်အမျိုးသားကာကွယ် ရေးဝန်ကြီးဌာနအောက်ရှိ စစ်လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သော Viettel နှင့် မြန်မာစစ်တပ် စီးပွားရေးလုပ်ငန်းစုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ လက်ဝေခံကုမ္ပဏီ Star High တို့က ထိန်းချုပ်ထားခြင်းဖြစ်သည်။ Mytel ကုမ္ပဏီကို စစ်တပ်ကြိုးကိုင်ပါတီဖြစ်သော ကြံဖွံ့ပါတီ(USDP) ဦးဆောင်သည့် အစိုးရလက်ထက်တွင် ပုဂ္ဂလိက-အများပိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ Mytel ကုမ္ပဏီဖက်တွင် MEC အား အစိုးရရှယ်ယာရှင်အဖြစ် ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းလည်ပတ်မှု ၅ နှစ်အကြာ Mytel၏ ကိုယ်ပိုင်အမြတ်ငွေ ခန့်မှန်းတွက်ချက်မှုအရ စစ်တပ်အနေနှင့် ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်ဟု Justice For Myanmar ကဆိုသည်။ Lotteဟိုတယ် ရန်ကုန်သည်လည်း စစ်တပ်စီးပွားရေးလုပ်ငန်းစု စီမံကိန်းတစ်ခုဖြစ်ပြီး Posco International, Lotte နှင့် International Group of Entrepreneurs (IGE) တို့အကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့် ဖွင့်လှစ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

IGE ကုမ္ပဏီကို ယခင်စစ်အစိုးရဝန်ကြီးနှင့် ကြံ့ဖွံ့ပါတီ(USDP) ခေါင်းဆောင် အောင်သောင်း၏ သားဖြစ်သူနေအောင်က အများစုပိုင်ဆိုင်ထားပြီး အဆိုပါဟိုတယ်ကို စစ်ထောက်ချုပ်ရုံးထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

Mytel နှင့် Lotte ဟိုတယ်ကဲ့သို့သော စီးပွားရေးလုပ်ငန်းများသည် မြန်မာပြည်သူများထံမှ ခိုးယူထားသည့် အခွန်ငွေများနှင့်စစ်တပ်အား ထောက်ပံ့နေပြီး၊ ထိုငွေများကို ပြည်သူများအပေါ် ကျူးလွန်သော ရက်စက်ကြမ်းကြုပ်သည့်လုပ်ရပ်များတွင် ပြန်လည်အသုံးပြုနေခြင်းဖြစ်ကြောင်း Justice For Myanmar ကဆိုသည်။khit thit

သွေးထွက်လွန်ပြီးသေဆုံးသူကို ကိုဗစ်အကြောင်းပြ၍ ချက်ခြင်းသဂြိုလ်ခိုင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပစ်ခတ်ဖမ်းဆီးခံရပြီး သွေးထွက်လွန်သေဆုံးခဲ့သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ကို ကိုဗစ်နိုင်တင်းပိုးတွေ့သည်ဆိုကာ စစ်ကောင်စီက နေ့ချင်းဖိအားပေးသဂြိုလ်ခိုင်းခဲ့သည်။ 

အသက် ၁၉ နှစ်အရွယ် မိုင်နွမ်ဇာထျန်းမှာ ဇွန် ၂၃ ရက် ည ၉ နာရီခန့်က ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် အမျိုးသားတစ်ဦးနှင့် ဆိုင်ကယ်စီးနင်းလာစဉ် ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကာ မိုင်နွမ်ဇာထျန်းမှာ ပေါင်တွင်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ 

“သူတို့ရဲ့ ဆေးစာမှာ သွေးထွက်လွန်လို့ သေတယ်လို့တော့ရေးတယ်။ ဒါပေမယ့် ကိုဗစ်ပေါ့စတစ်ဖြစ်နေတယ်ဆိုပြီး အလောင်းကို အသေပိတ်ပြီး ကျွန်တော့်ကို ပြန်ပေးပါတယ်”ဟု သေဆုံးသူ၏ ဆွေမျိုးတစ်ဦးက Myanmar Now ကို ပြောသည်။

စစ်ကောင်စီ၏ ပစ်ခတ်ဖမ်းဆီးခံခဲ့ရသူ မိုင်နွမ်ဇာထျန်းသေဆုံးသွားကြောင်းကို မိသားစုက ကလေးမြို့ စစ်ဆေးရုံကို သွားရောက်စုံစမ်းစဉ် ဇွန် ၂၄ ရက် မွန်းလွဲပိုင်းမှသာ သိရှိခဲ့ရသည်ဟု ၎င်းက ပြောသည်။

အခင်းဖြစ်သည့် ည ၁၀ နာရီဝန်းကျင်တွင် မိုင်နွမ်ဇာထျန်း ဆေးရုံသို့ ရောက်လာပြီး တစ်နာရီနီးပါးအကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးရုံကပြောကြောင်းလည်း ၎င်းထံမှ သိရသည်။

မိုင်နွမ်ဇာထျန်းသည် ဖလမ်းမြို့နယ် ၊ ဇောနူးလ်ရွာမှ ကလေးမြို့သို့ ဆွေမျိုးတော်စပ်သူ ဆလိုင်းငွန်နိုင်ပန်၏ ဆိုင်ကယ်ဖြင့် လမ်းကြုံလိုက်လာခဲ့ခြင်းဖြစ်ပြီး နေအိမ်မှ ထွက်လာစဉ်က နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းမရှိ၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း အထက်ပါဆွေမျိုးကပင် ပြောသည်။

“သူတို့ တစ်ခုခုများ ဖုံးကွယ်ချင်လို့ အချက်အလက်ကောင်းတစ်ခု နာမည်တပ်လိုက်တဲ့သဘောပါ။ …. သူတို့ပေးတဲ့စာရယ်၊ သူတို့ပေးတဲ့အလောင်းရယ်တွေ့တော့ သူတို့ပြောတာပဲ ယုံရတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ရုပ်အလောင်းကို စစ်ဆေးရုံမှတစ်ဆင့် တာဟန်းစုပေါင်းသုဿန်သို့ သယ်ဆောင်သွားပြီး မိသားစုက ချက်ချင်းသဂြိုဟ်ခဲ့ရသည်။ မိုင်နွမ်ဇာထျန်းသည် ဆယ်တန်းအောင်မြင်ထားပြီး တက္ကသိုလ်တက်ရန် စောင့်ဆိုင်းနေဆဲကာလတွင် စစ်ကောင်စီလက်ချက်ဖြင့် ကွယ်လွန်ခဲ့ရသူဖြစ်သည်။ 

မိုင်နွမ်ဇာထျန်းစီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်ကိုမောင်းနှင်သူ အသက်၂၄ နှစ်အရွယ် ဆလိုင်းငွန်နိုင်ပန်မှာမူ စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ထို့ပြင် ယာဉ်မောင်းသင်တန်းကျောင်းအနီးရှိ ချောင်ကျသည့် လမ်းကြားတစ်ခုတွင် စစ်ကောင်စီတပ်က ဆလိုင်းငွန်နိုင်ပန်ကို စွန့်ပစ်ထားခဲ့ပြီး နောက်တစ်နေ့(ဇွန်၂၄) မနက်တွင်မှ မိသားစုက ရှာဖွေတွေ့ရှိခဲ့သည်။

“ပစ်သတ်တဲ့နေရာကနေ ကတ္တရာလမ်းပေါ်ကနေ ဆွဲချတာ။ ဆွဲတာသွေးတွေချည်းပဲ ကတ္တရာလမ်းပေါ်မှာ။ … ဟိုဘက်ချောင်ဖက်ရှိတဲ့နေရာကို ဆွဲသွားတာ။ ကျားဆွဲသလို ဆွဲသွားပြီးတော့ ချောင်နားမှာ ချထားတာ” ဟု အထက်ပါပုဂ္ဂိုလ်ကပင် ပြောပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်းတို့လက်ချက်ဖြင့် သေဆုံးသွားသူတို့ကို အလောင်းဖျောက်ခြင်း၊ ဖမ်းဆီးသွားပြီးနောက် သေဆုံးရသူတို့ကို ကိုဗစ်ဟုအကြောင်းပြမှုများ ရှိနှင့်ပြီးဖြစ်သည်။

စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ ကလေးမြို့သည် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပထမဆုံးခုခံတော်လှန်သည့် မြို့ဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများအပေါ် ပစ်ခတ်ဖြိုခွင်းသည့် စစ်ကောင်စီတပ်ဖွဲ့များကို အာခံရာတွင် အဆိုပါမြို့ရှိ တာဟန်းခံတပ်မှာ ထင်ရှားသည်။myanmar now

မန္တလေး ပြည်ကြီးတံခွန်တွင် ရာအိမ်မှူးတစ်ဦး ဓားဖြင့်ထိုးသတ်ခံရ

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (စ)ဈေးအနီးတွင် ယနေ့(ဇွန်၂၆) နံနက် ၇ နာရီခန့်က စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ 

ပြည်ကြီးတံခွန်မြို့နယ် ၅၈x ၅၉ လမ်းကြား၊ ၅၈ (C) လမ်းကျဉ်းအတွင်း ထထရပ်ကွက် ရာအိမ်မှူး ဦးညိုအေးမှာ ယနေ့ နံနက်ပိုင်းတွင် ဓားဖြင့်ထိုးခံရ၍ ဆေးရုံသို့ တင်ပို့စဉ် လမ်း၌ သေဆုံးခဲ့ရကြောင်း မြို့ခံအချို့က အတည်ပြုသည်။

“အူတွေ ဘာတွေလည်း ထွက်ကျနေတယ် ပြောတယ်။ ဆွမ်းခံကြွတဲ့ ဘုန်းကြီးလိုက်ပို့တာ။ ဘုန်းကြီးက အိမ်ထဲမှာ ဆွမ်းခံနေတုန်း သူက အပြင်မှာ ဆိုင်ကယ်နဲ့ စောင့်နေတာ။ စောင့်နေတုန်း ဓားနဲ့ထိုးသွားတာ။ ဘယ်သူကလုပ်လိုက်လဲ မသိကြဘူး”ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

၅၈ (C) လမ်းကျဉ်းအတွင်းရှိ ခွေးများမှ ရန်လိုတတ်သဖြင့် ဦးညိုအေးက အော်ဟစ်အကူအညီတောင်းချိန်တွင် ခွေးကိုက်ခံရသည်ထင်ကာ မည်သူမျှသတိမမူမိခဲ့ဟုလည်း ၎င်းက ဆက်ပြောသည်။

အခင်းဖြစ်ပွားအပြီး ထိုနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာကာ သေနတ်များပစ်ဖောက်ခြင်း၊ လမ်းအတွင်း ဝင်ရောက်စစ်ဆေးခြင်း၊ CCTV တပ်ဆင်ထားသည့် နေအိမ်များကို စုံစမ်းမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု မြို့ခံအချို့ထံမှ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မန္တလေးမြို့တွင် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများရှိနေသည့်တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ပြုလုပ်လေ့ရှိပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည်။ 

ပြီးခဲ့သည့် မေ ၂၂ရက်က မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းစဉ် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ PDF တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သည့်နည်းတူ စစ်ကောင်စီဘက်တွင်လည်း ဗိုလ်မှူးကြီးအဆင့်အရာရှိအပါအဝင် သေဆုံးသူအချို့ ရှိခဲ့သည်။ myanmar now

ကလေးမြို့တွင် သားအဖ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၂၄ နာရီ မပြည့်ခင် သားဖြစ်သူကို ကိုဗစ်ဖြင့် သေသည်ဟုဆိုကာ ချက်ချင်းသဂြိုလ်ပစ်၊ နှိပ်စက်၍ သေဆုံးခြင်းဟု မိတ်ဆွေများ ပြော

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တပ်ဦးသီတာ နယ်မြေတွင် ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ ညနေ ၃ နာရီက ဦးဇော်မြင့်နှင့်သားဖြစ်သူ မောင်ဇော်ထက်တို့ကို စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ပြီး ယနေ့ ဇွန်လ ၂၆ ရက်နေ့ မောင်ဇော်ထက် ကိုဗစ်ဖြင့် ကွယ်လွန်သည်ဟုဆိုကာ ချက်ချင်းသဂြိုလ်လိုက် ကြောင်း မိသားစုဝင်များနှင့်ဒေသခံများထံမှ သိရှိရသည်။

” ဇွန် ၂၅ ရက်နေ့ ညနေ ၃ နာရီခန့် သားအဖနှစ်‌ယောက်ကို စစ်ကောင်စီက ဖမ်းဆီး‌ခေါ်ဆောင် သွားပြီး ဒီနေ့ ဇွန် ၂၆ ရက် ညနေ ၂ နာရီခွဲလောက်မှာ သားဖြစ်သူ ဆုံးသွားပြီလို့ အကြောင်း ကြားလာပါတယ် ။

စစ်ကောင်စီက ဘက် ကိုဗစ်ကြောင့် သေတယ်ဆိုပြီး အလောင်းကို မိသားစုကိုတောင် ပေးမတွေ့ဘဲ သင်္ချိုင်းကုန်းကို ယူသွားကြပြီး မိသားစုက ဂူသွင်းသင်္ဂြိုလ်ချင်တယ်လို့ ပြောတာလည်း လက်မခံဘဲ မြေမြုပ်မယ်ဆိုတာလည်း လက်မခံဘဲ တစ်ခါတည်း မီးသင်္ဂြိုလ်ပစ်ပါတယ်”ဟုမိသားစုနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ဖမ်းဆီးသွားချိန်က မောင်ဇော်ထက်သည် ကျန်းမာရေးကောင်းမွန်ပြီး သန်သန်မာမာပင်ဖြစ်ကြောင်း၊ ဖမ်းဆီးပြီး ၁၂ နာရီအချိန်အတွင်း ကိုဗစ်ဖြင့် သေဆုံးသည်ဆိုသည်မှာ လုံး၀ လက်မခံနိုင်စရာ မရှိကြောင်း၊ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးအနေဖြင့် ၁၂ နာရီအတွင်း သေဆုံးသည်ဟုဆိုသည်မှာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းကြောင့် သာဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

“ကိုဗစ်ကူးတယ်ပဲထားဦး။ မနေ့ ညနေက ဖမ်းတာ။ ဒီနေ့ နေ့လယ်လောက်သေလို့ ညနေချက်ချင်း သဂြိုလ်တယ်ဆိုတာကြီးကတော့မဟုတ်သေးဘူး။ ကျနော်တို့ထင်ပါတယ် ဖမ်းဆီးနှိပ်စက်ပြီး သတ်ပစ်လိုက်တာပါ။ အလောင်းကိုလည်း မိသားစုကို ကြည့်ခွင့်တောင်မပေးဘဲ သဂြိုလ်ပစ်တာ။ သတ်ပြီး အလောင်းဖျောက်တာပေါ့။

အလောင်းကြည့်ခွင့်ရမယ်ဆိုရင် ဒဏ်ရာတွေတွေ့မှာကြောင့် ကိုဗစ်ဆိုတော့ ဘယ်သူမှ ပေးကြည့်စရာမလိုတော့ဘူး။

နောက်လူတွေလည်း ဒီလိုတွေ လုပ်လာဦးမှာပဲ” ဟု မောင်ဇော်ထက်မိသားစု၏ မိတ်ဆွေတစ်ဦး က ဆိုသည်။ဆက်လက်ဖမ်းဆီးခံထားရသော ဦးဇော်မြင့်၏ အခြေအနေကိုလည်း မသိရှိရသေးဘဲ ဖြစ်နေကြောင်း၊ မိသားစုဘက်က စိုးရိမ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။khit thit

ထားဝယ်တွင် ကျောင်းသားခေါင်း ဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးမှု အထိမ်းအမှတ်နှင့် စစ်အာ ဏာရှင် ဖြုတ်ချရေး ညသပိတ်ကို ယနေ့ည ချီတက် ( video)

khit thit
« Older Entries